ခရိုအေးရှား သေချာပေါက် ဂိုးပြတ်နိုင်မယ့်ပွဲ

စနေည ဥရောဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ခရိုအေးရှား နှင့် ဆိုက်ပရပ်စ် (ည ၁၁:၃၀)(စိုင်းကို- တောင်ကြီး)

ခရိုအေးရှားအသင်းရလဒ်ဆိုးတွေ ဆက်တိုက်ရင်ဆိုင်နေရတယ်ဆိုတာခံစစ်ယိုယွင်းလို့ပါ။ကိုဗာဆစ်၊ ကရာမာရစ်တို့အစွမ်းပြမှုနဲ့အတူခရိုအေးရှားတိုက်စစ်က ဂိုးသွင်းအားရှိပါတယ်။

ဆိုက်ပရပ်စ်ကတော့ခရိုအေးရှားလို့ပဲခံစစ်ပိုင်းအမှားများတဲ့အသင်းပါ။ ဒါပေမဲ့တိုက်စစ်ပိုင်းကတော့အားပျော့လွန်းပြီးကွင်းလယ်ထိန်းကျောင်းမှုကလည်း စိတ်မချရပါဘူး။

တိုက်စစ်စွမ်းရည်အနည်းငယ်ပိုမိုသာလွန်တဲ့ ခရိုအေးရှားမှာအိမ်ရှင်အားသာချက်အခွင့်အရေးလည်းရှိနေပါတယ်။ခရိုအေးရှား သေချာပေါက်ဂိုးပြတ်နိုင်မယ့်ပွဲဖြစ်တယ်ဆိုရင်ရဲရဲကြီးယုံကြည်လိုက်စမ်းပါ။

zawgyi




