စိုင်းကို တောင်ကြီးရဲ့ စနေအကျိုးပြုစျေးကွက်

ပြီးခဲ့တဲ့အပတ်ကလည်းအပေါင်းပြခဲ့တဲ့အကျိုးပြုစျေးကွက်ဟာ ၄နှစ်ကြာပြုစုထားတဲ့စစ်တမ်းအတိုင်းတည့်တည့်မတ်မတ်ချီတက်နေဆဲပါပဲ။ကြားထဲမှာ ဖော်မြူလာကိုကန့်လန့်တိုက်လိုက်လို့ အနှုတ်ပြသွားခဲ့လို့သာသြဂုတ်နဲ့ စက်တင်ဘာအပေါင်းကအများကြီးမဖြစ်ခဲ့ရတာပါ။မီးတွေပျက်နေတော့ ရေးချိန်ကလည်းနောက်ကျနေတာကြောင့်နိဒါန်းပျိုးတာတွေဝေ့တာဝိုက်တာတွေလုပ်မနေတော့ပါဘူး။ထုံးစံအတိုင်းအင်္ဂလန်ပရီးမီးယားလိဂ်ထဲတန်းတန်းမတ်မတ်ဝင်ကြတာပေါ့။

အင်္ဂလန်ပရီးမီးယားလိဂ်မှာက ကစားဖို့ ၇ပွဲတောင်ရှိနေပါတယ်။အစောဆုံးကစားမယ့် မန်ယူ-ဗီလာပွဲမှာတင်ဂိုးပေါင်းကြေးအရမ်းပျော့ကျသွားတာမြင်မိလိုက်တယ်။ဒီပွဲရဲ့ဂိုးပေါင်းစျေးက ၃-၁၀နဲ့ စတင်ခဲ့တာပါ။ ခံစစ်ပွင့်ချင်ပွင့်ပါစေတိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းနှစ်သင်းရင်ဆိုင်မှုဖြစ်တာကြောင့်ဖွင့်လှစ်ခဲ့တဲ့ ဂိုးပေါင်းကြေးက အမှန်ပါ။နောက်ပြီးတော့ဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံး ၅ပွဲမှာ ဂိုးပေါင်းအပေါ်အောင်တာ ၄ပွဲတောင်မှရှိထားတာလေ။ဒါဆိုရင်ဘာကြောင့်ကြေးပြောင်းသွားတာလဲ။ စူးစမ်းမွှေနှောက်ရပါတော့တယ်။နှစ်သင်းပေါင်းသွင်းဂိုး ၄ဂိုးပြည့်ဖို့ မလွယ်ဘူးယူဆသူတွေများပြားလွန်းလာတာကြောင့်ပဲ။အဆိုပါယူဆချက်အပေါ် အပြစ်ပြောစရာမရှိပါဘူး။

အခုဆိုရင်ဂိုးပေါင်းစျေးဟာမွန်းလွဲ ၂နာရီခွဲအချိန်မှာ ၃+၄၅အထိ ပျော့ကျလာပြီးအံ့သြစရာကောင်းလောက်အောင် ဆက်ပြီးပျော့နေတုန်းပါပဲ။အဲဗာတန်ကို ပေးဂိုးမရှိ ဂိုးပြတ်အနိုင်၊ ချဲလ်ဆီးကို လိဂ်ဖလားမှာတစ်ဂိုးစီသရေကစားသွားတဲ့ခြေစွမ်းကြောင့်အခုလိုမျိုးပျော့လာတာဖြစ်နိုင်တယ်။ဘယ်လိုပဲဖြစ်ဖြစ် နှစ်သင်းစလုံးရဲ့လတ်တလောကစားဟန်အရဂိုးပေါင်းအနည်းဆုံး ၃ဂိုးပြည့်ဖို့ဆိုတာထင်သလောက်မခက်ခဲပါဘူး။ကြေးပျော့လေလိုက်လေဆိုတော့မန်ယူဂိုးပေါ်က ပထမဆုံးပစ်မှတ်ဖြစ်လာခဲ့ရပါပြီ။

