
ဘာစီလိုနာဟာယခုအပတ်အကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရမဲ့El Clasico ပွဲစဉ်တွင်ကစားသမားများဝတ်ဆင်ကစားမဲ့အထူးထုတ်အင်္ကျီကိုကြေညာလာပါတယ်။ယင်းအထူးထုတ်အင်္ကျီရဲ့အထူးဗားရှင်းကိုပေါင်၁၇၄၆ဖြင့်ရောင်းချလာပါမယ်။
ဘာစီလိုနာဟာအွန်လိုင်းဂီတဝန်ဆောင်မှုကုမ္ပဏီ Spotify နှင့်ယူရိုသန်း၂၈၀တန်စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးယင်းရဲ့အစိတ်အပိုင်းအဖြစ် El Clasico ပွဲစဉ်တွင်အထူးထုတ်အင်္ကျီကိုဝတ်ဆင်လာမှာဖြစ်ပါတယ်။
ဘာစီလိုနာဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းကရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရတဲ့ El Clasicoပွဲတွင်ကနေဒါရက်ပါ Drake ရဲ့ OVO ဇီးကွက်လိုဂိုပါအင်္ကျီကိုဝတ်ဆင်ကစားခဲ့ပါတယ်။
Spotify ဟာသူတို့ရဲ့အွန်လိုင်းဂီတဝန်ဆောင်မှုပလက်ဖောင်းတွင် Drake ရဲ့သီချင်းတွေကိုနားထောင်ခံရမှု၅၀ဘီလီယံပြည့်သွားပြီးနောက် El Clasico ပွဲစည်တွင်Drake ရဲ့ ဇီးကွက်လိုဂိုပါအင်္ကျီကိုဝတ်ဆင်ကစားသွားတာဖြစ်ပါတယ်။
ယင်းပွဲတွင်ဘာစီလိုနာဟာရီးရဲလ်မက်ဒရစ်ကို၃-၁ဂိုးဖြင့်ရှုံ့းနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ယခုလည်းဘာစီလိုနာဟာတနင်္ဂနွေနေ့El Clasicoပွဲစဉ်တွင်ကတ်တလန်မီဂါစတားရိုဆာလီယာရဲ့ Motomami အယ်ဘမ်ထွက်မှုတစ်နှစ်ပြည့်အဖြစ် ယင်းအယ်ဘမ်လိုဂိုကိုအင်္ကျီရင်ဘတ်တွင်ထည့်သွင်းဝတ်ဆင်လာတော့မှာဖြစ်ပါတယ်။
အသက်၃၀နှစ်ရှိကတ်တလန်အဆိုတော်က Spotify တွင်နားထောင်ခံရဆုံးစပိန်အဆိုတော်ဖြစ်ပြီးသူမရဲ့ Motomami အယ်ဘမ်ကတတိယနားထောင်ခံရဆုံးလည်းဖြစ်ပါတယ်။
သူမရဲ့ Motomami အယ်ဘတ်ဟာဂရမ်မီဆုပေးပွဲတွင် လက်တင်ဂရမ်မီဆု ၈ဆုအထိလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာEl Clasicoပွဲတွင်ဝတ်ဆင်လာမဲ့ပုံမှန်ဗားရှင်းကိုပေါင်၃၅၀သတ်မှတ်ထားပြီးဘာစီလိုနာအမျိုးသမီးအသင်းနှင့်အမျိုးသားအသင်းတို့မှစတားများလက်မှတ်ပါဝင်တဲ့ဗားရှင်းကိုပေါင်၁၇၄၆ဖြင့်ရောင်းချသွားပါမယ်။
ZawGyi
