ယူရို ၂၀၂၀ အတွက်သီချင်း We Are The People ထွက်လာပြီ

လာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ချန်ပီယံရှစ်ပြိုင်ပွဲကြီးအတွက်တရားဝင်သီချင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ယူရို၂၀၂၀ပြိုင်ပွဲအတွက်တရားဝင်သီချင်းအမည်မှာ We Are The People လို့အမည်ရပါတယ်။

ယင်းသီချင်းဟာယူရို၂၀၂၀ပြိုင်ပွဲကျင်းပရန်တစ်လခန့်သာလိုတော့တဲ့အချိန်တွင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒတ်ချ်နာမည်ကျော် DJ နှင့် Producer မာတင်ဂါရက်စ်ကဖန်တီးထားတာဖြစ်ပါတယ်။ယင်းသီချင်းတွင်ဂန္ထဝင်ရော့ခ်ဂီတအဖွဲ့ U2 ရဲ့ပင်တိုင်အဆိုတော်ဘိုနိုနှင့် ဂီတာသမား The Edge တို့လည်းပါဝင်ထားကြပါတယ်။

ဒတ်ချ်နာမည်ကျော်မာတင်ဂါရက်စ်ဟာယင်းသီချင်းကိုယူရို၂၀၂၀ပြိုင်ပွဲတစ်ခုတည်းသာမဟုတ်ဘဲတစ်ကမ္ဘာလုံးတွင်ကျင်းပတဲ့ဘောလုံးပွဲများ၊ပွဲတော်များအတွက်လည်းရည်ရွယ်ပြီးဖန်တီးထားတာပါ။

We Are The People သီချင်းက တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများကိုအဖြေရှာဖွေဖြေရှင်းသွားရေးရည်ရွယ်ချက်ဖြင့်ရေးသားထားတာလည်းဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက We Are The People သီချင်းကိုတစ်ကမ္ဘာလုံးရှိမည်သည့်နေရာ၊မည်သည့်ဘာသာကိုကိုးကွယ်သူမဆိုသီချင်းနိုင်ရန်ဖန်တီးထားတာဖြစ်ကြောင်းဆိုထားပါတယ်။

ဒတ်ချ်ကမ္ဘာကျော် DJ နှင့် Producer မာတင်ဂါရက်စ်ဟာ Animals ၊ In The Name of Love ၊ Scared of Be Lonely စတဲ့သီချင်းကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲတစ်ခုအတွက်ဂီတပိုင်းဆိုင်ရာကိုတာဝန်ယူထားသူလည်းဖြစ်ပါတယ်။

ဂါရက်စ်ကဘိုနို၊ The Edge တို့နှင့်အတူ We Are The People ကိုဖန်တီးခွင့်ရရှိမှုနဲ့ပတ်သက်ပြီး “အကြီးကျယ်ဆုံးအားကစားပြိုင်ပွဲကြီးတွေထဲကတစ်ခုကို ဘိုနို၊ The Edge တို့နဲ့အတူဖန်တီးခွင့်ရရှိတာတကယ့်ကိုကြီးမားတဲ့အတွေ့အကြုံကြီးတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အတူဖန်တီးခဲ့တာတွေအတွက်အရမ်းကိုဂုဏ်ယူရပါတယ်။ပြီးတော့တစ်ကမ္ဘာလုံးသို့မျှဝေခွင့်ရတဲ့အတွက်အရမ်းစိတ်လှုပ်ရှားရပါတယ်”လို့ပြောကြားသွားပါတယ်။

We Are The People သီချင်းရဲ့စာသားပိုင်း၊မယ်လိုဒီပိုင်းကို ဘိုနိုနှင့်ဂါရက်စ်တို့ကတာဝန်ယူခဲ့ကြတာဖြစ်ပြီး ဂီတာ Riffs ပိုင်းကို The Edge ကတီးခတ်ထားတာဖြစ်ပါတယ်။

zawgyi

ယူ႐ို ၂၀၂၀ အတြက္သီခ်င္း We Are The People ထြက္လာၿပီ

လာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ခ်န္ပီယံရွစ္ၿပိဳင္ပြဲႀကီးအတြက္တရားဝင္သီခ်င္းထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္တရားဝင္သီခ်င္းအမည္မွာ We Are The People လို႔အမည္ရပါတယ္။

