တန်းဆင်းဇုန်စီးချင်းထိုးပွဲမှာ အောင်ပွဲခံမှာက အလာဗက်စ်

အင်္ဂါည စပိန်လာလီဂါ ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

အယ်ချီ နှင့် အလာဗက်စ် (ည ၁၂း၃၀)(သတိုး- မှော်ဘီ)

အသင်း ၆သင်းလောက်အထိယှဉ်ပြိုင်နေကြရတဲ့ဒီရာသီလာလီဂါတန်းဆင်းဇုန်တိုက်ပွဲထဲမှာအယ်ချီနဲ့ အလာဗက်စ်တို့လည်းပါဝင်နေကြပါတယ်။တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပေမယ့်လည်းနှစ်သင်းကြားခြေစွမ်းကွာခြားလွန်းလို့ သိပ်ပြီးတော့အကြိတ်အနယ်မရှိနိုင်ဘူး။

အလာဗက်စ်ရဲ့ရလဒ်တွေကျဆင်းလာပေမယ့်လည်းခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းတည်ငြိမ်နေဆဲဖြစ်ပါတယ်။ခံစစ်ကဘယ်လိုပဲယိုယွင်းပါစေဂျိုဆီလူဦးဆောင်တဲ့ အလာဗက်စ်တိုက်စစ်ကြောင်းကတော့ ပုံမှန်ဂိုးသွင်းအားရှိပြီးသားပါ။

အယ်ချီကတော့ခံစစ်နဲ့ကွင်းလယ်ပိုင်းအားပျော့လွန်းချိန်မှာဘိုယီ၊ ဖီဒယ်တို့ရဲ့တိုက်စစ်ကပါ အသက်မဲ့လာတယ်။ အလာဗက်စ်ကိုအားပေးတာမှန်ကန်တဲ့လုပ်ရပ်ဖြစ်လိမ့်မယ်။ဒီညဖျော်ဖြေမယ့်တန်းဆင်းဇုန်စီးချင်းထိုးပွဲမှာအောင်ပွဲခံမှာကအလာဗက်စ်ပါ။

zawgyi




