ဒိန်းမတ်ရဲ့လူ့အခွင့်အရေးစာသားပါ အင်္ကျီကို ဝတ်ဆင်ခွင့် ပိတ်ပင်လာတဲ့ ဖီဖာ

ဒိန်းမတ်ဟာလူ့အခွင့်အရေးနှင့်ပတ်သက်တဲ့စာသားကိုနိုင်ငံရေးနှင့်သက်ဆိုင်နေတယ်ဆိုပြီးကာတာကမ္ဘာ့ဖလားပြိင်ပွဲအတွင်းတွင်လေ့ကျင့်ရေးဝတ်စုံတစ်စုံကိုဝတ်ဆင်ခွင့်ပိတ်ပင်လာပါတယ်။

ဒိန်းမတ်ဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်’Human Rights For All’ဆိုတဲ့စာသားပါလေ့ကျင့်ရေးဝတ်စုံကိုဝတ်ဆင်ခွင့်ပေးရန်ဖီဖာထံသို့တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ဖီဖာကယင်းစာသားမှာနိုင်ငံရေးနှင့်သက်ဆိုင်နေတယ်ဆိုပြီး ဝတ်ဆင်ခွင့်ပိတ်ပင်လာတဲ့အပြင်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ဘောလုံးကိုသာအာရုံစိုက်ရန်ပြောကြားခြင်းခံရပါတယ်။

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ့်ဟာကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကိုဆက်ခံပုံ၊LGBT ကန့်သတ်မှုအပေါ်ရှေ့တန်းမှာရှုံ့ချနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

၎င်းတို့ဟာကာတာနိုင်ငံအတွက်မည်သည့်အကျိုးအမြတ်မှမရရှိလာစေရန်အတွက်ကစားသမားများရဲ့မိသားစုဝင်များကိုလည်းကမ္ဘာ့ဖလားပြိုင်ပွဲသို့လိုက်ပါအားပေးခွင့်ပိတ်ပင်ထားပါတယ်။

ဒိန်းမတ်အသင်းဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ‘Human Rights For All’ ဆိုတဲ့ တလောကလုံးနှင့်သက်ဆိုင်တဲ့စာသားပါ လေ့ကျင့်ရေးဝတ်စုံဝတ်ဆင်ခွင့်မရပေမဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်မှေးမိန်အောင်ဖန်တီးထားတဲ့ ဝတ်စုံကိုဝတ်ဆင်ကစားသွားပါမယ်။

ဒါ့အပြင်ဒိန်းမအသင်းခေါင်းဆောင်ဆိုင်မွန်ခါယာဟာလည်း အခြားလက်ရွေးစင်အသင်းခေါင်းဆောင်များနှင့်အတူ One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်သွားပါမယ်။

လက်ရှိအချိန်တွင်ဥရောပနိုင်ငံများဟာဖီဖာထံသို့ LGBT ထောက်ခံတဲ့ One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခွင့်တောင်းဆိုထားပြီး ဝတ်ဆင်ခွင့်ရ/မရမသိရသေးပါဘူး။ဒါပေမဲ့တကယ်လို့များဖီဖာခွင့်မပြုလာပါကလည်းအင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကတော့ဒဏ်ရိုက်ခံကာ ဝတ်ဆင်လာမယ်လို့သိရပါတယ်။

ZawGyi

ႏိုင္ငံေရးႏွင့္သက္ဆိုင္တယ္ဆိုၿပီး ဒိန္းမတ္ရဲ႕လူ႔အခြင့္အေရးစာသားပါ အက်ႌကို ဝတ္ဆင္ခြင့္ ပိတ္ပင္လာတဲ့ ဖီဖာ

ဒိန္းမတ္ဟာလူ႔အခြင့္အေရးႏွင့္ပတ္သက္တဲ့စာသားကိုႏိုင္ငံေရးႏွင့္သက္ဆိုင္ေနတယ္ဆိုၿပီးကာတာကမာၻ႔ဖလားၿပိင္ပြဲအတြင္းတြင္ေလ့က်င့္ေရးဝတ္စုံတစ္စုံကိုဝတ္ဆင္ခြင့္ပိတ္ပင္လာပါတယ္။

ဒိန္းမတ္ဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္’Human Rights For All’ဆိုတဲ့စာသားပါေလ့က်င့္ေရးဝတ္စုံကိုဝတ္ဆင္ခြင့္ေပးရန္ဖီဖာထံသို႔ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ဖီဖာကယင္းစာသားမွာႏိုင္ငံေရးႏွင့္သက္ဆိုင္ေနတယ္ဆိုၿပီး ဝတ္ဆင္ခြင့္ပိတ္ပင္လာတဲ့အျပင္ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ေဘာလုံးကိုသာအာ႐ုံစိုက္ရန္ေျပာၾကားျခင္းခံရပါတယ္။

ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ့္ဟာကာတာရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ႏိုင္ငံျခားသားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကိုဆက္ခံပုံ၊LGBT ကန႔္သတ္မႈအေပၚေရွ႕တန္းမွာရႈံ႕ခ်ေနတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။

၎တို႔ဟာကာတာႏိုင္ငံအတြက္မည္သည့္အက်ိဳးအျမတ္မွမရရွိလာေစရန္အတြက္ကစားသမားမ်ားရဲ႕မိသားစုဝင္မ်ားကိုလည္းကမာၻ႔ဖလားၿပိဳင္ပြဲသို႔လိုက္ပါအားေပးခြင့္ပိတ္ပင္ထားပါတယ္။

ဒိန္းမတ္အသင္းဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ ‘Human Rights For All’ ဆိုတဲ့ တေလာကလုံးႏွင့္သက္ဆိုင္တဲ့စာသားပါ ေလ့က်င့္ေရးဝတ္စုံဝတ္ဆင္ခြင့္မရေပမဲ့ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ေမွးမိန္ေအာင္ဖန္တီးထားတဲ့ ဝတ္စုံကိုဝတ္ဆင္ကစားသြားပါမယ္။

ဒါ့အျပင္ဒိန္းမအသင္းေခါင္းေဆာင္ဆိုင္မြန္ခါယာဟာလည္း အျခားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္မ်ားႏွင့္အတူ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္သြားပါမယ္။

လက္ရွိအခ်ိန္တြင္ဥေရာပႏိုင္ငံမ်ားဟာဖီဖာထံသို႔ LGBT ေထာက္ခံတဲ့ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ခြင့္ေတာင္းဆိုထားၿပီး ဝတ္ဆင္ခြင့္ရ/မရမသိရေသးပါဘူး။ဒါေပမဲ့တကယ္လို႔မ်ားဖီဖာခြင့္မျပဳလာပါကလည္းအဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကေတာ့ဒဏ္႐ိုက္ခံကာ ဝတ္ဆင္လာမယ္လို႔သိရပါတယ္။