
ကမ္ဘာ့ဖလားဖွင့်ပွဲကိုကာတာနဲ့မစဘူးအင်္ဂလန်နဲ့စမယ်
Your Judges with 3D
🈁 Nကြယ်မင်း ဟန်စိုးသွေး မင်းနဒီ(Change)
World Cup ကတော့တကယ်ပဲစတင်လိုက်ပါပြီ။အလိုမတူသူတွေရှိမယ်။ သပိတ်မှောက်ဖို့ လှုံံ့ဆော်သံတွေကြားရမယ်။ လူ့အခွင့်အရေးချိုးဖောက်ခဲ့သောကမ္ဘာ့ဖလားအဖြစ်သမိုင်းတွင်သွားတော့မှာသိပါတယ်။ ဒါပေမဲ့ဒါကကျနော်တို့စီးဆင်းခဲ့ရာမြစ်ကြီးပါ။ ကျနော်တို့ရဲ့ဖျော်ဖြေရေးနဲ့ အသက်မွေးမှုလည်းဖြစ်ပါတယ်။ ဒါကြောင့်ဒီပြိုင်ပွဲနဲ့ပတ်သက်ရာတွေကိုတင်ဆက်သွားဖို့မပျက်မကွက်ရှိခဲ့ရတာနားလည်ပေးကြစေလိုပါတယ်။
ဒါက 3D အပါအဝင်ပါပဲ။ ဒီတစ်ပတ်မှာတော့ PM Online Journal ကို စနေမှာဖြန့်လိုက်ချင်တာကြောင့်ပုံမှန်အတိုင်း ၃ပွဲသွားဖို့ အခက်အခဲရှိပါတယ်။အင်္ဂါနေ့မှာပုံမှန်အတိုင်းနောက်တစ်စောင်ထွက်လာဖို့ရှိတာကြောင့်တနင်္ဂနွေနဲ့ တနင်္လာနှစ်ညထဲကအကောင်းဆုံး၃ပွဲဆွဲထုတ်ဖို့ရာမလွယ်ကူပါဘူး။ဒါကြောင့်ဒီတစ်ပတ်မှာအင်္ဂလန်နဲ့ အီရန်ပွဲတစ်ပွဲတည်းကိုမိတ်ဆက်သဘောခန့်မှန်းပေးလိုက်ကြပါတယ်။
ဒီတစ်ပတ် 3D ကစလို့ကမ္ဘာ့ဖလားသီးသန့်သွားချင်တာကြောင့်လိဂ်ပွဲတွေမှာတင်ဆက်ခဲ့သလိုမျိုးဆရာသမားသုံးဦးအပြိုင်ဇယားလေးခဏနားထားချင်ပါတယ်။တစ်ပတ်ချင်းမှာသူတို့ဘယ်လိုထွန်းလင်းခဲ့ကြသလဲဆိုတာလေးကိုကျနော်တို့PM အယ်ဒီတာအဖွဲ့ကပြန်ကြားတင်ပြပေးသွားပါမယ်။ကာတာကို မယုံလည်းဘောလုံးကိုယုံခဲ့တယ်ဆိုရမလားမသိပါဘူး။ ဘာနေနေဒီပြိုင်ပွဲမှာတော့ဘောလုံးကိုဘောလုံးလိုပဲချဉ်းကပ်တိုးဝှေ့သွားကြဖို့သာရှိပါတယ်။
အင်္ဂလန် – အီရန် (အင်္ဂလန်(1-60)
Nကြယ်မင်း
အင်္ဂလန်ရဲ့အနီးဆုံးပြိုင်ပွဲဟာနေးရှင်းလိဂ်ဖြစ်ခဲ့ပြီးအဲ့ဒီမှာသူတို့ကျဆုံးခဲ့ပါတယ်။ ၆ပွဲကစားခဲ့ရာမှာတစ်ပွဲမှအနိုင်မရခဲ့ပါဘူး။ ဂျာမနီနဲ့ အီတလီကိုဘယ် လိုပဲကစားခဲ့ပါစေ၊ ခွင့်လွှတ်လို့ရတယ်။နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ဟန်ဂေရီကိုနှစ်ကျော့လုံးရှုံးပစ်လိုက်တာမျိုးကျတော့ပြည်သူရဲ့မေတ္တာတော်စူးသင့်ပါတယ်။ ဒီပြိုင်ပွဲကိုရောက်လာချိန်မှာသူတို့ဘာတွေပြောင်းလဲနိုင်ခဲ့လို့လဲ။ သူတို့ဟာဘယ်လိုပြိုင်ပွဲမှာမဆိုဗိုလ်မစွဲရင်သာရှိမယ်။ ကျော်ကြားခြင်းနဲ့ ရေပန်းစားမှုမှာထိပ်တန်းအဆင့်ရှိခဲ့ကြသူတွေပါ။
