လွယ်ကူလွန်းတဲ့ နိုင်ပွဲ

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

အဲဗာတန် နှင့် ဘန်လေ (ည ၁း၃၀)(စိုင်းကို တောင်ကြီး)

အရှိန်အဟုန်ပြင်းပြင်းနဲ့ တာထွက်ကောင်းနေတဲ့ အဲဗာတန်ရဲ့ဒီရာသီခြေစွမ်းက အားရစရာကောင်းနေပါတယ်။ခံစစ်ပိုင်းမှာ အားနည်းမှုအချို့ရှိနေပေမယ့်လည်း အဲဗာတန်ကွင်းလယ်က တည်ငြိမ်ပြီး ကဲလ်ဗတ်လီဝင်ဦးဆောင်တဲ့တိုက်စစ်ကလည်း ဂိုးသွင်းအားကောာင်းလှတယ်။ဘန်လေကတော့ ပရီးမီးယားလိဂ်စချိန်ကတည်းက အခုထိ နိုင်ပွဲလုံးဝမရရှိသေးဘဲ ခံစစ်ကြောင်းအားနည်းမှုကြောင့် အခုလိုမျိုး ရုန်းကန်နေရတဲ့အသင်းပါ။

ပြီးခဲ့တဲ့ရာသီကအိမ်ကွင်းမှာ ဘန်လေကို အရေးနိမ့်လိုက်တာကြောင့်လည်းအဲဗာတန် လက်စားချေဖို့ ကြိုးစားလာပါလိမ့်မယ်။နှစ်သင်းကြားခြေစွမ်းကွာဟလွန်းပြီး အိမ်ရှင်လည်းဖြစ်တာကြောင့် အဲဗာတန်အတွက် လွယ်ကူလွန်းတဲ့နိုင်ပွဲဖြစ်လာမှာပါ။

zawgyi




