အိမ်ရှင်အောက်ကြေးလက်မနှေးပါစေနဲ့

ကြာသပတေးည ယူရိုပါလိဂ် ၁၆သင်းအဆင့်(ပ- ကျော့) အစောပိုင်းပွဲများ ပွဲကြိုသုံးသပ်ချက်

ဒိုင်နမိုကိဗ် နှင့် ဗီလာရီးရဲလ် (ည ၁၂:၂၅)(စိုင်းကို- တောင်ကြီး)

ယူကရိန်းလိဂ်ကိုထိပ်ဆုံးကဦးဆောင်နေတဲ့ဒိုင်နမိုကိဗ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဗီလာရီးရဲလ်အတွက်မတွေးရဲစရာပါပဲ။ဒိုင်နမိုကိဗ်ဟာလက်ရှိမှာစုဖွဲ့ကစားအားထက်မြက်လွန်းနေပြီးကွင်းလယ်ထိန်းကျောင်းအားကသူတို့ရဲ့အားရစရာအကောင်းဆုံးလက်နက်ဖြစ်တယ်။

တိုက်စစ်ပိုင်းကဂိုးသွင်းအားထက်မြက်လွန်းတဲ့ ဒိုင်နမိုကိဗ်ရဲ့ခံစစ်ကြောင်းကလည်းအိမ်ကွင်းဆိုရင်လုံခြုံလွန်းတာအမှန်ပါ။ဗီလာရီးရဲလ်ကတော့ခံစစ်ယိုယွင်းမှုပြဿနာဖြစ်နေပြီးသူတို့ရဲ့နောက်ဆုံး ၇ပွဲဆက်တိုက်ပထမပိုင်းကတည်းကသွင်းဂိုးတွေဖြစ်ပေါ်ခဲ့တာချည်းပါပဲ။

အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေဆိုရင်ဗီလာရီးရဲလ်ပိုပြီး ရုန်းကန်နေရတယ်။ဒိုင်နမိုကိဗ်ရဲ့ထိုးဖောက်အားကို ဗီလာရီးရဲလ်ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ဗီလာရီးရဲလ်ဘက်ကနေသရေရှုံးအကျောပေးထားမှုမှာအိမ်ရှင်အောက်ကြေးလက်မနှေးပါစေနဲ့။ ရေငုပ်သင်္ဘောကြီး အသံတောင်မမြည်နိုင်ပါဘူး။

zawgyi