ဒါပေမဲ့ဒီတစ်ကြိမ်ကတော့ထူးခြားပါတယ်။ သူတို့ပိုင်ဆိုင်နေကျအရှိန်အဝါတစ်ခုတောင်မရနိုင်ခဲ့ဘဲအချိန်ကာလနဲ့အညီပေါ်ထွန်းနေဆဲစူပါစတားတွေရှာမတွေ့ခဲ့ပါဘူး။ အားလုံးဟာကိုယ့်ကလပ်အသင်းနဲ့ကိုယ်တိုက်ဆိုင်စွာညှိုးရော်နေကြပြီးဒိတ်ဒိတ်ကြဲစုဖွဲ့မှုနဲ့ မမီ့တမီဖြစ်နေခဲ့တာပါ။ ဒါပေမဲ့သူတို့ကံ ကောင်းပါတယ်။ ဒီအုပ်စုရဲ့အားအနည်းဆုံးလို့ဆိုရမယ့်အီရန်နဲ့စတွေ့မယ်။
အီရန်ဟာကမ္ဘာ့ဖလားမှာဘာဖြစ်ခဲ့လို့လဲ။ ဘာဖြစ်နိုင်မှာလဲ။ သူတို့ဟာဒီအဆင့်ကိုဆဌမအကြိမ်မြောက်ရောက်လာကြသူတွေဆိုပေမယ့်သူတို့ရဲ့ဂုဏ်ရည်ကအဲ့ဒီမှာပဲပြီးဆုံးပါတယ်။ အီရန်ဟာမာကျောတယ်။အခြားအာရှအသင်းတွေထက်တည်ငြိမ်မှုပိုင်းသာလွန်တယ်။ ခံစစ်ကစားရာမှာအာရှအဆင့်မှာဆိုထူးချွန်သူတွေလို့ဆိုနိုင်ပါတယ်။ ဘရိုက်တန်မှာလာကစားဖူးပြီးအခုဖီယင်နုရောက်နေတဲ့ဂျာဟန်းဘက်ရှ်ဟာ၂၉နှစ်ဖြစ်နေပါပြီ။ သူ့ဆီကသမ္ဘာတစ်ခုကလွဲရင်အခြားမျှော်လင့်စရာမရှိပါဘူး။သူတို့ဆီမဖြစ်မနေစောင့်ကြည့်ရမယ့်ကစားသမားကပေါ်တိုတိုက်စစ်မှူးတာရေမီပဲဖြစ်ပါလိမ့်မယ်။
သူလည်းအသက် ၃၀၊ ဘဝ ၃၀လို ရုန်းကန်ခဲ့ရပေမယ့်လက်ရှိပေါ်တိုမှာတော့အစပ်အဟပ်တည့်နေသူပါ။ပေါ်တူဂီလိဂ်မှာ၁၃ပွဲကစားပြီး ၆ဂိုးသွင်း၊ ၅ဂိုးဖန်တီးပေးထားတာကြောင့်ခေသူမဟုတ်ထဲပါဝင်ပါတယ်။ ပြောစရာစကားကုန်အောင်ဖြန့်ချလိုက်ရပေမယ့်ဒီပွဲမှာအီရန်နဲ့နေဖို့ဘယ်သူဟာဆုံးဖြတ်မှာတဲ့လဲ။သူတို့ရဲ့လုပ်နိုင်စွမ်းတွေဟာဒီလိုအဆင့်ရောက်ပြီဆိုမီးလောင်ပျက်စီးသွားတတ်မြဲဖြစ်တယ်။ အုပ်စုအဆင့်နဲ့လှည့်ပြန်ခဲ့တယ်ဆိုတာအီရန်မှမဟုတ်ပါဘူး။
