
ရိုးမားစတားဂျီယန်လူကာမန်စီနီဟာလာဇီယိုစတားအလက်ဆီယိုရိုမက်နိုလီနှင့်ကိုယ်လုံးတီးဖြင့်ရန်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
တနင်္ဂနွေနေ့တုန်းကစတာဒီယိုအိုလံပီကိုကွင်းတွင်ရောမဒါဘီပွဲကစားခဲ့ပြီးလာဇီယိုက၁-၀ဂိုးဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။
ရိုးမားနိုင်ပွဲကြောင့်လာဇီယိုဟာချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက်များစွာမျှော်လင့်ချက်ရှိလာပါတယ်။မော်ရင်ဟိုရဲ့ရိုးမားအတွက်ကတော့ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်။
ရောမဒါဘီပွဲစဉ်တွင်ရိုးမားအသင်းဟာအဒမ်မာရူဆစ်အနီကတ်ပြအထုတ်ခံခဲ့ရပါသေးတယ်။
ဒါပေမဲ့ပွဲအပြီးတွင်လည်းပြဿနာဆက်တက်ခဲ့ပါသေးတယ်။
Corriere dello Sport ကအသက်၂၈နှစ်ရှိရိုမက်နိုလီဟာပွဲအပြီးတွင်လာဇီယိုအဝတ်အစားလဲခန်းသို့ဦးတည်မသွားဘဲရိုးမားအသင်းအဝတ်အစားလဲခန်းဘက်သို့သွားခဲ့ပါတယ်။သူဟာရိုးမားအဝတ်အစားလဲခန်းရှေ့တွင်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကြောင့်မန်စီနီဟာကိုယ်လုံးတီးဖြင့်ရောက်လာခဲ့ပြီးရိုမက်နိုလီကိုရန် မူရန်ကြိုးပမ်းခဲ့ပါတယ်။
ရောမဒါဘီပွဲအပြီးတွင်ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုနှင့်လာဇီယိုဥက္ကဌကလော်ဒီယိုလိုတီတိုတို့လည်းပြဿနာတက်ခဲ့ပါတယ်။မော်ရင်ဟိုကလိုတီတိုအား “မင်းဘာကြည့်တာလဲ”လို့ မေးမြန်းခဲ့ပါတယ်။
ယင်းကိုလိုတီတိုက “ငါကလာဇီယိုဥက္ကဌကွ။မင်းကဧည့်သည်ပါ။ဒါကငါ့အိမ်။ဒီတော့ငါကြိုက်တဲ့နေရာသွားမယ်။မင်းဒီမှာရှိမနေသင့်ဘူး”လို့ပြန်ချေပခဲ့ပါတယ်။