
ချဲလ်ဆီးတိုက်စစ်မှူးပီယာရီအီမီရစ်ခ်အူဘာမီယန်ဟာနွေရာသီကမှပြောင်းရွှေ့လာခဲ့ပေမဲ့လည်းချဲလ်ဆီးရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရပါတော့မယ်။
အူဘာမီယန်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကဘာစီလိုနာမှချဲလ်ဆီးသို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။
သူဟာဒေါ့မွန်တွင်လက်တွဲခဲ့ဖူးတဲ့သောမတ်စ်တူချယ်ရဲ့ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဂျာမန်လူမျိုးနည်းပြဟာမကြာမီမှာပင်ရာထူးမှထုတ် ပယ်ခြင်းခံရပြီးဂရေဟမ်ပေါ်တာနှင့်အစားထိုးခြင်းခံခဲ့ရပါတယ်။
သူဟာဂရေဟမ်ပေါ်တာလက်ထက်တွင်နေရာပျောက်နေမှုနှင့်အတူဇန်နဝါရီတုန်းကဘာစီလိုနာသို့ပြောင်းမယ်လို့သတင်းထွက်ခဲ့ပေမဲ့ဥရောပတွင်တစ်ရာသီတည်းမှာကလပ်သုံးခုအတွက်ကစားခွင့်မရှိရာအသင်းမပြောင်းနိုင်ခဲ့ပါဘူး။
ယခုအခါအူဘာမီယန်ရဲ့အခြေအနေမှာပိုမိုဆိုးရွားလာတော့မှာဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့အပတ်တုန်းက El Clasico ပွဲကိုသွားကြည့်မှုနှင့်အတူချဲလ်ဆီးရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရတော့မှာဖြစ်ကြောင်း Goal ကဖော်ပြလာပါတယ်။
အူဘာမီယန်ဟာ El Clasico ပွဲတွင် ဘာစီလိုနာအနိုင်ရရှိပြီးနောက်အဝတ်အစားလဲခန်းသို့အထိဝင်ရောက်ပြီးအောင်ပွဲခံခဲ့ပါသေးတယ်။
ဒါပေမဲ့ချဲလ်ဆီးဟာရာသီမကုန်မီအူဘာမီဘန်ကိုစာချုပ်ဖျက်သိမ်းလာမှာမဟုတ်ပါဘူး။ဂရေဟမ်ပေါ်တာဟာအူဘာမီယန်ကိုအသုံးမပြုရန်စီစဉ်ထားပေမဲ့လည်းအရေးပေါ်အခြေအနေကြုံလာပါကအသုံးပြုရန်စီစဉ်ထားပါတယ်။
အူဘာမီယန်ဟာချဲလ်ဆီးအတွက်၁၈ပွဲတည်းသာကစားထားရပြီး၃ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။