အင်္ဂလန်ရဲ့အနိုင်ရလဒ် ပြတ်သားပါလိမ့်မယ်

အင်္ဂါည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အင်္ဂလန် နှင့် ဟန်ဂေရီ (ည ၁း၁၅)(အိုဇုန်း)

ဟန်ဂေရီရဲ့ခြေစွမ်းကျဆင်းလာမှုကစိတ်ပျက်စရာကောင်းလှပြီးခံစစ်နဲ့ ကွင်းလယ်ပိုင်းအချိတ်အဆက်မမိဖြစ်နေတာတွေ့ရတယ်။တိုက်စစ်ပိုင်းကဆိုရင်လည်းဂိုးသွင်းအားကျဆင်းလာနေတာကြောင့်ဟန်ဂေရီဟာဘယ်လိုပြိုင်ဘက်နဲ့ပဲတွေ့တွေ့ ရုန်းကန်နေရတာပါ။

အင်္ဂလန်ကတော့ခံစစ်ပိုင်းလုံခြုံလွန်းနေပြီးကွင်းလယ်နဲ့တိုက်စစ်ကလည်းအတော်လေးတိုးတက်ကောင်းမွန်နေတဲ့အသင်းဖြစ်တယ်။နှစ်သင်းကြားလူအင်အားနဲ့ ခြေစွမ်းပိုင်းကွာခြားလွန်းပြီးအိမ်ရှင်လည်းဖြစ်တာကြောင့်အင်္ဂလန်ရဲ့အနိုင်ရလဒ်ပြတ်သားပါလိမ့်မယ်။

zawgyi