အာရှအသင်းတွေရဲ့ဆိုလွယ်တေးလို့တောင်သတ်မှတ်နိုင်ပါတယ်။သူတို့ရဲ့အရိုးရင့်နေပြီဖြစ်တဲ့မာဂုဏ်ကြောင့်အင်္ဂလန်တွေဆန်းတပြားပြားအနိုင်ရသွားစရာတော့မရှိပါဘူး။ ဒါပေမဲ့ခြားနားတဲ့အဆင့်အတန်းတစ်ခုကိုပြသဖို့ ဟာရီကိန်းရှိနေပါတယ်။ ကျနော်အင်္ဂလန်ကိုပဲရွေးပါတယ်။(2-0)တစ်ပေါက်ကို စိတ်ခိုင်ခိုင်ကြိုက်ပါတယ်။
ဟန်စိုးသွေး
အင်္ဂလန်-အီရန်
နည်းပြဆောက်ဂိတ်ရဲ့ဦးဆောင်မှုအောက်မှာအင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်ကမှန်းဆရခက်လှတယ်။နည်းပြဆောက်ဂိတ်ဟာတိုက်စစ်မှာလူထုတ်ပုံအပြောင်းအလဲနည်းပေမယ့်ကွင်းလယ်လူထုတ်ပုံအပြောင်းအလဲများတတ်လို့အသင်းလိုက်ခြေစွမ်းတည်ငြိမ်မှုနည်းပြီးစွမ်းဆောင်ရည်လည်းမငြိမ်
တာတွေ့ရတယ်။ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာတော့အင်္ဂလန်ခြေစွမ်းကောင်းခဲ့တယ်လို့ပြောနိုင်ပြီးရှုံးပွဲမရှိပဲ ၂ပွဲသရေ၈ပွဲအနိုင်ရအောင်ကစားနိုင်ခဲ့တယ်။
ကမ္ဘာ့လားခြေစစ်ပွဲစဉ်တွေအပြီးကစားခဲ့တဲ့နေးရှင်းလိဂ်မှာတော့အင်္ဂလန်အသင်းရဲ့ခြေစွမ်းကမယုံရလောက်အောင်ညံ့ဖျင်းခဲ့တယ်။လူစုံတက်စုံရွေး ချယ်ခဲ့ပြီးအကောင်းဆုံးလူစာရင်းကိုပွဲထုတ်ခဲ့ပေမယ့်အင်္ဂလန်ဟာဟန်ဂေရီ ဂျာမနီ အီတလီတို့နဲ့နှစ်ကျော့စီကစားခဲ့ရာမှာနိုင်ပွဲသရေမှမရခဲ့ပဲ ၂ပွဲသရေ ၄ပွဲရှုံးပြီးတန်းဆင်းသွားရတဲ့အထိအခြေအနေဆိုးခဲ့တယ်။အခုကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့နည်းပြဆောက်ဂိတ်ရဲ့လူရွေးချယ်မှုကဝေဖန်စရာတွေရှိနေပေမယ့်လည်းအကောင်းဆုံးလူစာရင်းကိုရွေးချယ်ခဲ့တာလို့ပဲပြောရမှာဖြစ်တယ်။
အင်္ဂလန်၃ယောက်တန်းတိုက်စစ်မှာအထောင်တိုက်စစ်မှုးနေရာမှာဟယ်ရီကိန်းကိုထားမှာဖြစ်ပြီးဘယ်ညာတောင်ပံနှစ်ဖက်မှာစတားလင်း ဖိုဒန် ဂရီလစ် ရက်ဖို့ဒ် ဘယ်သူတွေကိုပွဲထုတ်ထုတ်အင်္ဂလန်တိုက်စစ်အားကလျော့တွက်လို့မရတဲ့အထဲမှာပါနေတယ်။အင်္ဂလန်ရဲ့အားအနည်းဆုံးဇုန်ကကွင်းလယ်ပါပဲ။တစ်ဦးချင်းထူးချွန်သူမရှိသလိုကစားပုံလေးပြီးဖန်တီးပေးနိုင်စွမ်းလည်းအားနည်းလို့ခံစစ်ပိတ်ကစားမယ့်အသင်းတွေနဲ့တွေ့ရင်အင်္ဂလန်ဂိုးရဖို့ရုန်း ကန်ရဖွယ်ရှိနေတယ်။အီရန်ကအာရှအသင်းတွေထဲမှာလျှော့တွက်လို့မရတဲ့အသင်းတွေထဲမှာပါဝင်တယ်။