နောက်တစ်ကြောင်းကအဲဗာတန်- နောဝစ်ချ်ပွဲရဲ့ဂိုးပေါင်းစျေး။ စတင်စျေးမှာ ၃+၆၀ဖြစ်ခဲ့ရပြီးအခုများကျတော့ ၂-၈၀တဲ့။ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပါပဲ။သူသည်လည်းမန်ယူပွဲလိုပဲဂိုးပေါင်းအပေါ်စျေးပျော့ကျလာခဲ့ရတာဖြစ်တယ်။အဲဗာတန်ရဲ့ရလဒ်တွေဆိုးရွားလာမှု၊ နောဝစ်ချ်တိုက်စစ် အသက်မဲ့မှု၊ တွေ့ခဲ့တဲ့နောက်ဆုံး ၇ပွဲမှာ ဂိုးပေါ်အောင်တာတစ်ပွဲပဲရှိမှု စတာတွေကြောင့်အခုလိုပျော့ကျလာခဲ့ရတာပါ။တကယ်ဆိုရင်စတင်ဖွင့်လှစ်တဲ့ မူရင်းစျေး ၃+၆၀ကသာလက်ရှိနှစ်သင်းစလုံးရဲ့အနေအထားနဲ့ ကိုက်ညီတဲ့ မှန်ကန်စျေးဖြစ်ပါတယ်။ဒါကြောင့် မူယာတွေ၊ မာယာတွေ၊ အစဉ်အလာဆိုတာတွေကို ဘေးချိတ်ရင်း လိဂ်အဝေးကွင်း နောက်ဆုံး ၄ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ရတဲ့ နောဝစ်ချ်တိုက်စစ်ကိုလည်း ယုံကြည်ရမယ်။ ဂိုးပေါ်ကိုပေါ်စေရမယ်။ အဲဗာတန်ပွဲ ဂိုးပေါင်းအပေါ်က ဒုတိယပစ်မှတ်ပေါ့။

နောက်ဆုံးကျန်ရှိနေတဲ့ အကြောင်းကတော့ညနက်မှာကစားမယ့်ဘရန့်ဖို့ဒ်-လီဗာပူးပွဲရဲ့ ဂိုးပေါင်းစျေးပါပဲ။ စတင်စျေးမှာ ၃+၂၀ရှိခဲ့ပြီး နေ့လည်၃နာရီနီးပါးမှာ ၃+၇၅အထိ ပျော့ဆင်းသွားရတယ်။ ခုနကပစ်မှတ်တွေလိုပဲဂိုးပေါင်းစျေးပဲကျဆင်းလာတာပါ။လီဗာပူးရဲ့ခံစစ်လုံခြုုံလွန်းပြီးဘရန့်ဖို့ဒ်ကလည်းအိမ်ကွင်းမာကျောသလိုအခုနောက်ပိုင်း ရလဒ်နဲ့ခြေစွမ်း စွာလာတဲ့အသင်းဖြစ်လို့ မှန်ကန်တဲ့ ကြေးပြောင်းပါပဲ။ဒါဆိုရင် ရွေးရမှာလား မရွေးရဘူးလို့ မေးခွန်းထုတ်စရာဖြစ်နေပါလိမ့်မယ်။သွွားနေတာကဖော်မြူလာပါ။ သွားမယ်လို့ကိုဆုံးဖြတ်ထားတဲ့အတွက်လီဗာပူးဂိုးပေါ်ကိုတတိယပစ်မှတ်အဖြစ်ပစ်မိလိုက်ပါတယ်။ စိတ်မရဲသူတွေတော့ မကစားပါနဲ့။

