ဆောက်ဂိတ်ရဲ့ တောင်ပေါ်စခန်းကိုသာလွမ်း

ဆောက်ဂိတ်ရဲ့တောင်ပေါ်စခန်းကိုသာလွမ်း

Nကြယ်မင်း

England – Denmark

England 1+25

ဒီစာကို ကျွန်တော်ရေးတဲ့အချိန်မှာအီတလီဆီမီးကိုကျွန်တော်မကြည့်ရသေးပါဘူး။ ဒါကြောင့်အများမျှော်လင့်ချက်နဲ့အညီ ကြံ့ကြံ့ခံအီတလီဖြစ်ခဲ့ရဲ့လားကျွန်တော်မသိသေးပါဘူး။ ဒီမှာရော၊ အိပ်မက်ထဲကခြင်္သေ့တွေ အစဉ်အလာလှောင်အိမ်ထဲကခုန်ထွက်လာနိုင်ကြမှာတဲ့လား။ ဒီပွဲမှာအကြိုက်တရားကလုံးဝတစ်ဖက်သတ်ကြီးတော့ဖြစ်နေစရာမရှိပါဘူး။ အင်္ဂလန်ဖြစ်လိမ့်မယ်လို့အလွယ်တကူချရေးနိုင်လောက်ကြပေမယ့်မထင်မှတ်ဘဲ ဒိန်းမတ်နဲ့ဒီရေတက်လာသူတွေလည်းရှိနေပါတယ်။ အဲရစ်ဆန်လဲကျမှုမှာ ကေဂျာအပါအဝင်ဒိန်းမတ်ကစားသမားတွေ၊ ပြီးတော့ကိုပင်ဟေဂင်ကွင်းကြီးထဲကပရိသတ်တွေရဲ့လူသားဆန်မှုကဖမ်းစားခံလိုက်ရပါတယ်။

သူတို့ဆီကလူသားတစ်ယောက်ချင်းစီအပေါ်ထားရှိအပ်သောတန်ဖိုးဟာဒီကနေ့ ကျွန်တော်တို့အားလုံးငတ်နေတဲ့ခံစားမှုပဲ။ ဘယ်လ်ဂျီယံကိုဆက်ရှုံးတယ်။ သူတို့ထပ်တက်မလာနိုင်တော့ပါဘူးဆိုတာကို စာနာစိတ်နဲ့ နားလည်ပေးနိုင်ခဲ့ကြတာပေါ့။ အဲ့ဒီမှာပဲထင်မှတ်မထားတာတွေအားလုံးဖြစ်လာတဲ့ဒိန်းမတ်ပေါ့။ဂိုးပြတ်နိုင်ပွဲများနဲ့ ရဲရင့်သူတို့ခေါ်သံပေါ့။ ရုရှား၊ဝေးလ်နဲ့ ချက်တို့ဟာ ဆက်တိုက်ပေါ့။မေတ္တာအရင်းခံတောက်ပလာမှုဖြစ်တယ်။ ထူးချွန်ပြီး လုပ်ရဲကိုင်ရဲသူတွေပြည့်ဝနေတဲ့စုဖွဲ့မှုဖြစ်တယ်။ ကံတရားသွေးလိုက်မှုကလည်းသူတို့ဘက်မှာရှိနေတယ်။ ဒါကြောင့်အင်္ဂလန်ရဲ့ ယူရိုအစဉ်အလာကိုမနှစ်မြို့သူတွေ၊ အချိန်တန်ရင်ပင်နယ်တီအဆုံးအဖြတ်ခံယူရမြဲပြိုင်ပွဲဟောင်းတွေဆီဓာတ်ကူးနိုင်ခဲ့သူတွေဟာဒိန်းမတ်နဲ့ရွှေလက်တွဲဖို့အသင့်ဖြစ်လာကြပုံလည်းရပါတယ်။

၁။ ဒိန်းမတ်ကစားသမားများစွာဟာ ထိပ်တန်းအဆင့်ရှိမနေကြပါဘူး။ ဖြစ်ပေါ်လာတဲ့အကြောင်းရင်းနဲ့ ပြိုင်ဘက်အဆင့်အတန်းတွေကြောင့်ဒီအထိရောက်လာတာလို့ကျွန်တော်ကောက်ချက်ဆွဲလိုပါတယ်။ယူရိုဟာပရီးမီးယားလိဂ်ဆိုပါစို့၊ အင်္ဂလန်ဟာအနိမ့်ဆုံးသောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးအဆင့်ဖြစ်ပြီးဒိန်းမတ်ကဘီရဲလ်ဆာရဲ့လိဒ်စ်အဆင့်လောက်ပဲသတ်မှတ်နိုင်ပါလိမ့်မယ်။ လိဒ်စ်လည်းချဲလ်ဆီးကိုနိုင်သွားနိုင်တာပဲမဟုတ်လားဆိုပေမယ့် အဲ့ဒါကပုံမှန်မဟုတ်ပါဘူး။ ပုံမှန်မဟုတ်သောလွတ်မြောက်နိုင်မှုကို ကျွန်တော်တို့ထည့်တွက်လို့မရနိုင်ပါဘူး။

