ယူရိုပါလိဂ်ရှုံးထွက်အဆင့်သမိုင်းတွင် အကြီးကျယ်ဆုံးနိုင်ပွဲ ရယူနိုင်ခဲ့တဲ့ ဖီယင်နု

ဖီယင်နုဟာမနေ့ညတုန်းကရှက်တာဒိုးနက်စ်ကို၇-၁ဂိုးဖြင့်အနိုင်ယူပြီးယူရိုပါလိဂ်ရှုံးထွက်သမိုင်းတွင်အကြီးကျယ်ဆုံးနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဒတ်ချ်ကလပ်ဟာမနေ့ညတုန်းကအိမ်ကွင်းတွင်ယူကရိန်းထိပ်သီးကို၇-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၈-၂ဖြင့်ယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပါတယ်။

ဖီယင်နုရဲ့နိုင်ပွဲက၂၀၁၇ခုနှစ်တုန်းကလိုင်ယွန်ကအယ်ခ်မာကို၇-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ယူရိုပါလိဂ်ရှုံးထွက်အဆင့်သမိုင်းတွင်အကြီးကျယ်ဆုံးနိုင်ပွဲစံချိန်ကိုလိုက်မီသွားခဲ့တာလည်းဖြစ်ပါတယ်။

ဖီယင်နုအသင်းဟာပွဲချိန်၆၆မိနစ်အတွင်းတွင်ပင်ရှက်တာဒိုးနက်စ်ဘက်သို့၇ဂိုးအထိသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဖီယင်နုအတွက်ဂိုးများကိုဂျီမီနက်ဇ်(၁)၊ကိုကူး(၂)၊အိုင်ဒရက်စ်ဆီ(၂)၊ဂျာဟန်ဘက်ရှ်(၁)နှင့်ပီရီရာဒါဆေးလ်ဗား(၁)တို့ကသွင်းယူခဲ့ကြပါတယ်။ရှက်တာဒိုးနက်စ်အတွက်နှစ်သိမ့်ဂိုးကို၈၇မိနစ်မှာကယ်ဆီကသွင်းယူခဲ့တာဖြစ်ပါတယ်။

ZawGyi



ဒတ်ခ်ျကလပ်ဟာမနေ့ညတုန်းကအိမ်ကွင်းတွင်ယူကရိန်းထိပ်သီးကို၇-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၈-၂ဖြင့်ယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပါတယ်။


