ယူရိုပါလိဂ်ဗိုလ်လုပွဲကို သရဲနီအသင်းခေါင်းဆောင်လွဲချော်ဖွယ်ရှိနေ

မန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာယူရိုပါလိဂ်ဗိုလ်လုပွဲကိုလွဲချော်နိုင်တဲ့အနေအထားမျိုးတွင်ရှိနေကြောင်းမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကအတည်ပြုလာပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ၂၀၁၉ခုနှစ်တွင်လက်စတာမှပြောင်းရွှေ့လာပြီးနောက်မန်ယူအသင်းရဲ့ပရီးမီးယားလိဂ်ပွဲတိုင်းကိုဝင်ရောက်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာမနေ့ညတုန်းကဗီလာပါ့ခ်မှာဗီလာကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာခြေကျင်းဝတ်ဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။သူဟာခြေကျင်းဝတ်ဒဏ်ရာမရရှိမီခေါင်းဒဏ်ရာရရှိခဲ့သူလည်းဖြစ်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကမက်ဂွိုင်းယားမှာယခုလနှောင်းပိုင်းတွင်ကစားရမယ့်ဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ပွဲစဉ်ကိုလွဲချော်နိုင်ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။ယင်းသို့အနေအထားများကြောင့်မက်ဂွိုင်းယားဟာလာမယယ့်လက်စတာ၊လီဗာပူးတို့နှင့်ပရီးမီးယားလိဂ်ပွဲစဉ်များကိုလွဲချော်ဖို့သေချာသလောက်ရှိနေပါတယ်။

ဆိုးလ်ရှားက “ဟယ်ရီပါဝင်လာနိုင်ဖို့(ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ)မျှော်လင့်နေပါတယ်။အတိအကျတော့မပြောနိုင်သေးပါဘူး။သူ့ဒဏ်ရာအခြေအနေကိုစစ်ဆေးရပါဦးမယ်။ရက်သတ္တပတ်အနည်းငယ်(သို့မဟုတ်)တစ်လလောက်နားရနိုင်ပါတယ်။ဘယ်လောက်နားရမလဲအတိအကျမသိသေးပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာလာမယ့်မေလ၂၆ရက်နေ့မှာဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရပါမယ်။မက်ဂွိုင်းယားဒဏ်ရာရရှိမှုဟာဆိုးလ်ရှားအတွက်သာမကအင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်သတင်းဆိုးတစ်ခုဖြစ်နေပါတယ်။ဂရေမီဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာလာမယ့်ဇွန်လ၁၃ရက်နေ့မှာယူရို၂၀၂၀အဖွင့်ပွဲစဉ်အဖြစ်ခရိုအေးရှားအသင်းနှင့်စတင်ကစားသွားရပါမယ်။

zawgyi

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို သရဲနီအသင္းေခါင္းေဆာင္လြဲေခ်ာ္ဖြယ္ရွိေန

မန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုလြဲေခ်ာ္ႏိုင္တဲ့အေနအထားမ်ိဳးတြင္ရွိေနေၾကာင္းမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကအတည္ျပဳလာပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာ၂၀၁၉ခုႏွစ္တြင္လက္စတာမွေျပာင္းေ႐ႊ႕လာၿပီးေနာက္မန္ယူအသင္းရဲ႕ပရီးမီးယားလိဂ္ပြဲတိုင္းကိုဝင္ေရာက္ကစားလာခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာမေန႔ညတုန္းကဗီလာပါ့ခ္မွာဗီလာကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာေျခက်င္းဝတ္ဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။သူဟာေျခက်င္းဝတ္ဒဏ္ရာမရရွိမီေခါင္းဒဏ္ရာရရွိခဲ့သူလည္းျဖစ္ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကမက္ဂြိဳင္းယားမွာယခုလေႏွာင္းပိုင္းတြင္ကစားရမယ့္ဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္ႏိုင္ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။ယင္းသို႔အေနအထားမ်ားေၾကာင့္မက္ဂြိဳင္းယားဟာလာမယယ့္လက္စတာ၊လီဗာပူးတို႔ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။

ဆိုးလ္ရွားက “ဟယ္ရီပါဝင္လာႏိုင္ဖို႔(ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ)ေမွ်ာ္လင့္ေနပါတယ္။အတိအက်ေတာ့မေျပာႏိုင္ေသးပါဘူး။သူ႔ဒဏ္ရာအေျခအေနကိုစစ္ေဆးရပါဦးမယ္။ရက္သတၱပတ္အနည္းငယ္(သို႔မဟုတ္)တစ္လေလာက္နားရႏိုင္ပါတယ္။ဘယ္ေလာက္နားရမလဲအတိအက်မသိေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာလာမယ့္ေမလ၂၆ရက္ေန႔မွာဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကစားရပါမယ္။မက္ဂြိဳင္းယားဒဏ္ရာရရွိမႈဟာဆိုးလ္ရွားအတြက္သာမကအဂၤလန္နည္းျပေဆာက္ဂိတ္အတြက္သတင္းဆိုးတစ္ခုျဖစ္ေနပါတယ္။

ဂေရမီေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာလာမယ့္ဇြန္လ၁၃ရက္ေန႔မွာယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္အျဖစ္ခ႐ိုေအးရွားအသင္းႏွင့္စတင္ကစားသြားရပါမယ္။