စူပါဆန်းဒေးအတွက်အကောင်းဆုံးရိုက်ကွက်(၅)မျိုးဖြင့် မိတ်ဆက်ပေးခြင်း

စူပါဆန်းဒေးအတွက်အကောင်းဆုံးရိုက်ကွက်(၅)မျိုးဖြင့် မိတ်ဆက်ပေးခြင်း

Tipster Thiri Shinn Thant

ပဉ္စမမြှောက်ပွဲစဉ်အဖြစ်အယ်ချီနှင့်ဘာစီလိုနာ(၁-၅၀,၃+၅၀)တို့၏ စပိန်လာလီဂါပွဲစဉ်အားထုတ်နှုတ်တင်ပြသွားပါမည်။အယ်ချီအသင်းဟာစပိန်လာလီဂါ၏အဆင့်(၁၃)တွင်ရပ်တည်နေပြီးတန်းဆင်းဇုန်ကအသင်းကို(၈)မှတ်အထိဖြတ်ထားကြောင်းဝါသနာရှင်တွေလည်းသတိပြုမိပါလိမ့်မည်။

ဒီပွဲသာနိုင်လိုက်ရင်ဖြင့်ဘာစီလိုနာအသင်းဟာဇယားအဆင့်(၃)သို့အော်တိုရောက်ရှိသွားမှာဖြစ်ပြီးအဆင့်(၂)နေရာကဆီးဗီးလားအသင်းကိုလည်း(၆) မှတ်အကွာဖြင့်ပြန်လည်၍ ဖိအားပေးလာပါလိမ့်မည်။အယ်ချီအနေဖြင့်ဘာစီလိုနာအားအိမ်ကွင်းတွင်(၅)ကြိမ်ဧည့်ခံထားရာ(၄)ကြိမ်အရေးနိမ့်ထားပြီး (၁)ကြိမ်တော့သရေရလာဒ်ထွက်ပေါ်ထားပါသည်။ထူးခြားချက်အနေဖြင့်အဆိုပါ(၅)ကြိမ်လုံးအယ်ချီအသင်းဟာဘာကာအသင်းဘက်ကိုဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ယနေ့ည၏ဈေးကွက်အနေအထားဟာနှစ်ဘက်သွင်းဂိုးအနေဖြင့်အနိမ့်ဆုံး(၄)လုံးနှင့်(၅)လုံးကြား၊ဖြစ်ပေါ်လာနိုင်သောဂိုးပေါင်းအခင်းအကျင်းလို့သာ အကြမ်းဖျင်းအနေဖြင့်သတ်မှတ်ရပါလိမ့်မည်။လက်ရှိဘာကာ၏တိုက်စစ်မှာအော်ဘာမီယန်းလည်းဂိုးမြူးနေသလို၊ဒမ်ဘီလီလည်းဒဏ်ရာအနာတရ ကင်းစင်နေတာကြောင့်ရမှတ်လိုအပ်ချက်မရှိသည့်အိမ်ရှင်၏အနေအထားအရဘာစီလိုနာအသင်းဟာဂိုးထပ်မံ၍ မြူးအုံးမှာပါ။အယ်ချီဟာသူ့ကွင်းမှာတော့ဘာကာအသင်းကိုဂိုးသွင်းဖို့ရာအထူးရုန်းကန်နေရတာကြောင့်အဆိုပါအခြေအနေကပဲဂိုးပေါင်းရိုက်ကွက်ဟာဘွတ်မိတ်ကာ၏သော့ချက်ဖြစ်နိုင်လို့ ” Goal Over ” ပစ်မှတ်အားဖိုက်တာ(၅)အတွက်ရင်းနှီးမြှုပ်နှံသင့်ပါကြောင်း ညွှန်းပေးခဲ့ချင်ပါသည်။

zawgyi




