”နိုင်ပွဲရှာဖွေလိုချိန် လာတွေ့တာဟာအခွင့်ကောင်းပါပဲ”

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက်

အဲဗာတန် နှင့် ဆောက်သမ်တန် ( ည ၂:၃၀)(အိုဇုန်း)

မာဆေးဆိုက်ဒါဘီပြိုင်ဘက်ဖြစ်တဲ့လက်ရှိချန်ပီယံလီဗာပူးကိုအဝေးကွင်းမှာအနိုင်ယူပြီးပရီးမီးယားလိဂ်နောက်ဆုံး၇ပွဲအနက်ဒုတိယမြောက်နိုင်ပွဲရယူလိုက်နိုင်လို့ အဲဗာတန်စိတ်အားတက်ကြွနေမှာပါ။

အဲဗာတန်ဟာထူးထူးခြားခြားဆိုသလိုပဲလက်ရှိမှာအိမ်ကွင်းခြေစွမ်းညံ့ဖျင်းသလောက်အဝေးကွင်းရလဒ်တွေကတော့အရမ်းကိုကောင်းမွန်နေပါတယ်။ဒါကြောင့်လည်းပရီးမီးယားလိဂ်အိမ်ကွင်း ၅ပွဲဆက်အနိုင်ပျောက်ဆုံးထားမှုကိုအခုလိုခြေစွမ်းပြန်လည်တိုးတက်နေချိန်မှာရှာဖွေနိုင်ဖို့ အဲဗာတန်ကြိုးစားပါလိမ့်မယ်။

အဲဗာတန်ခံစစ်ကြောင်းမှာအားနည်းမှုရှိနေသေးပေမယ့်လီဝင်ဦးဆောင်တဲ့တိုက်စစ်ကြောင်းကဂိုးပေါက်ရှာတွေ့လာပါတယ်။ဆောက်သမ်တန်ကတော့ လက်ရှိမှာခံစစ်ယိုယွင်းမှုနဲ့အတူခြေစွမ်းပိုင်းဆိုးရွားလွန်းနေတဲ့အသင်းပါ။

အခုဆိုရင်ဒန်နီအင့်စ်၊ ပရိုစီတို့ရဲ့ဆောက်သမ်တန်တိုက်စစ်ကအဝေးကွင်းဆိုရင်အသက်မဲ့လွန်းနေပြီး ခံစစ်နဲ့ကွင်းလယ်ကလည်းအမှားများနေဆဲပါပဲ။ဒါကြောင့်လည်း အဲဗာတန်ကသရေဆိုရင် ၆၅ နစ်နာရမယ်ဆိုပြီး အကျောပေးထားတာပါ။ဆောက်သမ်တန်ကိုအခုချိန်လာတွေ့တာဟာအိမ်ကွင်းနိုင်ပွဲရှာချင်နေတဲ့ အဲဗာတန်အတွက်အချိန်ကောင်းပါပဲ။ အဲဗာတန်နိုင်ကိုနိုင်ပါလိမ့်မယ်။

zawgyi

”ႏိုင္ပြဲရွာေဖြလိုခ်ိန္ လာေတြ႕တာဟာ အခြင့္ေကာင္းပါပဲ”

တနလၤာည အဂၤလန္ပရီးမီးယားလိဂ္ ပြဲစဥ္-၂၆ ပြဲႀကိဳသုံးသပ္ခ်က္

အဲဗာတန္ ႏွင့္ ေဆာက္သမ္တန္ ( ည ၂:၃၀)(အိုဇုန္း)

မာေဆးဆိုက္ဒါဘီၿပိဳင္ဘက္ျဖစ္တဲ့ လက္ရွိခ်န္ပီယံလီဗာပူးကို အေဝးကြင္းမွာ အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ ေနာက္ဆုံး ၇ပြဲအနက္ ဒုတိယေျမာက္ႏိုင္ပြဲ ရယူလိုက္ႏိုင္လို႔ အဲဗာတန္ စိတ္အားတက္ႂကြေနမွာပါ။အဲဗာတန္ဟာ ထူးထူးျခားျခားဆိုသလိုပဲ လက္ရွိမွာ အိမ္ကြင္းေျခစြမ္း ညံ့ဖ်င္းသေလာက္ အေဝးကြင္းရလဒ္ေတြကေတာ့ အရမ္းကို ေကာင္းမြန္ေနပါတယ္။ဒါေၾကာင့္လည္း ပရီးမီးယားလိဂ္အိမ္ကြင္း ၅ပြဲဆက္ အႏိုင္ေပ်ာက္ဆုံးထားမႈကို အခုလိုေျခစြမ္း ျပန္လည္တိုးတက္ေနခ်ိန္မွာ ရွာေဖြႏိုင္ဖို႔ အဲဗာတန္ ႀကိဳးစားပါလိမ့္မယ္။

အဲဗာတန္ခံစစ္ေၾကာင္းမွာ အားနည္းမႈရွိေနေသးေပမယ့္ လီဝင္ဦးေဆာင္တဲ့ တိုက္စစ္ေၾကာင္းက ဂိုးေပါက္ရွာေတြ႕လာပါတယ္။ေဆာက္သမ္တန္ကေတာ့ လက္ရွိမွာ ခံစစ္ယိုယြင္းမႈနဲ႔အတူ ေျခစြမ္းပိုင္း ဆိုး႐ြားလြန္းေနတဲ့ အသင္းပါ။အခုဆိုရင္ ဒန္နီအင့္စ္၊ ပ႐ိုစီတို႔ရဲ႕ေဆာက္သမ္တန္တိုက္စစ္က အေဝးကြင္းဆိုရင္ အသက္မဲ့လြန္းေနၿပီး ခံစစ္နဲ႔ကြင္းလယ္ကလည္း အမွားမ်ားေနဆဲပါပဲ။ဒါေၾကာင့္လည္း အဲဗာတန္က သေရဆိုရင္ ၆၅ နစ္နာရမယ္ဆိုၿပီး အေက်ာေပးထားတာပါ။ေဆာက္သမ္တန္ကို အခုခ်ိန္လာေတြ႕တာဟာ အိမ္ကြင္းႏိုင္ပြဲရွာခ်င္ေနတဲ့ အဲဗာတန္အတြက္ အခ်ိန္ေကာင္းပါပဲ။ အဲဗာတန္ ႏိုင္ကိုႏိုင္ပါလိမ့္မယ္။