အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက်ဇင်ချန်ကိုအားကွင်းအတွင်းမှ ဆွဲထုတ်ခဲ့ရတဲ့ အာတီတာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ Goodison Park တွင်အာဆင်နယ်တို့ရှုံးပွဲကြုံတွေ့ရပြီးနောက်အိုလက်ဇန္ဒားဇင်ချန်ကိုအားကွင်းအတွင်းမှဆွဲထုတ်ခဲ့ရပါတယ်။

ယူကရိန်းစတားဟာပွဲပြီးခရာမှုတ်ချိန်တွင်အဲဗာတန်တိုက်စစ်သမားနီရယ်မူပေးနှင့်ပြဿနာဆက်တက်နေခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာပွဲချိန်မိနစ်၆၀တွင်ဂျိမ်းစ်တာကောစကီးရဲ့ခေါင်းတိုက်ဂိုးကြောင့်၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာချန်ပီယံဆုအတွက်ထိုးနှက်ချက်ကြုံခဲ့ပါတယ်။

ဇင်ချန်ကိုဟာပွဲပြီးချိန်တွင်လည်းအဲဗာတန်ကစားသမားများနှင့်အချင်းများနေခဲ့ပါတယ်။

ဒါကြောင့်လည်းအာတီတာဟာကွင်းအတွင်းသို့ဝင်ရောက်ကာဇင်ချန်ကိုအားအဝတ်အစားလဲခန်းအတွင်းသို့ဆွဲခေါ်လာခဲ့ရပါတယ်။

ဇင်ချန်ကိုဟာပွဲချိန်အတွင်းတွင်မူပေးနှင့်ထိပ်တိုက်တွေ့ခဲ့ရပါတယ်။

ထိုစဉ်တုန်းကမူပေးဟာကွင်းမြက်ခင်းတွင်လဲကျအောင်လုပ်ပြီးနောက်ဇင်ချန်ကိုအားကန်ရန်ပြင်ခဲ့တာတွေ့ရပါတယ်။

ယင်းနောက်၎င်းတို့နှစ်ဦးအကြားအပြန်အလှန်ပြောဆိုခဲ့ကြပြီးနှစ်ဦးလုံးအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ZawGyi






