အနားယူရန် နီးကပ်လာပြီဟု ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဖွင့်ဟ

အဲဗာတန်အလယ်တန်းကစားသမားဂျိမ်းစ်ရိုဒရီဂွက်ဇ်က၎င်းမှာကစားသမားဘဝအနားယူရမယ့်ကာလအပိုင်းအခြားသို့ရောက်လာပြီဟုယုံကြည်ကြောင်းပြောကြားလိုက်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကရီးရဲလ်မက်ဒရစ်မှအဲဗာတန်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာအဲဗာတန်အတွက်ကစားတဲ့ပထမဆုံးရာသီမှာပရီးမီးယားလိဂ်ပွဲ၂၃ပွဲမှာ၆ဂိုးသွင်းယူထားနိုင်ပါတယ်။

အသက်၂၉နှစ်ရှိကိုလံဘီယာလက်ရွေးစင်ကစားသမာဟာအဲဗာတန်မှာတစ်ပတ်လုပ်ခပေါင်၁၄၀၀၀၀ရရှိနေကာတစ်နှစ်လုပ်ခပေါင်၇.၂သန်းရရှိနေသူလည်းဖြစ်ပါတယ်။သူဟာအဲဗာတန်နှင့်တစ်နှစ်စာချုပ်ကျန်ရှိနေပါသေးတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ဘယ်ကလပ်မှာဘယ်အချိန်မှာကစားသမားဘဝကနေအနားယူမယ်ဆိုတာကိုတော့မပြောနိုင်သေးပါဘူး။ဒါပေမယ့်ကျွန်တော့်အတွက်ဘောလုံးကစားဖို့အချိန်အနည်းငယ်ဘဲကျန်တော့တယ်လို့ထင်ပါတယ်။အသက်အရမ်းကြီးတဲ့အထိမကစားချင်ပါဘူး။နောက်ဆုံးနှစ်တွေကိုပျော်ပျော်ကစားပြီးလူငယ်တွေကိုအကူအညီပေးသွားချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

အနားယူရန္ နီးကပ္လာၿပီဟု ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဖြင့္ဟ

အဲဗာတန္အလယ္တန္းကစားသမားဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္က၎မွာကစားသမားဘဝအနားယူရမယ့္ကာလအပိုင္းအျခားသို႔ေရာက္လာၿပီဟုယုံၾကည္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကရီးရဲလ္မက္ဒရစ္မွအဲဗာတန္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။သူဟာအဲဗာတန္အတြက္ကစားတဲ့ပထမဆုံးရာသီမွာပရီးမီးယားလိဂ္ပြဲ၂၃ပြဲမွာ၆ဂိုးသြင္းယူထားႏိုင္ပါတယ္။

အသက္၂၉ႏွစ္ရွိကိုလံဘီယာလက္ေ႐ြးစင္ကစားသမာဟာအဲဗာတန္မွာတစ္ပတ္လုပ္ခေပါင္၁၄၀၀၀၀ရရွိေနကာတစ္ႏွစ္လုပ္ခေပါင္၇.၂သန္းရရွိေနသူလည္းျဖစ္ပါတယ္။သူဟာအဲဗာတန္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ရွိေနပါေသးတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္က “ဘယ္ကလပ္မွာဘယ္အခ်ိန္မွာကစားသမားဘဝကေနအနားယူမယ္ဆိုတာကိုေတာ့မေျပာႏိုင္ေသးပါဘူး။ဒါေပမယ့္ကြၽန္ေတာ့္အတြက္ေဘာလုံးကစားဖို႔အခ်ိန္အနည္းငယ္ဘဲက်န္ေတာ့တယ္လို႔ထင္ပါတယ္။အသက္အရမ္းႀကီးတဲ့အထိမကစားခ်င္ပါဘူး။ေနာက္ဆုံးႏွစ္ေတြကိုေပ်ာ္ေပ်ာ္ကစားၿပီးလူငယ္ေတြကိုအကူအညီေပးသြားခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။