Escape to Victory ရိုက်ကူးစဉ်တုန်းက ပင်နယ်တီကန်ပြီး စတားလုံး လက်ချောင်းချိုးခဲ့တဲ့ ပီလီ

ဘောလုံးဂန္ထဝင်ပီလီဟာ Escape to Victory ရုပ်ရှင်ရိုက်ကူးစဉ်တုန်းကပင်နယ်တီဖြင့်ဆိုင်ဗက်စတာစတားလုံးရဲ့လက်ချောင်းကိုချိုးခဲ့ပါတယ်။

၁၉၈၁ခုနှစ်ရုပ်ရှင်မှာမဟာမိတ်စစ်သုံ့ပန်းအုပ်စုတစ်စုဟာနာဇီအသင်းတစ်သင်းနှင့်ဘောလုံးကန်တဲ့အကြောင်းရိုက်ကူးထားတာဖြစ်ပြီးစတာလုံးနှင့်ဘရာဇီးဂန္ထဝင်ပီလီတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပီလီဟာအသက်၈၂နှစ်အရွယ်တွင်အူမကြီးကင်ဆာရောဂါတိုက်ပွဲဝင်ရပြီးနောက်ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၁၃ခုနှစ်တုန်းက Grudge Match အမည်ရှိလက်ဝှေ့ရုပ်ရှင်ဇာတ်ကားပရိုမိုးရှင်းအစီအစဉ်တွင် ရော့ကီစတားစတားလုံးက ပီလီကြောင့်သူ့လက်ချောင်းကျိုးခဲ့ရတဲ့အကြောင်းကိုဖွင့်ဟသွားခဲ့ပါတယ်။

စတားလုံးက”ကျွန်တော့်ဘဝရဲ့အနိမ့်ဆုံးအချိန်တွေရဲ့တစ်ခုဖြစ်ပါတယ်။ပီလီကန်တဲ့ပင်နယ်တီကိုတားဖို့ကြိုးစားတုန်းကလက်တစ်ချောင်းကျိုးသွားခဲ့တယ်။အခုထိလက်ကျိုးနေတုန်း။သူကစတီးကပ်ထားတဲ့ဒုတိယကမ္ဘာစစ်ဖိနပ်စီးထားတယ်။ဘောလုံးကအမြောက်ဆံလိုရောက်လာခဲ့တာ။ဘောလုံးကလည်းအခုခေတ်ဘောလုံးထက်နှစ်ဆပိုလေးတယ်။သူကကန်တော့မယ်လို့ပြောခဲ့သေးတယ်။ကျွန်တော်ကဒါကဘောလုံးပါ။ဘာများခက်မှာလဲပေါ့။ပေါ့ပေါ့လေးပဲတွေးခဲ့တယ်။သူကသူပြောတဲ့အတိုင်းညာဘက်သို့ကန်ခဲ့တာ။နောက်တစ်ကြိမ်ကန်တယ်။ဂိုးပိုက်ကိုဖောက်ပြီးရုပ်ရှင်ရိုက်ကူးနေတဲ့နေရာရဲ့နောက်ဘက်ကပြတင်းပေါက်မှန်ကွဲသွားတယ်။ကျွန်တော်လည်းသူ့ဆီသွားပြီး “နောက်နေတာလား”လို့မေးလိုက်တယ်။ကျွန်တော်ဟာလေးစားစရာအသစ်တစ်ခုတွေ့ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

Escape to Victory ကို၁၉၇၇ခုနှစ်တွင်New York Cosmos တွင်ပီလီအနားယူပြီးလေးနှစ်အကြာတွင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

ပီလီဟာကစားသမားဘဝမှအနားမယူမီကလပ်ပွဲ၆၅၆ပွဲကစားကာ၆၄၃ဂိုးသွင်းယူခဲ့ပါတယ်။သူဟာဘရာဇီးအတွက်၉၂ပွဲကစားကာ၇၂ဂိုးသွင်းယူပြီး ကမ္ဘာ့ဖလားသုံးကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Zawgyi

Escape to Victory ႐ိုက္ကူးစဥ္တုန္းက ပင္နယ္တီကန္ၿပီး စတားလုံး လက္ေခ်ာင္းခ်ိဳးခဲ့တဲ့ ပီလီ

