ကမ္ဘာ့ဖလားကွာတားမှလှည့်ပြန်ခဲ့ရပြီးနောက် အင်္ဂလန်နည်းပြအနာဂတ်ကို ဆောက်ဂိတ်ဖွင့်ဟလာ

အင်္ဂလန်နည်းပြဆောက်ဂိတ်ကကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှလှည့်ပြန်ခဲ့ရပြီးနောက်သူ့အနာဂတ်အားမဆုံးဖြတ်မီအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့်ဆွေးနွေးသုံးသပ်မှုပြုလုပ်သွားဦးမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

အသက်၅၂နှစ်ရှိဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို၂၀၁၆ခုနှစ်ကတည်းကကိုင်တွယ်လာခဲ့သူဖြစ်ပြီးစာချုပ်သက်တမ်းမှာယူရို၂၀၂၄ပြိုင်ပွဲအပြီးတွင်မှကုန်ဆုံးပါမယ်။

ဆောက်ဂိတ်ဦးဆောင်တဲ့အင်္ဂလန်ဟာမနေ့ညတုန်းကပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပါတယ်။

ဆောက်ဂိတ်က “ဒီလိုပြိုင်ပွဲတွေကကိုယ့်စွမ်းအားတွေအများကြီးထုတ်ယူပါတယ်။ဒီတော့ကျွန်တော့်အနေနဲ့အချိန်ယူရပါမယ်။ပြိုင်ပွဲကြီးပြီးဆုံးတိုင်းကျွန်တော်တို့ပြန်လည်သုံးသပ်မှုတွေပြုလုပ်လေ့ရှိပါတယ်။ပြီးရင်တော့သင့်တော်တာကိုဆုံးဖြတ်ပါတယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းများဖြစ်ကြတဲ့ဂယ်ရီနဗီးလ်၊ အီရန်ရိုက်နှင့် အိုင်ယာလန်အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းတို့ကမူ ဆောက်ဂိတ်ကို အင်္ဂလန်နည်းပြအဖြစ်ဆက်မြင်တွေ့လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို ၂၀၁၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဆီမီးဖိုင်နယ်သို့လည်းကောင်း၊ယူရို၂၀၂၀ပြိုင်ပွဲတွင်ဗိုလ်လုပွဲသို့လည်းကောင်းပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

မနေ့ညကပွဲတွင်ပြင်သစ်ဟာချူကွာမီနီရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးဟယ်ရီကိန်းကပင်နယ်တီဂိုးဖြင့်ပြန်လည်ချေပခဲ့ပါတယ်။ယင်းနောက်ဂျရူးကပြင်သစ်အတွက်ဦးဆောင်ဂိုးထပ်သွင်းခဲ့ပါတယ်။ဟယ်ရီကိန်းဟာဒုတိယမြောက်ပင်နယ်တီမှချေပဂိုးထပ်မံသွင်းနိုင်တဲ့အနေအထားကြုံခဲ့ပေမဲ့လည်းပင်နယ်တီလွဲချော်သွားခဲ့ပါတယ်။

zawgyi

ကမာၻ႔ဖလားကြာတားမွလွည့္ျပန္ခဲ့ရၿပီးေနာက္ အဂၤလန္နည္းျပအနာဂတ္ကို ေဆာက္ဂိတ္ဖြင့္ဟလာ

အဂၤလန္နည္းျပေဆာက္ဂိတ္ကကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွလွည့္ျပန္ခဲ့ရၿပီးေနာက္သူ႔အနာဂတ္အားမဆုံးျဖတ္မီအဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ေဆြးေႏြးသုံးသပ္မႈျပဳလုပ္သြားဦးမည္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

အသက္၅၂ႏွစ္ရွိေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို၂၀၁၆ခုႏွစ္ကတည္းကကိုင္တြယ္လာခဲ့သူျဖစ္ၿပီးစာခ်ဳပ္သက္တမ္းမွာယူ႐ို၂၀၂၄ၿပိဳင္ပြဲအၿပီးတြင္မွကုန္ဆုံးပါမယ္။

ေဆာက္ဂိတ္ဦးေဆာင္တဲ့အဂၤလန္ဟာမေန႔ညတုန္းကျပင္သစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရပါတယ္။

ေဆာက္ဂိတ္က “ဒီလိုၿပိဳင္ပြဲေတြကကိုယ့္စြမ္းအားေတြအမ်ားႀကီးထုတ္ယူပါတယ္။ဒီေတာ့ကြၽန္ေတာ့္အေနနဲ႔အခ်ိန္ယူရပါမယ္။ၿပိဳင္ပြဲႀကီးၿပီးဆုံးတိုင္းကြၽန္ေတာ္တို႔ျပန္လည္သုံးသပ္မႈေတြျပဳလုပ္ေလ့ရွိပါတယ္။ၿပီးရင္ေတာ့သင့္ေတာ္တာကိုဆုံးျဖတ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေဟာင္းမ်ားျဖစ္ၾကတဲ့ဂယ္ရီနဗီးလ္၊ အီရန္႐ိုက္ႏွင့္ အိုင္ယာလန္အသင္းေခါင္းေဆာင္ေဟာင္း႐ြိဳင္ကိန္းတို႔ကမူ ေဆာက္ဂိတ္ကို အဂၤလန္နည္းျပအျဖစ္ဆက္ျမင္ေတြ႕လိုေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို ၂၀၁၆ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဆီမီးဖိုင္နယ္သို႔လည္းေကာင္း၊ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဗိုလ္လုပြဲသို႔လည္းေကာင္းပို႔ေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။

မေန႔ညကပြဲတြင္ျပင္သစ္ဟာခ်ဴကြာမီနီရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးဟယ္ရီကိန္းကပင္နယ္တီဂိုးျဖင့္ျပန္လည္ေခ်ပခဲ့ပါတယ္။ယင္းေနာက္ဂ်႐ူးကျပင္သစ္အတြက္ဦးေဆာင္ဂိုးထပ္သြင္းခဲ့ပါတယ္။ဟယ္ရီကိန္းဟာဒုတိယေျမာက္ပင္နယ္တီမွေခ်ပဂိုးထပ္မံသြင္းႏိုင္တဲ့အေနအထားႀကဳံခဲ့ေပမဲ့လည္းပင္နယ္တီလြဲေခ်ာ္သြားခဲ့ပါတယ္။