“ဂိုးပေါင်းအပေါ်က စိတ်အချရဆုံးပဲ”

စနေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

ဒေါ့မွန် နှင့် ဖရန်ဖတ် (ည ၈း၃၀)(မော်ကွန်း)

ဟာလန်းဦးဆောင်တဲ့ဒေါ့မွန်တိုက်စစ်ကဂိုးသွင်းအားထက်မြက်လွန်းပြီးဘယ်လိုခံစစ်မျိုးကိုမဆိုထိုးဖောက်နိုင်ပါတယ်။ ဒါပေမဲ့ခံစစ်ပိုင်းကတော့လုံခြုံမှုလုံးဝမရှိဘူး။

ဖရန့်ဖတ်ကိုကြည့်လိုက်ပြန်တော့လည်းတိုက်စစ်ဖွင့်လွန်းလို့နောက်တန်းပွင့်ထွက်သွားတတ်တာတွေ့ရတယ်။ ကော့စတစ်၊ ဆေးလ်ဗားတို့ရဲ့ တိုက်စစ်ကတော့ဂိုးသွင်းအားရှိပါတယ်။ ဂိုးပေါင်းအပေါ်ကစိတ်အချရဆုံးပါပဲ။

zawgyi




