လမ်းပတ်ကိုပရီးမီးယားလိဂ်မှာနည်းပြအဖြစ်ပြန်တွေ့ရနိုင်

ချဲလ်ဆီးနည်းပြဟောင်းဖရန့်လမ်းပတ်ဟာပရီးမီးယားလိဂ်တွင်နောက်ထပ်တစ်ကြိမ်နည်းပြခွင့်ရရှိရေးအတွက်ကမ်းလှမ်းမှုခံထားရကြောင်းသတင်းထွက်ပေါ်နေပါတယ်။

အသက်၄၂နှစ်ရှိဖရန့်လမ်းပတ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့် The Telegraph ရဲ့ဖော်ပြချက်အရသူဟာရွိုင်းဟော့ဆန်ရဲ့ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးကိုရယူရန်ရေပန်းအစားဆုံးဖြစ်နေကြောင်းသိရပါတယ်။

အင်္ဂလန်နည်းပြဟောင်းရွိုင်းဟော့ဆန်ဟာယခုရာသီဘောလုံးရာသီအကုန်တွင်ခရစ္စတယ်ပဲလေ့စ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးကလပ်ဘက်ကစာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းထားခြင်းမရှိသေးပါဘူး။

ခရစ္စတယ်ပဲလေ့စ်တာဝန်ရှိသူများဟာအသက်၇၃နှစ်ရှိရွိုင်းဟော့ဆန်နှင့်လမ်းခွဲဖြစ်ပါကဖရန့်လမ်းပတ်ကိုအစားထိုးခန့်အပ်ရန်ထိပ်ဆုံးမှလျာထားပါတယ်။

ချဲလ်ဆီးဂန္ထဝင်ကစားသမားဟာနည်းပြလောကသို့ပြန်လည်ခြေချဖြစ်ပါကပရီးမီးယားလိဂ်ကလပ်ကိုသာကိုင်တွယ်လိုနေသူလည်းဖြစ်ပါတယ်။

သူဟာအင်္ဂလန်ယူ-၂၁နည်းပြရာထူးအတွက်ကမ်းလှမ်းမှုရရှိခဲ့ပေမယ့်လည်းစိတ်ဝင်စားခြင်းမရှိပါဘူး။၎င်းအနေဖြင့်ခရစ္စတယ်ပဲလေ့စ်ရဲ့ကမ်းလှမ်းမှုကိုလက်ခံမယ်/မခံဘူးဆိုတာအတိအကျမပြောနိုင်သေးပါဘူး။သူ့အနေဖြင့်အခြားကလပ်များရဲ့ကမ်းလှမ်းမှုကိုလည်းစောင့်ဆိုင်းနိုင်ပါသေးတယ်။

ခရစ္စတယ်လေ့စ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာပေါင်သန်း၅၀အထိသုံးစွဲကာအသင်းကိုအားဖြည့်ရန်စီစဉ်ထားပါတယ်။တကယ်လို့ပဲလေ့စ်သို့သာလမ်းပတ်ရောက်လာပါကချဲလ်ဆီးတွင်လက်တွဲခဲ့တဲ့တမ်မီအေဘရာဟမ်၊ဘီလီဂေးလ်မိုးတို့ရောက်လာနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာဟော့ဆန်နေရာတွင်အစားထိုးရန်ဖရန့်လမ်းပတ်အပြင်ဘန်လေနည်းပြရှောင်ဒိုက်ချီနှင့်ဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီတို့ကိုလည်းလျာထားပါတယ်။

zawgyi

လမ္းပတ္ကိုပရီးမီးယားလိဂ္မွာနည္းျပအျဖစ္ျပန္ေတြ႕ရႏိုင္

ခ်ဲလ္ဆီးနည္းျပေဟာင္းဖရန႔္လမ္းပတ္ဟာပရီးမီးယားလိဂ္တြင္ေနာက္ထပ္တစ္ႀကိမ္နည္းျပခြင့္ရရွိေရးအတြက္ကမ္းလွမ္းမႈခံထားရေၾကာင္းသတင္းထြက္ေပၚေနပါတယ္။

အသက္၄၂ႏွစ္ရွိဖရန႔္လမ္းပတ္ဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ The Telegraph ရဲ႕ေဖာ္ျပခ်က္အရသူဟာ႐ြိဳင္းေဟာ့ဆန္ရဲ႕ခရစၥတယ္ပဲေလ့စ္နည္းျပရာထူးကိုရယူရန္ေရပန္းအစားဆုံးျဖစ္ေနေၾကာင္းသိရပါတယ္။

အဂၤလန္နည္းျပေဟာင္း႐ြိဳင္းေဟာ့ဆန္ဟာယခုရာသီေဘာလုံးရာသီအကုန္တြင္ခရစၥတယ္ပဲေလ့စ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးကလပ္ဘက္ကစာခ်ဳပ္သက္တမ္းတိုးရန္ကမ္းလွမ္းထားျခင္းမရွိေသးပါဘူး။

ခရစၥတယ္ပဲေလ့စ္တာဝန္ရွိသူမ်ားဟာအသက္၇၃ႏွစ္ရွိ႐ြိဳင္းေဟာ့ဆန္ႏွင့္လမ္းခြဲျဖစ္ပါကဖရန႔္လမ္းပတ္ကိုအစားထိုးခန႔္အပ္ရန္ထိပ္ဆုံးမွလ်ာထားပါတယ္။

ခ်ဲလ္ဆီးဂႏၴဝင္ကစားသမားဟာနည္းျပေလာကသို႔ျပန္လည္ေျခခ်ျဖစ္ပါကပရီးမီးယားလိဂ္ကလပ္ကိုသာကိုင္တြယ္လိုေနသူလည္းျဖစ္ပါတယ္။

သူဟာအဂၤလန္ယူ-၂၁နည္းျပရာထူးအတြက္ကမ္းလွမ္းမႈရရွိခဲ့ေပမယ့္လည္းစိတ္ဝင္စားျခင္းမရွိပါဘူး။၎အေနျဖင့္ခရစၥတယ္ပဲေလ့စ္ရဲ႕ကမ္းလွမ္းမႈကိုလက္ခံမယ္/မခံဘူးဆိုတာအတိအက်မေျပာႏိုင္ေသးပါဘူး။သူ႔အေနျဖင့္အျခားကလပ္မ်ားရဲ႕ကမ္းလွမ္းမႈကိုလည္းေစာင့္ဆိုင္းႏိုင္ပါေသးတယ္။

ခရစၥတယ္ေလ့စ္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေပါင္သန္း၅၀အထိသုံးစြဲကာအသင္းကိုအားျဖည့္ရန္စီစဥ္ထားပါတယ္။တကယ္လို႔ပဲေလ့စ္သို႔သာလမ္းပတ္ေရာက္လာပါကခ်ဲလ္ဆီးတြင္လက္တြဲခဲ့တဲ့တမ္မီေအဘရာဟမ္၊ဘီလီေဂးလ္မိုးတို႔ေရာက္လာႏိုင္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာေဟာ့ဆန္ေနရာတြင္အစားထိုးရန္ဖရန႔္လမ္းပတ္အျပင္ဘန္ေလနည္းျပေရွာင္ဒိုက္ခ်ီႏွင့္ဘုန္းေမာက္နည္းျပေဟာင္းအက္ဒီဟိုဝီတို႔ကိုလည္းလ်ာထားပါတယ္။