၂။ ဆောက်ဂိတ်အင်္ဂလန်ဟာလွန်လေပြီးသောခြင်္သေ့များနဲ့ကွဲပြားမှုရှိပါတယ်။ သူရဲကောင်းတွေယောက်ယက်ခပ်မနေဘူး။ ပွဲရလဒ်တွေဟာခုန်မနေခဲ့ဘဲ မျဉ်းဖြောင့်ဆန်ခဲ့တယ်။ ဒီပြိုင်ပွဲထက်သာမကရှေးအင်္ဂလန်တွေမလုပ်နိုင်ခဲ့တဲ့ခံစစ်စံချိန်တွေပိုင်ဆိုင်ခဲ့တယ်။ပွဲကြိုအင်္ဂါရပ်တွေစုံစုံလင်လင်နဲ့ ကျွန်တော်တည်ဆောက်ပြနေစရာလိုဦးမယ်မထင်ပါဘူး။ မိတ်ဆွေရဲ့ ရင်းရရင် (-25)ပေါ့ဆိုတဲ့ အင်္ဂလန်တွေဂိုးမက်မှုအားနည်းပုံကိုကောက်ယူပြီး ဒိန်းမတ်ရောက်သွားရင်လည်း ကျွန်တော်သဘောတူရပါမယ်။ ဒါပေမဲ့ကျွန်တော်တစ်ယောက်အနေနဲ့ကတော့ဝင်ဘလေလမ်းကြောင်းပေါ်ကအင်္ဂလန်ကိုဆွတ်ဖို့စိတ်အားထက်သန်စွာရှိနေပါတယ်။

zawgyi

ေဆာက္ဂိတ္ရဲ႕ေတာင္ေပၚစခန္းကိုသာလြမ္း

Nၾကယ္မင္း

England – Denmark

England 1+25

ဒီစာကို ကြၽန္ေတာ္ေရးတဲ့အခ်ိန္မွာ အီတလီဆီမီးကိုကြၽန္ေတာ္မၾကည့္ရေသးပါဘူး။ ဒါေၾကာင့္ အမ်ားေမွ်ာ္လင့္ခ်က္နဲ႔အညီ ႀကံ့ႀကံ့ခံအီတလီျဖစ္ခဲ့ရဲ႕လားကြၽန္ေတာ္မသိေသးပါဘူး။ ဒီမွာေရာ၊ အိပ္မက္ထဲကျခေသၤ့ေတြ အစဥ္အလာေလွာင္အိမ္ထဲက ခုန္ထြက္လာႏိုင္ၾကမွာတဲ့လား။ ဒီပြဲမွာ အႀကိဳက္တရားက လုံးဝတစ္ဖက္သတ္ႀကီးေတာ့ျဖစ္ေနစရာမရွိပါဘူး။ အဂၤလန္ျဖစ္လိမ့္မယ္လို႔အလြယ္တကူခ်ေရးႏိုင္ေလာက္ၾကေပမယ့္မထင္မွတ္ဘဲ ဒိန္းမတ္နဲ႔ဒီေရတက္လာသူေတြလည္းရွိေနပါတယ္။ အဲရစ္ဆန္လဲက်မႈမွာ ေကဂ်ာအပါအဝင္ ဒိန္းမတ္ကစားသမားေတြ၊ ၿပီးေတာ့ ကိုပင္ေဟဂင္ကြင္းႀကီးထဲက ပရိသတ္ေတြရဲ႕လူသားဆန္မႈက ဖမ္းစားခံလိုက္ရပါတယ္။ သူတို႔ဆီက လူသားတစ္ေယာက္ခ်င္းစီအေပၚ ထားရွိအပ္ေသာတန္ဖိုးဟာ ဒီကေန႔ ကြၽန္ေတာ္တို႔အားလုံးငတ္ေနတဲ့ခံစားမႈပဲ။ ဘယ္လ္ဂ်ီယံကိုဆက္ရႈံးတယ္။ သူတို႔ထပ္တက္မလာႏိုင္ေတာ့ပါဘူးဆိုတာကို စာနာစိတ္နဲ႔ နားလည္ေပးႏိုင္ခဲ့ၾကတာေပါ့။ အဲ့ဒီမွာပဲ ထင္မွတ္
မထားတာေတြအားလုံးျဖစ္လာတဲ့ ဒိန္းမတ္ေပါ့။ဂိုးျပတ္ႏိုင္ပြဲမ်ားနဲ႔ ရဲရင့္သူတို႔ေခၚသံေပါ့။ ႐ုရွား၊ေဝးလ္နဲ႔ ခ်က္တို႔ဟာ ဆက္တိုက္ေပါ့။ေမတၱာအရင္းခံေတာက္ပလာမႈျဖစ္တယ္။ ထူးခြၽန္ၿပီး လုပ္ရဲကိုင္ရဲသူေတြျပည့္ဝေနတဲ့ စုဖြဲ႕မႈျဖစ္တယ္။ ကံတရားေသြးလိုက္မႈကလည္း သူတို႔ဘက္မွာရွိေနတယ္။ ဒါေၾကာင့္ အဂၤလန္ရဲ႕ ယူ႐ိုအစဥ္အလာကိုမႏွစ္ၿမိဳ႕သူေတြ၊ အခ်ိန္တန္ရင္ ပင္နယ္တီအဆုံးအျဖတ္ခံယူရၿမဲ ၿပိဳင္ပြဲေဟာင္းေတြဆီ ဓာတ္ကူးႏိုင္ခဲ့သူေတြဟာ ဒိန္းမတ္နဲ႔ေ႐ႊလက္တြဲဖို႔အသင့္ျဖစ္လာၾကပုံလည္းရပါတယ္။

