
သောကြာည ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
ခရိုအေးရှား နှင့် ဘရာဇီး(ည ၉း၃၀)(မော်ကွန်း)
ပြီးခဲ့တဲ့အဆင့်တုန်းကဂျပန်ကိုပင်နယ်တီအဆုံးဖြတ်နဲ့ကျော်ဖြတ်လာခဲ့တဲ့ခရိုအေးရှားဟာသူတို့အသင်းသမိုင်းတစ်လျှောက်တတိယအကြိမ်မြောက်အ ဖြစ်ကမ္ဘာ့ဖလားမှာကွာတားဖိုင်နယ်ကန်ရတာပါ။ကမ္ဘာ့ဖလားကခရိုအေးရှားရဲ့ရှုံးထွက်အဆင့်နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲကအချိန်ပိုအထိရောက်ခဲ့ပါတယ်။နည်းပြဒါလစ်ရဲ့အသင်းဟာနောက်ဆုံးနိုင်ငံတကာ ၁၀ ပွဲစလုံးမှာမရှုံးခဲ့သလို ယူရို၂၀၂၀ နောက်ပိုင်းကတည်းပြိုင်ပွဲစုံပွဲ ၂၀ မှာ ၁ ပွဲသာရှုံးခဲ့တာပါ။
ကာတာပြိုင်ပွဲရဲ့ရေပန်းအစားဆုံးဖြစ်တဲ့ဘရာဇီးကလည်းနေမာပြန်ကစားနိုင်လို့ ပိုလို့တောင်အားကောင်းသွားပါတယ်။ဘရာဇီးဟာခရိုအေးရှားနဲ့ကမ္ဘာ့ဖလားတွေ့ဆုံမှု ၂ ကြိမ်စလုံးမှာနိုင်ထားပေမယ့်ဒီပြိုင်ပွဲမှာခံစစ်ပိတ်အသင်းတွေနဲ့တွေ့ရင်ဂိုးမမြူးခဲ့ပါဘူး။ပေးဂိုး ၂ ဂိုးသာရှိခဲ့တဲ့ခရိုအေးရှားကခံစစ်အသားပေးလာနိုင်လို့ ဂိုးအောက်သာအကောင်းဆုံးဖြစ်မှာပါ။
zawgyi