သူတို့အသင်းမှာထင်ရှားပြီးထူးချွန်လွန်းသူတွေမရှိပေမယ့်ဥရောပကလပ်တွေမှာထွက်ကစားနေတဲ့ကစားသမားတွေပါဝင်နေသလိုပြည်တွင်းကစား သမားတွေလည်းအရည်အသွေးမနိမ့်လို့မထင်မှတ်တာတွေလုပ်ပြနိုင်လိမ့်မယ်လို့ယူဆရတယ်။နောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲ၃ပွဲမှာအီရန်တို့၁ပွဲသရေ ၂ပွဲအနိုင်ရခဲ့တယ်။အဲဒီ၃ပွဲမှာဆီနီဂေါကို၁-၁သရေကစားနိုင်ခဲ့ကာဥရုဂွေးကိုဝ-၁နဲ့အနိုင်ရခဲ့တဲ့အထိအီရန်တို့အကျောမာခဲ့တယ်။ဒီပွဲမှာအင်္ဂလန်က၁ဂိုး ၆၀ရှုံးဆိုပြီအကျောပေးထားတယ်။အင်္ဂလန်ရဲ့အကျောပေးမှုပျော့ပျောင်းနေတာကကာတာမြေပေါ်မှာကစားရမှာဖြစ်နေလို့ပါပဲ။
ကာတာရာသီဥတုဟာအီရန်အတွက်ပြသာနာမရှိပေမယ့်အင်္ဂလန်အတွက်တော့ကောင်းကောင်းမှကစားနိုင်ပါ့မလားဆိုတာစောင့်ကြည့်ရမယ့်အနေအ ထားမျိုးဖြစ်နေတယ်။ခံစစ်အားပြုပြီးကစားအားမကျမတမ်းအားထည့်ယှဉ်ကစားမယ့်အီရန်ကိုအင်္ဂလန်ဂိုးပြတ်အနိုင်ယူဆိုတာထင်သလောက်လွယ်ကူမှာမဟုတ်လို့ ၁ဂိုးနဲ့ရှုံးရင်တောင်ပျော်ခွင့်ရဦးမယ့် အာရှအသင်းအီရန်ကိုပဲအရဲစွန့်ရွေးချယ်လိုက်သင့်ပါတယ်။
မင်းနဒီ
🛑 2022 ကာတာ ကမ္ဘာ့ဖလားပွဲတော်ကြီးစပြီ။ ဒီတစ်ကြိမ်ကမ္ဘာ့ဖလားပွဲတော်ကြီးကဘယ်လိုရှိနေမလဲ…။ အချိန်အခါမဟုတ်ကျင်းပတဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကစိတ်ပျက်စရာတွေရောပြွန်းနေတာကိုသတိထားမိတယ်။ ဆပ်ဘလတ္တာနဲ့ အပေါင်းပါတို့ရဲ့ လာဘ်စားမှုအရှုပ်တော်ပုံမှာဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ဂုဏ်သိက္ခာကျဆင်းခဲ့ရတာတွေ၊ ဘောလုံးကွင်းတည်ဆောက်ရာမှာကာတာအစိုးရရဲ့လူသားချင်းမစာနာမှုတွေနဲ့ အလုပ်သမားသေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့တာတွေ၊တင်းကျပ်လွန်းတဲ့နိုင်ငံဥပဒေတွေကပွဲတော်လာပရိသတ်များအတွက်အခန့်မသင့်ရင်ကာလရှည်ထောင်နန်းစံသွားရနိုင်လို့အလွန်အ မင်းသတိပြုဆင်ခြင်စရာဖြစ်နေတာတွေ၊ပြင်းထန်တဲ့လိင်ပိုင်းဆိုင်ရာခွဲခြားသတ်မှတ်မှုတွေကြောင့်ကာတာကမ္ဘာ့ဖလားဟာသမိုင်းတစ်လျှောက်အငြင်း ပွားစရာအကောင်းဆုံးပြိုင်ပွဲဖြစ်နေတယ်။
