ဒိန်းမတ်ကိုပဲ အကြိုက်တွေ့မိတယ်

တနင်္ဂနွေည ဥရောဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒိန်းမတ် နှင့် မော်လ်ဒိုဗာ (ည ၁၀:၃၀)(မြန်မာပြည်ဂုရု)

နှစ်သင်းကြားလက်ရှိခြေစွမ်းအနေအထားကအတော်လေးကိုကွာခြားလွန်းလှပါတယ်။မော်လ်ဒိုဗာရဲ့ခံစစ်နဲ့ကွင်းလယ်ကအချိတ်အဆက်မမိလှဘဲဘယ်အသင်းနဲ့ပဲရင်ဆိုင်တွေ့တွေ့ဂိုးအလှူပေးနေရတယ်။မော်လ်ဒိုဗာတိုက်စစ်ကြောင်းကလည်းဘယ်သူ့ကိုအားကိုးလို့ကိုးရမှန်းမသိပါဘူး။

ဒိန်းမတ်ကတော့ အဖွင့်ပွဲစဉ်မှာအစ္စရေးကိုတောင်အသာအယာနှိပ်ကွပ်ပြနိုင်ခဲ့ပြီးကွင်းလယ်မာကျောလွန်းလှသလို ဘရိတ်ဝေတီ၊ ဝင်းတို့ရဲ့တိုက်စစ်ကလည်းဂိုးမြူးပါတယ်။အနည်းဆုံး ၃ဂိုးပြတ်နိုင်ဖို့လိုအပ်နေပေမယ့်လည်းဒိန်းမတ်ကိုပဲအကြိုက်တွေ့မိတယ်။

zawgyi