လာလီဂါကိုသွားလိုက်တော့ကစားဖို့ရှိနေတာ၄ပွဲ။ ကြေးပြောင်းတာဆိုလို့ ဆီဗီလာ-အက်စ်ပန်ညိုပွဲရဲ့ဘော်ဒီစျေးသာမြင်မိတယ်။ဆီဗီလာဘက်ကနေ ၁+၆၅အကျောပေးခဲ့တာဟာ ဒီညနေ ၃နာရီအချိန်မှာတော့ ၁+၁၅အထိ ပြင်းရှလာခဲ့ရတယ်။လူပြိန်းတွေးတွေးကြကြေးဆိုရင်တော့ဆီဗီလာကပဲဂိုးပြတ်စွတ်ရွတ်နှိပ်ကွပ်တော့မလိုလိုဘာလိုလို ညာလိုလိုပေါ့။အက်စ်ပန်ညိုကိုအရင်ကြည့်မိတယ်။ အက်စ်ပန်ညိုရဲ့ရလဒ်တွေယိမ်းယိုင်နေတယ်ဆိုပေမယ့်လည်း သေချာကြည့်ရင်ကစားအားတိုးတက်နေပြီး လာလီဂါနောက်ဆုံး ၇ပွဲမှာ ရှုံးပွဲတစ်ပွဲသာ ရှိထားခဲ့တာ တွေ့ရမှာပါ။

အဝေးကွင်းပွဲစဉ်တွေရောက်တိုင်းတိုက်စစ်အသက်မဲ့လွန်းမှုကိုလည်း နောက်ဆုံးကစားတဲ့ဘက်တစ်နဲ့ ၂ဂိုးစီသရေပွဲမှာ အက်စ်ပန်ညိုရပ်တန့်နိုင်ခဲ့ပါပြီ။ဆီဗီလာကတော့အရှုံးမရှိရလဒ်တွေစိုက်ထူနေနိုင်ပေမယ့် ပြိုင်ပွဲစုံနောက်ဆုံး ၄ပွဲမှာ သရေ ၃ပွဲတောင်ရှိထားတာပါ။ိအက်စ်ပန်ညိုရဲ့တက်ရိပ်ပြလာမှုကြောင့် အိမ်ရှင်ဆိုပေမယ့်လည်းဆီဗီလာထင်တိုင်းကျဲနိုင်မှာမဟုတ်ဘူး။ဆီဗီလာအလွန်ဆုံးကပ်နိုင်ရုံပဲမို့ပြားရှုံးချင်ရှုံးပါစေအက်စ်ပန်ညိုဘော်ဒီကတတိယမြောက်ပစ်မှတ်ဖြစ်လာရပါတယ်။

ရွေးချယ်မှုကအရမ်းများသွားပြီမို့ကစားသူတွေဟုန်နေမှာစိုးလို့ဆက်မရွေးပေးတော့ပါဘူး။ဆန္ဒရှိသပဆိုရင် စီးရီးအေ ၃ပွဲထဲကအေစီမီလန်ပွဲဂိုးပေါင်းအပေါ်၊ ဂျီနိုအာပွဲဂိုးပေါင်းအောက်နဲ့ အင်တာမီလန်ပွဲ ဂိုးပေါင်းအပေါ်တို့ကို ရွေးကြပါလို့ တိုတိုတုတ်တုတ်ပြောပါရစေ။နိဂုံးချုပ်ရမယ်ဆိုရင် ဒီညအတွက်ရွေးထုတ်ပေးလိုက်တာကမန်ယူဂိုးပေါ်၊ အဲဗာတန်ဂိုးပေါ်နဲ့လီဗာပူးဂိုးပေါ်ဆိုပြီးစုစုပေါင်း ၃ကြောင်း၊ အရန်အနေနဲ့ကအေစီမီလန်ဂိုးပေါ်၊ အင်တာမီလန်ဂိုးပေါ်နဲ့ ဂျီနိုအာပွဲဂိုးအောက်တို့ပါပဲ။မိတ်ဆွေအားလုံးလောင်းတိုင်းပေါင်းကြပါစေလို့ဆုတောင်းရင်း စူပါဆန်းဒေးမနက်ခင်းမှာအပြံုးတွေနဲ့ ပြန်ဆုံဆည်းကြပါစို့။