အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ခွင့်ရရှိမယ်
အင်္ဂါည ချန်ပီယံလိဂ် ၁၆သင်းအဆင့်(ဒု-အကျော့) ပွဲကြိုသုံးသပ်ချက်
ဒေါ့မွန် နှင့် ဆီဗီလာ (ည ၂:၃၀)(စိုင်းကို- တောင်ကြီး)
ကွင်းလယ်နဲ့ခံစစ်ပိုင်းအမှားများမှုနဲ့အတူဆီဗီလာရဲ့ခြေစွမ်းနဲ့ရလဒ်ပိုင်းဆိုးဆိုးရွားရွားကျဆင်းနေတယ်။ဒါကြောင့်လည်းပထမအကျော့တုန်းကအိမ်ကွင်းဖြစ်တာတောင်မှဒေါ့မွန်ကို ၂-၃ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
အဲဒီပွဲအရှုံးကြောင့်အခုပွဲမှာပွဲစတယ်ဆိုကတည်းကဆီဗီလာမဖြစ်မနေတိုက်စစ်ဖွင့်ရပါလိမ့်မယ်။ခံစစ်ပိုင်းယိုယွင်းမှုကို ပြင်ဆင်နိုင်ခြင်းမရှိချိန်မှာတိုက်စစ်အသားပေးရမယ့်ပွဲကိုကစားရမှာဖြစ်လို့ ဆီဗီလာရဲ့ကစားဟန်က ကသိုင်းကရိုင်းဖြစ်နေမှာပါ။
ဒေါ့မွန်ကလည်းအိမ်ကွင်းဆိုရင်တိုက်စစ်အသားပေးနည်းဗျူဟာကစားတတ်တဲ့အသင်းဖြစ်တယ်။ဆန်ချိုအပါအဝင်ဒဏ်ရာရရှိသူတွေရှိပေမယ့်လည်း ဟာလန်းဦးဆောင်တဲ့တိုက်စစ်ကဂိုးတွေသွင်းနိုင်မယ်လို့ယုံကြည်တယ်။
ဒေါ့မွန်ခံစစ်ကလည်းပေးဂိုးတွေရှိမှာပါ။အခုပွဲရဲဂိုးပေါင်းစျေးက၃သရေဖြစ်တယ်။ အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ခွင့်ရရှိမယ်လို့ယုံကြည်တာကြောင့် ဂိုးပေါင်းအပေါ်ကိုရွေးချယ်ရမယ်။
zawgyi