El Clasico တြင္ ဝတ္ဆင္မဲ့ အထူးထုတ္အက်ႌသစ္ ဘာစီလိုနာေၾကညာလာ၊ အံ့ဩစရာေကာင္းေလာက္ေအာင္ေဈးႀကီးေန
ဘာစီလိုနာဟာယခုအပတ္အကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ကစားရမဲ့El Clasico ပြဲစဥ္တြင္ကစားသမားမ်ားဝတ္ဆင္ကစားမဲ့အထူးထုတ္အက်ႌကိုေၾကညာလာပါတယ္။ယင္းအထူးထုတ္အက်ႌရဲ႕အထူးဗားရွင္းကိုေပါင္၁၇၄၆ျဖင့္ေရာင္းခ်လာပါမယ္။
ဘာစီလိုနာဟာအြန္လိုင္းဂီတဝန္ေဆာင္မႈကုမၸဏီ Spotify ႏွင့္ယူ႐ိုသန္း၂၈၀တန္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးယင္းရဲ႕အစိတ္အပိုင္းအျဖစ္ El Clasico ပြဲစဥ္တြင္အထူးထုတ္အက်ႌကိုဝတ္ဆင္လာမွာျဖစ္ပါတယ္။
ဘာစီလိုနာဟာၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလတုန္းကရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ကစားရတဲ့ El Clasicoပြဲတြင္ကေနဒါရက္ပါ Drake ရဲ႕ OVO ဇီးကြက္လိုဂိုပါအက်ႌကိုဝတ္ဆင္ကစားခဲ့ပါတယ္။
Spotify ဟာသူတို႔ရဲ႕အြန္လိုင္းဂီတဝန္ေဆာင္မႈပလက္ေဖာင္းတြင္ Drake ရဲ႕သီခ်င္းေတြကိုနားေထာင္ခံရမႈ၅၀ဘီလီယံျပည့္သြားၿပီးေနာက္ El Clasico ပြဲစည္တြင္Drake ရဲ႕ ဇီးကြက္လိုဂိုပါအက်ႌကိုဝတ္ဆင္ကစားသြားတာျဖစ္ပါတယ္။
ယင္းပြဲတြင္ဘာစီလိုနာဟာရီးရဲလ္မက္ဒရစ္ကို၃-၁ဂိုးျဖင့္ရႈံ႕းနိမ့္ခဲ့ပါတယ္။
ဒါေပမဲ့ယခုလည္းဘာစီလိုနာဟာတနဂၤေႏြေန႔El Clasicoပြဲစဥ္တြင္ကတ္တလန္မီဂါစတား႐ိုဆာလီယာရဲ႕ Motomami အယ္ဘမ္ထြက္မႈတစ္ႏွစ္ျပည့္အျဖစ္ ယင္းအယ္ဘမ္လိုဂိုကိုအက်ႌရင္ဘတ္တြင္ထည့္သြင္းဝတ္ဆင္လာေတာ့မွာျဖစ္ပါတယ္။
အသက္၃၀ႏွစ္ရွိကတ္တလန္အဆိုေတာ္က Spotify တြင္နားေထာင္ခံရဆုံးစပိန္အဆိုေတာ္ျဖစ္ၿပီးသူမရဲ႕ Motomami အယ္ဘမ္ကတတိယနားေထာင္ခံရဆုံးလည္းျဖစ္ပါတယ္။
သူမရဲ႕ Motomami အယ္ဘတ္ဟာဂရမ္မီဆုေပးပြဲတြင္ လက္တင္ဂရမ္မီဆု ၈ဆုအထိလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဘာစီလိုနာဟာEl Clasicoပြဲတြင္ဝတ္ဆင္လာမဲ့ပုံမွန္ဗားရွင္းကိုေပါင္၃၅၀သတ္မွတ္ထားၿပီးဘာစီလိုနာအမ်ိဳးသမီးအသင္းႏွင့္အမ်ိဳးသားအသင္းတို႔မွစတားမ်ားလက္မွတ္ပါဝင္တဲ့ဗားရွင္းကိုေပါင္၁၇၄၆ျဖင့္ေရာင္းခ်သြားပါမယ္။