Eurovision 2022 တွင် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်နေ

တူရင်တွင်ကျင်းပနေတဲ့ Eurovision 2022 တွင်ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဟာဘယ်လ်ဂျီယံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

အသက်၂၁နှစ်ရှိဂိုးသမားဂျေရီမီမားကီးစ်ဟာဘယ်လ်ဂျီယံရှိ လူဇင်ဘော့ပြည်နယ်အခြေစိုက် Royal Excelsior Virton တွင်ကစားနေပါတယ်။

ယင်းကလပ်ကဘယ်လ်ဂျီယံဒုတိယတန်းကလပ်Proximus Leagueတွင်ကစားနေတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်တွင်အမှတ်ပေးဇယားအဆင့်၇နေရာမှာရပ်တည်နေပါတယ်။

အသင်းကကွင်းထဲမှာအခြေအနေမကောင်းပေမဲ့လည်းအသင်းရဲ့ဂိုးသမားမားကီးစ်ကတော့အဆိုတော်ဘဝကတော့ကောင်းသထက်ကောင်းလာတော့မှာဖြစ်ပါတယ်။

သူဟာဘယ်လ်ဂျီယံတွင်ကျင်းပတဲ့ကိုးကြိမ်မြောက် The Voice ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ယခုနှစ် Eurovision ပြိုင်ပွဲတွင် Miss You သီချင်းဖြင့်ဖျော်ဖြေယှဉ်ပြိုင်သွားမှာဖြစ်ပြီးတစ်ကမ္ဘာလုံးမှသန်းပေါင်းများစွာသောပရိသတ်များရဲ့စောင့်ကြည့်ခြင်းခံရပါမယ်။

မားကီးစ်ဟာမိုက်ကယ်ဂျက်ဆင်၊အော်တစ်ရက်ဒင်းတို့ကိုလေးစားအားကျလာသူဖြစ်ပြီးတူရင်သို့ရောက်ရှိနေစဉ်အတွင်းဂျူဗင်တပ်ရဲ့Allianz Stadiumကွင်းသို့အလည်အပတ်သွားရောက်ခဲ့ပါတယ်။

သူဟာနွေရာသီတုန်းကRoyal Excelsior Virtonသို့ရောက်လာသူဖြစ်ပြီးပထမအသင်းအတွက်တစ်ပွဲမျှကစားခွင့်မရသေးပါဘူး။

Zawgyi

Eurovision 2022 တြင္ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားတစ္ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ေန

တူရင္တြင္က်င္းပေနတဲ့ Eurovision 2022 တြင္ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားတစ္ဦးဟာဘယ္လ္ဂ်ီယံကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ေနပါတယ္။

အသက္၂၁ႏွစ္ရွိဂိုးသမားေဂ်ရီမီမားကီးစ္ဟာဘယ္လ္ဂ်ီယံရွိ လူဇင္ေဘာ့ျပည္နယ္အေျခစိုက္ Royal Excelsior Virton တြင္ကစားေနပါတယ္။

ယင္းကလပ္ကဘယ္လ္ဂ်ီယံဒုတိယတန္းကလပ္Proximus Leagueတြင္ကစားေနတဲ့အသင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္အမွတ္ေပးဇယားအဆင့္၇ေနရာမွာရပ္တည္ေနပါတယ္။

အသင္းကကြင္းထဲမွာအေျခအေနမေကာင္းေပမဲ့လည္းအသင္းရဲ႕ဂိုးသမားမားကီးစ္ကေတာ့အဆိုေတာ္ဘဝကေတာ့ေကာင္းသထက္ေကာင္းလာေတာ့မွာျဖစ္ပါတယ္။

သူဟာဘယ္လ္ဂ်ီယံတြင္က်င္းပတဲ့ကိုးႀကိမ္ေျမာက္ The Voice ၿပိဳင္ပြဲတြင္ အႏိုင္ရရွိခဲ့သူျဖစ္ၿပီး ယခုႏွစ္ Eurovision ၿပိဳင္ပြဲတြင္ Miss You သီခ်င္းျဖင့္ေဖ်ာ္ေျဖယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီးတစ္ကမာၻလုံးမွသန္းေပါင္းမ်ားစြာေသာပရိသတ္မ်ားရဲ႕ေစာင့္ၾကည့္ျခင္းခံရပါမယ္။

မားကီးစ္ဟာမိုက္ကယ္ဂ်က္ဆင္၊ေအာ္တစ္ရက္ဒင္းတို႔ကိုေလးစားအားက်လာသူျဖစ္ၿပီးတူရင္သို႔ေရာက္ရွိေနစဥ္အတြင္းဂ်ဴဗင္တပ္ရဲ႕Allianz Stadiumကြင္းသို႔အလည္အပတ္သြားေရာက္ခဲ့ပါတယ္။

သူဟာေႏြရာသီတုန္းကRoyal Excelsior Virtonသို႔ေရာက္လာသူျဖစ္ၿပီးပထမအသင္းအတြက္တစ္ပြဲမွ်ကစားခြင့္မရေသးပါဘူး။