ဟာလန်းရဲ့အနာဂတ်ချန်ပီယံလိဂ်ဝင်ခွင့်ပေါ်မူတည်

ဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်ဒေါ့မွန်တွင်ဆက်ကစားသွားနိုင်ကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။

အသက်၂၀နှစ်ရှိနော်ဝေတိုက်စစ်မှူးကိုမန်ယူ၊ချဲလ်ဆီး၊မန်စီးတီး၊ပီအက်စ်ဂျီ၊ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်တို့ကခေါ်ယူရန်စိတ်ဝင်စားနေကြပါတယ်။

ဒေါ့မွန်ဟာလက်ရှိအချိန်မှာဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့်၄နေရာတွင်ရပ်တည်နေပြီးအဆင့်၅နေရာမှဖရန့်ဖတ်နှင့်ရမှတ်၁မှတ်တည်းသာကွာဟနေပြီးအဆင့်၃နေရာမှဝုဖ်ဘတ်နှင့်ရမှတ်၂မှတ်ကွာဟနေပါတယ်။

နော်ဝေစတားက “ကျွန်တော့်အမြင့်ဆုံးအဆင့်မှာဘဲကစားချင်ပါတယ်။ချန်ပီယံလိဂ်ကတော့ကျွန်တော့်အရမ်းကိုအရေးပါလှပါတယ်”လို့ပြောကြားသွားပါတယ်။

ဟာလန်းဟာယခုရာသီတွင်ဒေါ့မွန်အတွက်ဘွန်ဒက်စ်လီဂါပွဲ၂၆ပွဲတွင်၂၅ဂိုးသွင်းယူထားပြီးချန်ပီယံလိဂ်၈ပွဲကစားထားရာတွင်၁၀ဂိုးသွင်းယူထားပါတယ်။

zawgyi

ဟာလန္းရဲ႕အနာဂတ္ခ်န္ပီယံလိဂ္ဝင္ခြင့္ေပၚမူတည္

ေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းကလာမယ့္ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္ေဒါ့မြန္တြင္ဆက္ကစားသြားႏိုင္ေၾကာင္းထုတ္ေဖာ္ေျပာၾကားလာပါတယ္။

အသက္၂၀ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးကိုမန္ယူ၊ခ်ဲလ္ဆီး၊မန္စီးတီး၊ပီအက္စ္ဂ်ီ၊ဘာစီလိုနာႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကေခၚယူရန္စိတ္ဝင္စားေနၾကပါတယ္။

ေဒါ့မြန္ဟာလက္ရွိအခ်ိန္မွာဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားအဆင့္၄ေနရာတြင္ရပ္တည္ေနၿပီးအဆင့္၅ေနရာမွဖရန႔္ဖတ္ႏွင့္ရမွတ္၁မွတ္တည္းသာကြာဟေနၿပီးအဆင့္၃ေနရာမွဝုဖ္ဘတ္ႏွင့္ရမွတ္၂မွတ္ကြာဟေနပါတယ္။

ေနာ္ေဝစတားက “ကြၽန္ေတာ့္အျမင့္ဆုံးအဆင့္မွာဘဲကစားခ်င္ပါတယ္။ခ်န္ပီယံလိဂ္ကေတာ့ကြၽန္ေတာ့္အရမ္းကိုအေရးပါလွပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဟာလန္းဟာယခုရာသီတြင္ေဒါ့မြန္အတြက္ဘြန္ဒက္စ္လီဂါပြဲ၂၆ပြဲတြင္၂၅ဂိုးသြင္းယူထားၿပီးခ်န္ပီယံလိဂ္၈ပြဲကစားထားရာတြင္၁၀ဂိုးသြင္းယူထားပါတယ္။