ယင္းသီခ်င္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲက်င္းပရန္တစ္လခန႔္သာလိုေတာ့တဲ့အခ်ိန္တြင္ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဒတ္ခ်္နာမည္ေက်ာ္ DJ ႏွင့္ Producer မာတင္ဂါရက္စ္ကဖန္တီးထားတာျဖစ္ပါတယ္။ယင္းသီခ်င္းတြင္ဂႏၴဝင္ေရာ့ခ္ဂီတအဖြဲ႕ U2 ရဲ႕ပင္တိုင္အဆိုေတာ္ဘိုႏိုႏွင့္ ဂီတာသမား The Edge တို႔လည္းပါဝင္ထားၾကပါတယ္။

ဒတ္ခ်္နာမည္ေက်ာ္မာတင္ဂါရက္စ္ဟာယင္းသီခ်င္းကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲတစ္ခုတည္းသာမဟုတ္ဘဲတစ္ကမာၻလုံးတြင္က်င္းပတဲ့ေဘာလုံးပြဲမ်ား၊ပြဲေတာ္မ်ားအတြက္လည္းရည္႐ြယ္ၿပီးဖန္တီးထားတာပါ။

We Are The People သီခ်င္းက တစ္ကမာၻလုံးရင္ဆိုင္ေနရတဲ့စိန္ေခၚမႈမ်ားကိုအေျဖရွာေဖြေျဖရွင္းသြားေရးရည္႐ြယ္ခ်က္ျဖင့္ေရးသားထားတာလည္းျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက We Are The People သီခ်င္းကိုတစ္ကမာၻလုံးရွိမည္သည့္ေနရာ၊မည္သည့္ဘာသာကိုကိုးကြယ္သူမဆိုသီခ်င္းႏိုင္ရန္ဖန္တီးထားတာျဖစ္ေၾကာင္းဆိုထားပါတယ္။

ဒတ္ခ်္ကမာၻေက်ာ္ DJ ႏွင့္ Producer မာတင္ဂါရက္စ္ဟာ Animals ၊ In The Name of Love ၊ Scared of Be Lonely စတဲ့သီခ်င္းကို ဖန္တီးခဲ့သူလည္းျဖစ္ပါတယ္။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတစ္ခုအတြက္ဂီတပိုင္းဆိုင္ရာကိုတာဝန္ယူထားသူလည္းျဖစ္ပါတယ္။

ဂါရက္စ္ကဘိုႏို၊ The Edge တို႔ႏွင့္အတူ We Are The People ကိုဖန္တီးခြင့္ရရွိမႈနဲ႔ပတ္သက္ၿပီး “အႀကီးက်ယ္ဆုံးအားကစားၿပိဳင္ပြဲႀကီးေတြထဲကတစ္ခုကို ဘိုႏို၊ The Edge တို႔နဲ႔အတူဖန္တီးခြင့္ရရွိတာတကယ့္ကိုႀကီးမားတဲ့အေတြ႕အႀကဳံႀကီးတစ္ခုျဖစ္ပါတယ္။ကြၽန္ေတာ္တို႔အတူဖန္တီးခဲ့တာေတြအတြက္အရမ္းကိုဂုဏ္ယူရပါတယ္။ၿပီးေတာ့တစ္ကမာၻလုံးသို႔မွ်ေဝခြင့္ရတဲ့အတြက္အရမ္းစိတ္လႈပ္ရွားရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

We Are The People သီခ်င္းရဲ႕စာသားပိုင္း၊မယ္လိုဒီပိုင္းကို ဘိုႏိုႏွင့္ဂါရက္စ္တို႔ကတာဝန္ယူခဲ့ၾကတာျဖစ္ၿပီး ဂီတာ Riffs ပိုင္းကို The Edge ကတီးခတ္ထားတာျဖစ္ပါတယ္။