လိဂ် ၁ သို့ တန်းဆင်းရဖို့ရှိနေတဲ့ဒါဘီကောင်တီ

ဝိန်းရွန်းနီဦးဆောင်နေတဲ့ဒါဘီကောင်တီဟာချန်ပီယံရှစ်နောက်ဆုံးပွဲစဉ်မှာရှက်ဖီးလ်ဝင်းနက်စ်ဒေးနှင့်သရေကျပြီးရိုသာဟမ်ကကာဒစ်ဖ်ကိုအနိုင်မရရှိခဲ့မှုနဲ့အတူတန်းဆင်းရမယ့်အရေးမှသီသီလေးလွတ်မြောက်သွားခဲ့ပါတယ်။

ဒါဘီကောင်တီဟာတန်းဆင်းရမယ့်အရေးမှလွတ်မြောက်သွားခဲ့ပြီးဝိုင်ကွန်ဘီ၊ရိုသာဟမ်နှင့်ရှက်ဖီးလ်ဝင်းနက်စ်ဒေးတို့ကတန်းဆင်းသွားခဲ့ကြပါတယ်။

ဒါပေမယ့်လည်းဝိန်းရွန်းနီရဲ့အသင်းဟာFinancial Fair Play စည်းမျဉ်းကိုချိုးဖောက်ထားမှုကြောင့်လိဂ်၁သို့တန်းဆင်းရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

EFL ဟာဒါဘီကောင်တီကိုအရေးယူရန်ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်းအကယ်၍အရေးယူခြင်းခံရပါကဝိန်းရွန်းနီရဲ့အသင်းမှာယခုရာသီ(သို့မဟုတ်)လာမယ့်ရာသီတွင်ရမှတ်လျှော့ချခြင်းခံရပါမယ်။

ဒါဘီကောင်တီဟာ Financial Fair Play စည်းမျဉ်းကြောင့်ရမှတ်၃မှတ်အထိလျှော့ချခံရနိုင်ကာအကယ်၍ လျှော့ချခံရပါကတတိယတန်းသို့တန်းဆင်းရမှာဖြစ်ပါတယ်။ဒါဘီသာအမှတ်လျှော့ချခံရလျှင်ချန်ပီယံရှစ်တွင်အဆင့်၂၂နေရာတွင်ရပ်တည်နိုင်ခဲ့တဲ့ဝိုင်ကွန်ဘီမှာချန်ပီယံရှစ်တွင်တင်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

zawgyi






