ဒီဂျွန်လိုအသင်းမျိုးက ပီအက်စ်ဂျီရဲ့ပြိုင်ဘက်မဟုတ်ပါဘူး

စနေည ပြင်သစ်လီဂူး ပွဲစဉ်-၂၇ ပွဲကြိုသုံးသပ်ချက်

ဒီဂျွန် နှင့် ပီအက်စ်ဂျီ (ည ၁၀:၃၀)(ဖိုးရာဇာ)

ဇယားအောက်ဆုံးကအသင်းပီပီဒီဂျွန်ရဲ့ခြေစွမ်းညံ့ဖျင်းလွန်းပြီးလက်ရှိအချိန်သူတို့ရဲ့နောက်ဆုံး၇ပွဲဆက်တိုက်အရှုံးရလဒ်တွေရင်ဆိုင်ထားရတယ်။ဘယ်ဒီ၊ ကိုနာတီတို့ရဲ့ဒီဂျွန်တိုက်စစ်ကအသက်မဲ့လွန်းပြီး ခံစစ်ဇုန်ကတော့နဂိုတုန်းကအတိုင်းအမှားများနေဆဲဖြစ်တယ်။

ပီအက်စ်ဂျီကတော့နောက်ဆုံးပွဲစဉ်မှာ မိုနာကိုကို ရှုံးခဲ့ပေမယ့်အဲဒီပွဲမတိုင်ခင်အနိုင်ရလဒ်တွေဆက်တိုက်ရရှိခဲ့တဲ့အသင်းပါ။ ဒီဂျွန်လိုအသင်းမျိုးကပီအက်စ်ဂျီရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ ပီအက်စ်ဂျီ ဂိုးပြတ်နိုင်မယ်လို့ အာမခံတယ်။

zawgyi




