
ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာဟာမနေ့ညတုန်းကဆန်တီယာဂိုဘာနေဗျူးကွင်းတွင်ရီးရဲလ်မက်ဒရစ်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဒိုင်လူကြီးများနှင့်အကြီးအကျယ်အချင်းများခဲ့ကြောင်းသိရပါတယ်။
မနေ့ညတုန်းက El Clasico ပွဲတွင်ဘာစီလိုနာဟာရီးရဲလ်မက်ဒရစ်ကိုမယှဉ်နိုင်ခဲ့ဘဲ ကာရမ်ဘန်ဇီးမားနှင့်ဗယ်ဗာဒီတို့ရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပြီး ဖာနန်တောရက်စ်ကနှစ်သိမ့်ဂိုးသွင်းခဲ့ပါတယ်။
ဒါပေမဲ့ပွဲအပြီးတွင်ဘာစီလိုနာဥက္ကဌလာပေါ်တာဟာဒိုင်လူကြီးကိုဒေါသထွက်ခဲ့ပါတယ်။
လာပေါ်တာဟာယင်းပွဲစဉ်တွင်ပင်နယ်တီဧရိယာအတွင်းတွင်ရောဘတ်လီဝန်ဒေါ့စကီးပြစ်ဒဏ်ကျူးလွန်ခံရမှုအားဒိုင်လူကြီးဟိုဆေးမာရီယာဆန်းချက်ဇ်မာတီနက်ဇ်ကပင်နယ်တီမပေးမှုအပေါ်ဒေါသထွက်ခဲ့ပါတယ်။
ဒါပေမဲ့ဒိုင်လူကြီးဟာယင်းနောက်ပိုင်းတွင်အဲရစ်ဂါစီယာကရိုဒရီဂိုအားပြစ်ဒဏ်ကျူးလွန်မှုကိုမူပင်နယ်တီပေးခဲ့ပါတယ်။ယင်းပင်နယ်တီမှတဆင့်ဘရာဇီးစတားရိုဒရီဂိုကရီးရဲလ်မက်ဒရစ်အတွက်တတိယဂိုးသွင်းခဲ့ပါတယ်။
ဒါကြောင့်လည်းလာပေါ်တာဟာပွဲအပြီးတွင်ဒိုင်လူကြီးအဝတ်အစားလဲခန်းအတွင်းသို့သွားရောက်ပြီး ဒိုင်လူကြီးများကိုဒေါသတကြီးအော်ဟစ်ပြောဆိုခဲ့ပြီး အခြားတာဝန်ရှိသူများကဖျောင်းဖျခေါ်ဆောင်သွားခဲ့ရကြောင်းသိရပါတယ်။ဒိုင်လူကြီးဟာယင်းဖြစ်ရပ်ကိုပွဲပြီးအစီရင်ခံစာအတွင်းတွင်ထည့်သွင်းရေးသားထားကြောင်းလည်းသိရပါတယ်။
Mundo Deportivo ရဲ့ဖော်ပြချက်အရ လာပေါ်တာဟာအထက်ပါအဖြစ်အပျက်ကြောင့် ယူရို၆၀၂မှ ယူရို၃၀၀၆အထိ ဒဏ်ရိုက်ခြင်းခံရဖို့ရှိနေသလို ၄ ပွဲမှ ၁၀ပွဲအထိပွဲကြည့်ခွင့်ပိတ်ပင်ခြင်းလည်းခံရနိုင်ကြောင်းသိရပါတယ်။
ZawGyi
El Clasico ပွဲအပြီးတွင် ဒိုင်လူကြီးအခန်းထဲဝင် သောင်းကျန်းခဲ့တဲ့ ဘာစီလိုနာဥက္ကဌလာပေါ်တာ