နောက်ထပ်ဘယ်လိုအငြင်းပွားဖွယ်ရာတွေဖြစ်မလာဦးမလဲဆိုတာကိုလည်းစိတ်ဝင်စားမိတယ်။ ဒါပေမယ့် ၄ နှစ်မှာ ၁ ကြိမ်သာကျင်းပရတဲ့ကမ္ဘာ့ဖလားပွဲတော်ကြီးတကယ်တမ်းစတင်ပြီဆိုတော့လည်းဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာရင်ခုန်ရ၊ ကော်ကောင်ဘယ်အသင်းဖြစ်မလဲဆိုတာရှာဖွေရ၊ ကမ္ဘာ့ဖလားကြယ်ပွင့်တွေဘယ်သူဖြစ်မလဲစိတ်လှုပ်ရှားရတာနဲ့ ကမ္ဘာ့ဖလားဟာကမ္ဘာ့ဖလားပီသခဲ့ပါတယ်။
လက်ရှိမှာချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးကဘရာဇီးဖြစ်နေတယ်။ တကယ်တော့ဘရာဇီဆိုတာကမ္ဘာ့ဖလားသမိုင်းမှာအအောင်မြင်ဆုံးအသင်းနဲ့ အစဥ်အလာအကောင်းဆုံးအသင်းဖြစ်ခဲ့တော့ကမ္ဘာ့ဖလားပွဲတော်တိုင်းမှာအမြဲလိုထိပ်ဆုံးကရေပန်းစားနေတာကကိုယ့်အတွက်ဆန်းလှတယ်မဟုတ်တော့ဘူး။ ဘရာဇီးတိုက်စစ်မှာနောမာအပါအဝင်ဗင်နီစီးယပ်စ်၊ ဂျီးဆပ်၊ ရစ်ချာလီဆန်၊ မာတင်နယ်လီ၊ အန်ထိုနီ တို့နဲ့ တိုက်စစ်အသွေးအမွေးကောင်းတယ်ဆိုသော်ငြားလည်းရော်နယ်ဒို၊ ရော်နယ်ဒင်ညို၊ ရီဗယ်လ်ဒိုတို့ရဲ့ 3R တိုက်စစ်လောက်စိတ်မလှုပ်ရှားမိတာအမှန်ပဲ။ဘရာဇီးနဲ့ပတ်သက်လာရင်နေမာကိုမယုံကြည်တာလည်းအဓိကကျပါတယ်။ ဒီတော့ ချန်ပီယံဆုကို ဘယ်အသင်းရစေချင်သလဲပေါ့….။
အာဂျင်တီးနားကိုအဆိုပြုချင်တယ်။ဒီတစ်ကြိမ်ကမက်ဆီအတွက်နောက်ဆုံးပြိုင်ပွဲဖြစ်သလိုမက်ဆီလိုပါရမီရှင်တစ်ဦးကိုကမ္ဘာနဲ့ချီပြီးပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေရသွားစေချင်တဲ့စေတနာကြောင့် 2021 ကိုပါအမေရိကချန်ပီယံအာဂျင်တီးနားကိုအားပေးဖို့ ဆုံးဖြတ်ထားတယ်။ ဘယ်အသင်းတွေ ကော်ကောင်၊ ဖျက်မြင်းဖြစ်လာမလဲဆိုတာကို လေ့လာကြည့်တော့ဆီနီဂေါ၊ အင်္ဂလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံတို့ ဖြစ်လာနိုင်ခြေရှိတယ်လို့ ထင်နေမိတယ်။ စောင့်ကြည့်ရမယ့်အသင်းအဖြစ်ဂျာမနီနဲ့ ပေါ်တူဂီကို ရွေးချင်တယ်။
