ခံစစ်အနုပညာအားပြိုင်မယ့်ပွဲလို့ ယူဆမိတယ်

အင်္ဂါည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒိန်းမတ် နှင့် အစ္စရေး (ည ၁း၁၅)(ဖိုးရာဇာ)

ဒိန်းမတ်ရောအစ္စရေးပါနှစ်သင်းစလုံးစုဖွဲ့ကစားအားနဲ့ ခြေစွမ်းပိုင်းအကောင်းဆုံးအခြေအနေကိုပိုင်ဆိုင်ထားကြတယ်။ဒိန်းမတ်တိုက်စစ်အားကောင်းလှတာမှန်ပေမယ့် အစ္စရေးရဲ့ခပ်မာမာတုံ့ပြန်အားကြောင့် ဂိုးရဖို့ အသည်းသအန်ကြိုးစားရုန်းကန်ရပါလိမ့်မယ်။

အလားတူအစ္စရေးတိုက်စစ်အနေနဲ့လည်းဒိန်းမတ်ကွင်းလယ်နဲ့ခံစစ်မာကျောမှုကိုထိုးဖောက်ဂိုးသွင်းဖို့ သိပ်တော့မဖြစ်နိုင်ဘူး။ဒါကြောင့်ခံစစ်အနုပညာအား ပြိုင်မယ့်ပွဲလို့ ယူဆမိတယ်။ နှစ်သင်းပေါင်းသွင်းဂိုးအရေအတွက် ၃ဂိုးပြည့်ဖို့ လွယ်တော့မလွယ်လှဘူး။

zawgyi