ေဘာလုံးဂႏၴဝင္ပီလီဟာ Escape to Victory ႐ုပ္ရွင္႐ိုက္ကူးစဥ္တုန္းကပင္နယ္တီျဖင့္ဆိုင္ဗက္စတာစတားလုံးရဲ႕လက္ေခ်ာင္းကိုခ်ိဳးခဲ့ပါတယ္။

၁၉၈၁ခုႏွစ္႐ုပ္ရွင္မွာမဟာမိတ္စစ္သုံ႔ပန္းအုပ္စုတစ္စုဟာနာဇီအသင္းတစ္သင္းႏွင့္ေဘာလုံးကန္တဲ့အေၾကာင္း႐ိုက္ကူးထားတာျဖစ္ၿပီးစတာလုံးႏွင့္ဘရာဇီးဂႏၴဝင္ပီလီတို႔ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ပီလီဟာအသက္၈၂ႏွစ္အ႐ြယ္တြင္အူမႀကီးကင္ဆာေရာဂါတိုက္ပြဲဝင္ရၿပီးေနာက္ကြယ္လြန္သြားခဲ့ပါတယ္။

၂၀၁၃ခုႏွစ္တုန္းက Grudge Match အမည္ရွိလက္ေဝွ႔႐ုပ္ရွင္ဇာတ္ကားပ႐ိုမိုးရွင္းအစီအစဥ္တြင္ ေရာ့ကီစတားစတားလုံးက ပီလီေၾကာင့္သူ႔လက္ေခ်ာင္းက်ိဳးခဲ့ရတဲ့အေၾကာင္းကိုဖြင့္ဟသြားခဲ့ပါတယ္။

စတားလုံးက”ကြၽန္ေတာ့္ဘဝရဲ႕အနိမ့္ဆုံးအခ်ိန္ေတြရဲ႕တစ္ခုျဖစ္ပါတယ္။ပီလီကန္တဲ့ပင္နယ္တီကိုတားဖို႔ႀကိဳးစားတုန္းကလက္တစ္ေခ်ာင္းက်ိဳးသြားခဲ့တယ္။အခုထိလက္က်ိဳးေနတုန္း။သူကစတီးကပ္ထားတဲ့ဒုတိယကမာၻစစ္ဖိနပ္စီးထားတယ္။ေဘာလုံးကအေျမာက္ဆံလိုေရာက္လာခဲ့တာ။ေဘာလုံးကလည္းအခုေခတ္ေဘာလုံးထက္ႏွစ္ဆပိုေလးတယ္။သူကကန္ေတာ့မယ္လို႔ေျပာခဲ့ေသးတယ္။ကြၽန္ေတာ္ကဒါကေဘာလုံးပါ။ဘာမ်ားခက္မွာလဲေပါ့။ေပါ့ေပါ့ေလးပဲေတြးခဲ့တယ္။သူကသူေျပာတဲ့အတိုင္းညာဘက္သို႔ကန္ခဲ့တာ။ေနာက္တစ္ႀကိမ္ကန္တယ္။ဂိုးပိုက္ကိုေဖာက္ၿပီး႐ုပ္ရွင္႐ိုက္ကူးေနတဲ့ေနရာရဲ႕ေနာက္ဘက္ကျပတင္းေပါက္မွန္ကြဲသြားတယ္။ကြၽန္ေတာ္လည္းသူ႔ဆီသြားၿပီး “ေနာက္ေနတာလား”လို႔ေမးလိုက္တယ္။ကြၽန္ေတာ္ဟာေလးစားစရာအသစ္တစ္ခုေတြ႕ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

Escape to Victory ကို၁၉၇၇ခုႏွစ္တြင္New York Cosmos တြင္ပီလီအနားယူၿပီးေလးႏွစ္အၾကာတြင္ျဖန႔္ခ်ိခဲ့တာျဖစ္ပါတယ္။

ပီလီဟာကစားသမားဘဝမွအနားမယူမီကလပ္ပြဲ၆၅၆ပြဲကစားကာ၆၄၃ဂိုးသြင္းယူခဲ့ပါတယ္။သူဟာဘရာဇီးအတြက္၉၂ပြဲကစားကာ၇၂ဂိုးသြင္းယူၿပီး ကမာၻ႔ဖလားသုံးႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။