ဂျာမနီဟာ Team Work ကောင်းတဲ့အသင်းဖြစ်ပြီးဘယ်တော့မှလျှော့တွက်လို့မရတဲ့အသင်းဖြစ်နေတဲ့အပြင်ဘိုင်ယန်နဲ့အတူအချိန်တိုအတွင်းအမြင့်ဆုံးအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့နည်းပြဟန်စီဖလစ်ခ်ကြောင့်လည်းစောင့်ကြည်ချင်စရာဖြစ်နေတယ်။ ပေါ်တူဂီကနေရာအလိုက်ပြည့်စုံတဲ့စုဖွဲ့မှုကိုပိုင် ဆိုင်ထားတယ်။ အစဉ်အဆက်တိုက်စစ်မှူးရှားပါးခဲ့တဲ့တိုက်စစ်မှာလူရွေးရခက်စေလောက်အောင်စုဖွဲ့မှုကောင်းနေပြီးစီရော်နယ်ဒိုကိုခေါက်ထားလို့ရလောက်အောင်တောင့်တင်းနေတာကြောင့်ပေါ်တူဂီဟာအတိုင်းအတာတစ်ခုအထိအောင်မြင်မှုရယူနိုင်လိမ့်မယ်ဆိုတာကိုပြောကြားရင်းဒီတစ်ကြိမ်ကမ္ဘာ့ဖလားမှာဒီအသင်းတွေအပေါ်၊ ဒီလိုသဘောထားတွေရှိနေလို့ ဒီလိုမှတ်ချက်အတိုတွေကိုချရေးလိုက်ရပါတယ်။
🛑 အင်္ဂလန်-အီရန်
🛑 အင်္ဂလန်က ပြီးခဲ့တဲ့ 2018 ကမ္ဘာ့ဖလားနဲ့ ယူရို 2020 ပြိုင်ပွဲတွေမှာ နောက်ဆုံး ၄ သင်းထဲပါဝင်နိုင်ခဲ့ပြီးဆုဖလားအောင်မြင်မှုနဲ့ နီးနီးစပ်ဖြစ်ခဲ့တယ်။ ဒီတစ်ကြိမ်မှာဆောက်ဂိတ်ကဘယ်လင်ဂမ်နဲ့ အားဖြည့်ထားတဲ့ကွင်းလယ်ကြောင့်အင်္ဂလန်ကိုအကောင်းဆုံးဖျက်မြင်းအသင်းဖြစ်လာလိမ့်မယ်လို့တွက်ဆထားမိတယ်။ ဒါပေမယ့်အင်္ဂလန်ဟာပြီးခဲ့တဲ့ဥရောပနေရှင်းလိဂ်ပြိုင်ပွဲမှာဆိုးရွားတဲ့ခြေစွမ်းနဲ့ ရလဒ်တွေကြောင့်တန်းဆင်းခဲ့ရတဲ့ ဖြစ်ရပ်ကသတိထားစရာဖြစ်နေတယ်။ ဆောက်ဂိတ်ကလည်းပြိုင်ပွဲကြီးတွေရောက်ရင်လုပ်သင့်လုပ်ထိုက်တာကိုမလုပ်ပဲ၊ တွေဝေနေတတ်တာတွေ၊စိုးရိမ်လွန်ပြီးအကြောက် တရားကြီးစိုးနေတဲ့ပုံစံဖြစ်တတ်လွန်းတာကလည်းသတိထားစရာဖြစ်နေတယ်။
အင်္ဂလန်ရဲ့တိုက်စစ်နဲ့ ကွင်းလယ်မှာ ဖိုဒန်၊ ဆာကာ၊ ဟယ်ရီကိန်း၊ ဘယ်လင်ဂမ်၊ ဒီကလန်ရိုက်စ်၊ မက်ဒီဆန်တို့နဲ့ အီရန်ထက်ပိုမိုတောင့်တင်းတာမှန်ပါတယ်။ ဒါပေမယ့်အီရန်ကလည်းလျှော့တွက်လို့မရတဲ့အသင်းဆိုတာကိုသတိပြုရမယ်။ ပြီးခဲ့တဲ့ 2018 ကမ္ဘာ့ဖလားမှာတုန်းကလည်းအီရန်ဟာကွီးရော့စ်နဲ့အတူပေါ်တူဂီ၊ မော်ရိုကို၊ စပိန်တို့နဲ့ အုပ်စုကျပ်ထဲမှာကျခဲ့ပေမယ့်နောက်တစ်ဆင့်တက်နိုင်လုနီးပါးရုန်းကန်ပြခဲ့တယ်။ သူတို့မှာတာရီမီလိုဂိုးသွင်းတတ်တဲ့တိုက်စစ်မှူးရှိတယ်၊ ဂျာဟန်ဘတ်လိုအတိုးအလှုပ်ကောင်းတဲ့ကွင်းလယ်ဖန်တီးရှင်ရှိတယ်။
ကမ္ဘာ့ဖလားနဲ့ မစိမ်းတဲ့ကစားသမားစုဖွဲ့မှုကိုပိုင်ဆိုင်ထားတာကြောင့်သတိတော့ထားနေရတယ်။ တာရီမီဆိုရင်ဒီရာသီချန်ပီယံလိဂ်မှာပေါ်တိုနဲ့အတူ ၅ ဂိုးသွင်းယူထားပြီးသူ့ထက်ဂိုးပိုသွင်းထားနိုင်တာဆိုလို့ ဆာလက်နဲ့ ဘာပေတို့ ၂ ဦးပဲရှိတယ်။ အဲ့ဒီတာရီမီကအင်္ဂလန်ခံစစ်အတွက်သတိထားစရာဖြစ်နေတယ်။ အင်္ဂလန်ကိုတစ်ခုအားမရမိတာကမက်ဂွိုင်းယားနဲ့ ဒီယာတို့ရဲ့ ခံစစ်ပါ။မက်ဂွိုင်းယားကပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရသူဖြစ်ပြီးခြေစွမ်းကျဆင်း မှုနဲ့ ကြုံခဲ့ရတယ်။ ဒိုင်ယာဆိုရင်လည်းစပါးမှာပုံမှန်ခြေစွမ်းထက်လျော့ကျနေသလိုအမှားတွေကို မကြာခဏလုပ်နေတာတွေ့နေရတာကြောင့်ပုံမှန်ထက်လျော့နေတဲ့ သူတို့ ၂ ယောက်ကို စိတ်မချဘူး။
ဒါပေမယ့်အင်္ဂလန်ဘက်ကကြည့်ရင်အုပ်စုတွင်းမှာအားအနည်းဆုံးအသင်းဖြစ်တဲ့အီရန်ကို အဖွင့်ပွဲမှာမှအနိုင်မရလိုက်ဘူးဆိုရင်ကျန်တဲ့အမေရိကန်၊ ဝေးလ်စ်တို့နဲ့ ပွဲတွေမှာလုပ်ရကိုင်ရပိုပြီးခက်ခဲသွားလိမ့်မယ်။ အင်္ဂလန်အတွက်သေချာပေါက်အနိုင်ရှာထားရမယ့်ပွဲဖြစ်တာကြောင့်အင်္ဂလန်အနိုင်သေ ချာအောင်လုပ်လိမ့်မယ်။ ဘယ်လင်ဂမ်ကိုပွဲထုတ်မယ်ဆိုရင်အင်္ဂလန်ကွင်းလယ်ကအီရန်ကိုကောင်းကောင်းထိန်းချုပ်နိုင်ပြီးဟယ်ရီကိန်း၊ ဖိုဒန်၊ ဆာကာ တို့ရဲ့အတိုးအလှုပ်၊ အဆုံးသတ်တွေနဲ့ အသာရဖို့ရှိတာကြောင့်အင်္ဂလန်ရဲ့ 1-60 ဖွင့်လှစ်မှုမှာ ပြား 60 ရှုံးနဲ့အပြည့်နိုင်လဲရဖို့ရှိတယ်။ အင်္ဂလန်နဲ့ စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။
Nကြယ်မင်းရွေးချယ်မူ – အင်္ဂလန်
ဟန်စိုးသွေးရွေးချယ်မူ – အီရန်
မင်းနဒီ(Change)ရွေးချယ်မူ – အင်္ဂလန်
3D Choice – အင်္ဂလန်