၁။ ဒိန္းမတ္ကစားသမားမ်ားစြာဟာ ထိပ္တန္းအဆင့္ရွိမေနၾကပါဘူး။ ျဖစ္ေပၚလာတဲ့အေၾကာင္းရင္းနဲ႔ ၿပိဳင္ဘက္အဆင့္အတန္းေတြေၾကာင့္ ဒီအထိေရာက္လာတာလို႔ ကြၽန္ေတာ္ေကာက္ခ်က္ဆြဲလိုပါတယ္။ ယူ႐ိုဟာ ပရီးမီးယားလိဂ္ဆိုပါစို႔၊ အဂၤလန္ဟာ အနိမ့္ဆုံး ေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးအဆင့္ျဖစ္ၿပီး ဒိန္းမတ္က ဘီရဲလ္ဆာရဲ႕လိဒ္စ္အဆင့္ေလာက္ပဲသတ္မွတ္ႏိုင္ပါလိမ့္မယ္။ လိဒ္စ္လည္း ခ်ဲလ္ဆီးကိုႏိုင္သြားႏိုင္တာပဲမဟုတ္လားဆိုေပမယ့္ အဲ့ဒါကပုံမွန္မဟုတ္ပါဘူး။ ပုံမွန္မဟုတ္ေသာလြတ္ေျမာက္ႏိုင္မႈကို ကြၽန္ေတာ္တို႔ထည့္တြက္လို႔မရႏိုင္ပါဘူး။

၂။ ေဆာက္ဂိတ္အဂၤလန္ဟာ လြန္ေလၿပီးေသာျခေသၤ့မ်ားနဲ႔ကြဲျပားမႈရွိပါတယ္။ သူရဲေကာင္းေတြေယာက္ယက္ခပ္မေနဘူး။ ပြဲရလဒ္ေတြဟာ ခုန္မေနခဲ့ဘဲ မ်ဥ္းေျဖာင့္ဆန္ခဲ့တယ္။ ဒီၿပိဳင္ပြဲထက္သာမက ေရွးအဂၤလန္ေတြမလုပ္ႏိုင္ခဲ့တဲ့ ခံစစ္စံခ်ိန္ေတြပိုင္ဆိုင္ခဲ့တယ္။ပြဲႀကိဳအဂၤါရပ္ေတြစုံစုံလင္လင္နဲ႔ ကြၽန္ေတာ္တည္ေဆာက္ျပေနစရာလိုဦးမယ္မထင္ပါဘူး။ မိတ္ေဆြရဲ႕ ရင္းရရင္ (-25)ေပါ့ဆိုတဲ့ အဂၤလန္ေတြဂိုးမက္မႈအားနည္းပုံကိုေကာက္ယူၿပီး ဒိန္းမတ္ေရာက္သြားရင္လည္း ကြၽန္ေတာ္သေဘာတူရပါမယ္။ ဒါေပမဲ့ ကြၽန္ေတာ္တစ္ေယာက္အေနနဲ႔ကေတာ့ဝင္ဘေလလမ္းေၾကာင္းေပၚက အဂၤလန္ကိုဆြတ္ဖို႔စိတ္အားထက္သန္စြာရွိေနပါတယ္။