Drip Doctors ရဲ့ကစားသမားဘဝဖျက်ဆီးခံခဲ့ရတဲ့ နာဆရီ ကစားသမားဘဝမှအနားယူပြီ

ဆာမာနာဆရီဟာအသက်၃၄နှစ်အရွယ်မှာဘဲကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်း ကြေညာလာပါတယ်။မန်စီးတီးတွင်ငါးနှစ်ကြာကစားစဉ်အတွင်းပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်နှင့်လိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့နာဆရီဟာ၂၀၂၀ခုနှစ်တွင်အန်ဒါလက်ချ်အတွက်နောက်ဆုံးကစားခဲ့ဖြစ်ပြီးကာလရှည်ကလပ်လက်မဲ့ဖြစ်ပြီးနောက်ကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာအာဆင်နယ်၊ဆီဗီလာတို့လည်းကျင်လည်ခဲ့ကာ ဝက်စ်ဟမ်းတွင်လည်းခြောက်လစာချုပ်ဖြင့်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်တုန်းကလေ့စ်အိန်ဂျယ်လိစ်သို့ရောက်စဉ် Drip Doctors တစ်ဦးရဲ့ကုသမှုခံယူပြီးနောက်တားမြစ်ဆေးသုံးစွဲမှုကြောင့်၁၈လပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

နာဆရီဟာသူတစ်စုံတစ်ရာမသိဘဲ ဆရာဝန်ရဲ့ဆေးကုသမှုခံယူမှုကြောင့်၁၈လပွဲပယ်ပြစ်ဒဏ်ချမှတ်မှုခံခဲ့ရကာဘောလုံးအပေါ်သူ့အမြင်အားလုံးပြောင်းလဲသွားခဲ့တာလည်းဖြစ်ပါတယ်။

နာဆရီက “ကျွန်တော်နေမကောင်းလို့ဆိုပြီးဗီတာမင်ထိုးခဲ့တာပါ။နောက်တော့ပိုပြီးတော့မမျှတာမြင်လာရတယ်။ကျွန်တော်ဟာဘယ်တားမြစ်ဆေးမှမသုံးပါဘူး။ဒီအရေးယူမှုကကျွန်တော့်ကိုရပ်တန့်စေခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်နာဆရီကယင်းအငြင်းပွားဖွယ်ရာပွဲပယ်ပြစ်ဒဏ်ကသူ့ကစားသမားဘဝကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းလည်းယခုနှစ်အစောပိုင်းတုန်းကဖွင့်ဟခဲ့ဖူးပါတယ်။

၎င်းက “နှစ်နှစ်ပွဲပယ်ခံရနိုင်တယ်လို့လည်းသိလိုက်ရောအားလုံးပျက်စီးသွားခဲ့တာပါပဲ။အဲဒီနောက်မှာလုံးဝကစားချင်စိတ်မရှိတော့ပါဘူး။ဆမ်ပါအိုလီ(ထိုစဉ်ကဆီဗီလာနည်းပြ)ကိုလည်းပြောခဲ့တယ်။ဒါပေမယ့်သူကကျွန်တော့်ကိုကစားစေချင်သေးတယ်။ကျွန်တော်စိတ်ကုန်သွားခဲ့တယ်။အရာရာတိုင်းအပေါ်မှာဒေါသထွက်လာတယ်၊စိုးရိမ်ကြောင့်ကြလာခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

Drip Doctors ရဲ႕ကစားသမားဘဝဖ်က္ဆီးခံခဲ့ရတဲ့ နာဆရီ ကစားသမားဘဝမွအနားယူၿပီ

ဆာမာနာဆရီဟာအသက္၃၄ႏွစ္အ႐ြယ္မွာဘဲကစားသမားဘဝမွအနားယူၿပီျဖစ္ေၾကာင္း ေၾကညာလာပါတယ္။မန္စီးတီးတြင္ငါးႏွစ္ၾကာကစားစဥ္အတြင္းပရီးမီးယားလိဂ္ဖလားႏွစ္ႀကိမ္ႏွင့္လိဂ္ဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့တဲ့နာဆရီဟာ၂၀၂၀ခုႏွစ္တြင္အန္ဒါလက္ခ်္အတြက္ေနာက္ဆုံးကစားခဲ့ျဖစ္ၿပီးကာလရွည္ကလပ္လက္မဲ့ျဖစ္ၿပီးေနာက္ကစားသမားဘဝမွအနားယူရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာအာဆင္နယ္၊ဆီဗီလာတို႔လည္းက်င္လည္ခဲ့ကာ ဝက္စ္ဟမ္းတြင္လည္းေျခာက္လစာခ်ဳပ္ျဖင့္ကစားခဲ့ဖူးသူျဖစ္ပါတယ္။

သူဟာ၂၀၁၆ခုႏွစ္တုန္းကေလ့စ္အိန္ဂ်ယ္လိစ္သို႔ေရာက္စဥ္ Drip Doctors တစ္ဦးရဲ႕ကုသမႈခံယူၿပီးေနာက္တားျမစ္ေဆးသုံးစြဲမႈေၾကာင့္၁၈လပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

နာဆရီဟာသူတစ္စုံတစ္ရာမသိဘဲ ဆရာဝန္ရဲ႕ေဆးကုသမႈခံယူမႈေၾကာင့္၁၈လပြဲပယ္ျပစ္ဒဏ္ခ်မွတ္မႈခံခဲ့ရကာေဘာလုံးအေပၚသူ႔အျမင္အားလုံးေျပာင္းလဲသြားခဲ့တာလည္းျဖစ္ပါတယ္။

နာဆရီက “ကြၽန္ေတာ္ေနမေကာင္းလို႔ဆိုၿပီးဗီတာမင္ထိုးခဲ့တာပါ။ေနာက္ေတာ့ပိုၿပီးေတာ့မမွ်တာျမင္လာရတယ္။ကြၽန္ေတာ္ဟာဘယ္တားျမစ္ေဆးမွမသုံးပါဘူး။ဒီအေရးယူမႈကကြၽန္ေတာ့္ကိုရပ္တန႔္ေစခဲ့တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္နာဆရီကယင္းအျငင္းပြားဖြယ္ရာပြဲပယ္ျပစ္ဒဏ္ကသူ႔ကစားသမားဘဝကိုဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္းလည္းယခုႏွစ္အေစာပိုင္းတုန္းကဖြင့္ဟခဲ့ဖူးပါတယ္။

၎က “ႏွစ္ႏွစ္ပြဲပယ္ခံရႏိုင္တယ္လို႔လည္းသိလိုက္ေရာအားလုံးပ်က္စီးသြားခဲ့တာပါပဲ။အဲဒီေနာက္မွာလုံးဝကစားခ်င္စိတ္မရွိေတာ့ပါဘူး။ဆမ္ပါအိုလီ(ထိုစဥ္ကဆီဗီလာနည္းျပ)ကိုလည္းေျပာခဲ့တယ္။ဒါေပမယ့္သူကကြၽန္ေတာ့္ကိုကစားေစခ်င္ေသးတယ္။ကြၽန္ေတာ္စိတ္ကုန္သြားခဲ့တယ္။အရာရာတိုင္းအေပၚမွာေဒါသထြက္လာတယ္၊စိုးရိမ္ေၾကာင့္ၾကလာခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။