”အန်ဆယ်လော့တီပေးမယ့် နယူးရီးယားလက်ဆောင်က ချိုမြိန်လွန်းနေမှာ”

သောကြာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၁၇ ပွဲကြိုသုံးသပ်ချက်

အဲဗာတန် နှင့် ဝက်စ်ဟမ်း (ည ၁၂:၀၀)(အိုဇုန်း)

နည်းပြအန်ဆယ်လော့တီဟာယိုင်နဲ့သွားခဲ့ရတဲ့အဲဗာတန်ကို ချက်ချင်းဆိုသလိုအကောင်းဆုံးပုံစံဖြစ်အောင်ပြန်လည်တည်ဆောက်နိုင်စွမ်းရှိခဲ့တယ်။အခုဆိုရင် ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲဆက်တိုက်အနိုင်ရလဒ်တွေဆောင်ကျဉ်းထားပြီး ပြိုင်ဘက်တွေကချဲလ်ဆီး၊ လက်စတာ၊ အာဆင်နယ်နဲ့ ရှက်ဖီးယူနိုက်တက်တို့ပါ။

အဲဒီ ၄ပွဲမှာအဲဗာတန်ခံစစ်ကြောင်းကလည်းပေးဂိုးတစ်ဂိုးသာရှိထားခဲ့တယ်။ဝက်စ်ဟမ်းကတော့ခံစစ်ကြောင်း ယိုယွင်းမှုနဲ့အတူပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲဆက်တိုက်အနိုင်ပျောက်ဆုံးထားတဲ့အသင်းပါ။

အထူးသဖြင့် အဝေးကွင်းဆိုရင် ဝက်စ်ဟမ်းရဲ့ခြေစွမ်းသာမကစိတ်ဓာတ်ပိုင်းနဲ့ယုံကြည်မှုပါပျောက်ဆုံးသွားတတ်တာကြာပါပြီ။ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဒဲ့ဖ်၊ ရီချာလီဆန်၊ ဒစ်ဂ်နီ၊ အယ်လန်တို့နာနေပေမယ့်လည်းအဲဗာတန်အနေနဲ့အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ခြေစွမ်းအသာစီးယူကစားဖို့ မခက်လောက်ပါဘူး။

သရေဆိုရင် ၈၅နစ်နာရမယ်လို့ အကျောပေးထားတဲ့အဲဗာတန်ကိုကြိုက်တယ်။အန်ဆယ်လော့တီပေးမယ့် နယူးရီးယားလက်ဆောင်က ချိုမြိန်လွန်းနေမှာပါ။

Zawgyi




