နယ်သာလန်တွင်စီနီယာအမျိုးသားအသင်းများတွင်အမျိုးသမီးများကိုလည်းကစားခွင့်ပြု

နယ်သာလန်တွင်အမျိုးသမီးများဟာလာမယ့်ဘောလုံးရာသီမှစတင်ကာစီနီယာအမျိုးသားအသင်းများတွင်လည်းကစားနိုင်ပြီဖြစ်ကြောင်းဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ကြေညာလာပါတယ်။

နယ်သာလန်တွင်၁၉၈၆ခုနှစ်မှစတင်ကာအသက်၁၂နှစ်အထိဘောလုံးအသင်းတွင်ယောင်္ကျားလေးနှင့်မိန်းကလေးများအတူတွဲကစားခွင့်ရှိခဲ့ပါတယ်။

၁၉၉၅ခုနှစ်တွင် Category B ကလပ်များတွင်ကစားနိုင်ခဲ့ပြီးနောက်တစ်နှစ်တွင် Category A လူငယ်အသင်းများတွင်အတူကစားခွင့်ပေးခဲ့ပါတယ်။

ယခုအခါယင်းထက်တစ်ဆင့်မြင့်ကာအမျိုးသမီးဘောလုံးကစားသမားများမှာလာမယ့်ဘောလုံးရာသီမှစတင်ပြီးအပျော်တမ်းဘောလုံးကလပ်များတွင်စီနီယာအမျိုးသားများနှင့်အတူတွဲကစားခွ၍့်ပေးလာခဲ့ပြီဖြစ်ပါတယ်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ့်ဟာအမျိုးသမီးများကိုစီနီယာအမျိုးသားအသင်းများတွင်ကစားရေးအတွက်သုသေသနပြုလုပ်မှု၊စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းကအသက်၁၉နှစ်ရှိအမျိုးသမီးကစားသမားအယ်လန်ဖော့ကီမာကိုအမျိုးသားအပျော်တမ်းအသင်းတွင်စတင်ကစားခွင့်ပေးခဲ့ပါတယ်။ဒါပေမယ့်ဒါပေမယ့်ကိုဗစ်ကြောင့်အပျော်တမ်းလိဂ်ပြိုင်ပွဲများမှာ၇ပွဲတည်းသာကစားရပြီးရပ်ဆိုင်းခဲ့ရပါတယ်။

ယခုအခါမှာတော့အမျိုးသမီးကစားသမားများဟာ၂၀၂၁-၂၂ဘောလုံးရာသီမှစတင်ကာအပျော်တမ်းစီနီယာအသင်းများတွင်ကစားခွင့်တရားဝင်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့်ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ဟာအမျိုးသမီးများကစားရာတွင်လုံခြုံစိတ်ချရမှုရှိအောင်ကလပ်များ၊ကစားသမားများကိုလမ်းညွှန်ချက်များလည်းပေးမှာဖြစ်ပါတယ်။

zawgyi

နယ္သာလန္တြင္စီနီယာအမ်ိဳးသားအသင္းမ်ားတြင္အမ်ိဳးသမီးမ်ားကိုလည္းကစားခြင့္ျပဳ

နယ္သာလန္တြင္အမ်ိဳးသမီးမ်ားဟာလာမယ့္ေဘာလုံးရာသီမွစတင္ကာစီနီယာအမ်ိဳးသားအသင္းမ်ားတြင္လည္းကစားႏိုင္ၿပီျဖစ္ေၾကာင္းဒတ္ခ်္ေဘာလုံးအဖြဲ႕ခ်ဳပ္ကထုတ္ျပန္ေၾကညာလာပါတယ္။

နယ္သာလန္တြင္၁၉၈၆ခုႏွစ္မွစတင္ကာအသက္၁၂ႏွစ္အထိေဘာလုံးအသင္းတြင္ေယာက်ၤားေလးႏွင့္မိန္းကေလးမ်ားအတူတြဲကစားခြင့္ရွိခဲ့ပါတယ္။

၁၉၉၅ခုႏွစ္တြင္ Category B ကလပ္မ်ားတြင္ကစားႏိုင္ခဲ့ၿပီးေနာက္တစ္ႏွစ္တြင္ Category A လူငယ္အသင္းမ်ားတြင္အတူကစားခြင့္ေပးခဲ့ပါတယ္။

ယခုအခါယင္းထက္တစ္ဆင့္ျမင့္ကာအမ်ိဳးသမီးေဘာလုံးကစားသမားမ်ားမွာလာမယ့္ေဘာလုံးရာသီမွစတင္ၿပီးအေပ်ာ္တမ္းေဘာလုံးကလပ္မ်ားတြင္စီနီယာအမ်ိဳးသားမ်ားႏွင့္အတူတြဲကစားခြ၍့္ေပးလာခဲ့ၿပီျဖစ္ပါတယ္။

နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ့္ဟာအမ်ိဳးသမီးမ်ားကိုစီနီယာအမ်ိဳးသားအသင္းမ်ားတြင္ကစားေရးအတြက္သုေသသနျပဳလုပ္မႈ၊စမ္းသပ္မႈျပဳလုပ္ခဲ့ပါတယ္။

နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ၂၀၂၀ခုႏွစ္၊ဩဂုတ္လတုန္းကအသက္၁၉ႏွစ္ရွိအမ်ိဳးသမီးကစားသမားအယ္လန္ေဖာ့ကီမာကိုအမ်ိဳးသားအေပ်ာ္တမ္းအသင္းတြင္စတင္ကစားခြင့္ေပးခဲ့ပါတယ္။ဒါေပမယ့္ဒါေပမယ့္ကိုဗစ္ေၾကာင့္အေပ်ာ္တမ္းလိဂ္ၿပိဳင္ပြဲမ်ားမွာ၇ပြဲတည္းသာကစားရၿပီးရပ္ဆိုင္းခဲ့ရပါတယ္။

ယခုအခါမွာေတာ့အမ်ိဳးသမီးကစားသမားမ်ားဟာ၂၀၂၁-၂၂ေဘာလုံးရာသီမွစတင္ကာအေပ်ာ္တမ္းစီနီယာအသင္းမ်ားတြင္ကစားခြင့္တရားဝင္ရရွိလာခဲ့ၿပီျဖစ္ပါတယ္။ဒါေပမယ့္ဒတ္ခ်္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအမ်ိဳးသမီးမ်ားကစားရာတြင္လုံၿခဳံစိတ္ခ်ရမႈရွိေအာင္ကလပ္မ်ား၊ကစားသမားမ်ားကိုလမ္းၫႊန္ခ်က္မ်ားလည္းေပးမွာျဖစ္ပါတယ္။