အိမ်ရှင်ဆိုပေမယ့်လည်း ချက် အနိုင်မရရှိနိုင်ဘူး

သောကြာည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချက် နှင့် ဝေးလ် (ည ၁း၁၅)(အိုဇုန်း)

အုပ်စု Eရဲ့ဒုတိယနေရာကိုယှဉ်ပြိုင်လုယူနေကြတဲ့အသင်းနှစ်သင်းရင်ဆိုင်တွေ့ဆုံမှုပါ။ပထမအကျော့တုန်းကတော့ဝေးလ်ကွင်းမှာချက်အသင်း ၁-ဝဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတယ်။တိုက်စစ်ကဘယ်လိုပဲဂိုးရရ ခံစစ်ယိုယွင်းမှုကို ပြင်ဆင်နိုင်ခြင်းမရှိတာကြောင့်ချက်အသင်းရုန်းကန်နေခဲ့ရတာဖြစ်တယ်။

ဝေးလ်ကတော့ခပ်မာမာခြေစွမ်းကို ပိုင်ဆိုင်ထားပြီးအခုနောက်ပိုင်းကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်တွေဆိုရင်ရလဒ်မဆိုးအောင်ထိန်းကစားနိုင်စွမ်းရှိတဲ့အသင်းပါ။ဝေးလ်ရဲ့တုံ့ပြန်အားကြောင့်အိမ်ရှင်ဆိုပေမယ့်လည်းချက်အနိုင်မရရှိနိုင်ဘူး။

zawgyi




