လှေနံနှစ်ဖက်နင်းတဲ့ အာဆင်နယ်ကို အင်္ဂလန်ပရိသတ်များ အပြင်းအထန်ဝေဖန်

အင်္ဂလန်ပရိသတ်များဟာပြင်သစ်ကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှထွက်ခဲ့ရပြီးနောက်ပို့စ်တင်လာတဲ့အာဆင်နယ်အသင်းကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်လာခဲ့ပါတယ်။

အင်္ဂလန်ဟာမနေ့ညတုန်းကပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပါတယ်။

အဆိုပါပွဲတွင်နောက်ကျပင်နယ်တီလွဲချော်ခဲ့တဲ့ဟယ်ရီကိန်းမှာပိုမိုနာကျင်ရပါလိမ့်မယ်။

ပွဲအပြီးတွင်ဟယ်ရီကိန်းနှင့်အင်္ဂလန်စတားတို့ဟာကွင်းအတွင်းငိုယိုခဲ့ကြပါတယ်။

ဒါပေမဲ့မြောက်လန်ဒန်ကလပ်ရဲ့စိတ်ထဲမှာတော့အခြားအရာတစ်ခုရှိနေပါတယ်။

အာဆင်နယ်ဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့တက်သွားတဲ့ပြင်သစ်နောက်ခံလူဝီလီယမ်ဆာလီဘာကိုဂုဏ်ပြုတဲ့ပို့စ်တင်လာပါတယ်။အာဆင်နယ်ဟာဆာလီဘာရဲ့ဓာတ်ပုံကိုအသုံးပြုပြီး “Our Wilo. A World Cup semi-finalist.”ဆိုပြီးပို့စ်တင်သွားပါတယ်။

ဒါကြောင့်လည်းချက်ချင်းပင်အင်္ဂလန်ပရိသတ်များဟာအာဆင်နယ်ရဲ့ယင်းပို့စ်ကိုအပြင်းအထန်တိုက်ခိုက်မှုပြုလုပ်လာကြပါတယ်။

ဘောလုံးပရိသတ်တစ်ဦးက “အခုအချိန်မှာအာဆင်နယ်ပရိသတ်မဖြစ်ချင်ဘူး”လို့ပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း “သစ္စာဖောက်။ခင်ဗျားတို့အင်္ဂလိပ်အသင်းတစ်သင်းပါ”လို့ဆိုသွားပါတယ်။

အသက်၂၁နှစ်ရှိဝီလီယမ်ဆာလီဘာဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြင်သစ်လူစာရင်းမှာပါဝင်ပါတယ်။ဒါပေမဲ့သူဟာတူနီးရှားကို၁-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတစ်ပွဲတည်းသာကစားခွင့်ရထားပါတယ်။

zawgyi

ေလွနံႏွစ္ဖက္နင္းတဲ့ အာဆင္နယ္ကို အဂၤလန္ပရိသတ္မ်ား အျပင္းအထန္ေဝဖန္

အဂၤလန္ပရိသတ္မ်ားဟာျပင္သစ္ကိုရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္မွထြက္ခဲ့ရၿပီးေနာက္ပို႔စ္တင္လာတဲ့အာဆင္နယ္အသင္းကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္လာခဲ့ပါတယ္။

အဂၤလန္ဟာမေန႔ညတုန္းကျပင္သစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရပါတယ္။

အဆိုပါပြဲတြင္ေနာက္က်ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ဟယ္ရီကိန္းမွာပိုမိုနာက်င္ရပါလိမ့္မယ္။

ပြဲအၿပီးတြင္ဟယ္ရီကိန္းႏွင့္အဂၤလန္စတားတို႔ဟာကြင္းအတြင္းငိုယိုခဲ့ၾကပါတယ္။

ဒါေပမဲ့ေျမာက္လန္ဒန္ကလပ္ရဲ႕စိတ္ထဲမွာေတာ့အျခားအရာတစ္ခုရွိေနပါတယ္။

အာဆင္နယ္ဟာကမာၻ႔ဖလားဆီမီးဖိုင္နယ္သို႔တက္သြားတဲ့ျပင္သစ္ေနာက္ခံလူဝီလီယမ္ဆာလီဘာကိုဂုဏ္ျပဳတဲ့ပို႔စ္တင္လာပါတယ္။အာဆင္နယ္ဟာဆာလီဘာရဲ႕ဓာတ္ပုံကိုအသုံးျပဳၿပီး “Our Wilo. A World Cup semi-finalist.”ဆိုၿပီးပို႔စ္တင္သြားပါတယ္။

ဒါေၾကာင့္လည္းခ်က္ခ်င္းပင္အဂၤလန္ပရိသတ္မ်ားဟာအာဆင္နယ္ရဲ႕ယင္းပို႔စ္ကိုအျပင္းအထန္တိုက္ခိုက္မႈျပဳလုပ္လာၾကပါတယ္။

ေဘာလုံးပရိသတ္တစ္ဦးက “အခုအခ်ိန္မွာအာဆင္နယ္ပရိသတ္မျဖစ္ခ်င္ဘူး”လို႔ေျပာၾကားသြားပါတယ္။

အျခားတစ္ဦးကလည္း “သစၥာေဖာက္။ခင္ဗ်ားတို႔အဂၤလိပ္အသင္းတစ္သင္းပါ”လို႔ဆိုသြားပါတယ္။

အသက္၂၁ႏွစ္ရွိဝီလီယမ္ဆာလီဘာဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ျပင္သစ္လူစာရင္းမွာပါဝင္ပါတယ္။ဒါေပမဲ့သူဟာတူနီးရွားကို၁-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲတစ္ပြဲတည္းသာကစားခြင့္ရထားပါတယ္။