ခြင်္သေ့သုံးကောင် လာဘ်ကိုမဆောင်ကြပါနဲ့
တနင်္ဂနွေည နိုင်ငံတကာခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
အင်္ဂလန် နှင့် ရိုမေးနီးယား (ည ၁၀း၃၀)(စိုင်းကို တောင်ကြီး)
အင်္ဂလန်ကိုကြည့်ရတာတိုက်စစ်ကဂိုးတွေသွင်းယူနိုင်ဖို့ထက်ခံစစ်ပိုင်းလုံခြုံမှုရှိအောင်ဦးစားပေးကစားနေသလိုပါပဲ။ဟာရီကိန်း၊ ရက်ရှ်ဖို့ဒ်၊ စတာလင်တို့ရဲ့တိုက်စစ်က သြစတြီးယားလိုခံစစ်ယိုယွင်းလွန်းပါတယ်ဆိုတဲ့အသင်းကိုတောင်တစ်ဂိုးတည်းသွင်းယူနိုင်ခဲ့တဲ့အင်္ဂလန်တိုက်စစ်ကအားရပါးရမရှိလှဘူး။
ဒါကြောင့်ရိုမေးနီးယားရဲ့ခံစစ်ကြောင်းအမှားများလွန်းတယ်ဆိုပေမယ့်လည်းအင်္ဂလန်တိုက်စစ်ကအစွမ်းပြဖို့ခက်ပါလိမ့်မယ်။ကီဆီယူအပေါ် မှီခိုလွန်းတဲ့ ရိုမေးနီးယားတိုက်စစ်ကလည်းအင်္ဂလန်ခံစစ်လုံခြုံမှုကို ထိုးဖောက်ဖို့မလွယ်ဘူး။
ဒါပေမဲ့အင်္ဂလန်တိုက်စစ်ကို ဂိုးတွေအများကြီးမပေးရအောင်တော့လုပ်ပြနိုင်မှာပါ။ဂိုးပြတ်နိုင်မှ အင်္ဂလန်ပျော်ရမှာဖြစ်လို့ ရိုမေးနီးယားကိုကြိုက်တယ်။ခြင်္သေ့သုံးကောင် လာဘ်ကိုမဆောင်ကြပါနဲ့ဦး။
zawgyi