ဘင်နီတက်ဇ်ရဲ့ပွဲတွေ့ဗျူဟာကို ယုံမှတ်ပုံအပ်လိုက်တယ်

ဘင်နီတက်ဇ်ရဲ့ပွဲတွေ့ဗျူဟာကို ယုံမှတ်ပုံအပ်လိုက်တယ်

သုံးသပ်သူ – သန့်ဇင်ဝင်း

စနေညပရီးမီးယားလိဂ်ပွဲတွေထဲမှာမန်စီးတီးနဲ့ လီဗာပူးပွဲတွေကသုံးဂိုးပြတ်နိုင်ဖို့လိုတဲ့အထိကြေးပြင်းနေပြီးကျန်ပွဲတွေရဲ့ ဘော်ဒီကြေးဖွင့်လှစ်ထားမှုကတော့ကွာဟချက်သိပ်မရှိတာတွေ့ရတယ်။ ဗီလာနဲ့ ဘရိုက်တန်နှစ် သင်းကတစ်လုံးစားတွေအထိ နည်းနည်ပြင်းရှနေပေမယ့် ကျန်ပွဲတွေက မတိမ်းမယိမ်းအကျောပေးမှုလေးတွေပဲ ရှိတာတွေ့ရတယ်။ ရာသီအဖွင့်ပွဲရှုံးထားတဲ့ ဗီလာမှာဂရီယာလစ်ရှ်မရှိတော့ခြင်းကအသင်းအထိုင်ကိုမတည်မငြိမ်ဖြစ်စေတဲ့အတွက်ကြိုက်သလိုရှိပေမယ့်နယူးကာဆယ်ရဲ့ ဂိုးပုံမှန်ပြန်သွင်းလာနိုင်တဲ့ခြေစွမ်းကြောင့်မစွန့်စားချင်တော့ဘူး။

နည်းပြသစ်ဗီအဲရာနဲ့အသင်ကိုပြောင်းလဲပြင်ဆင်မှုစလုပ်တုန်းသာရှိသေးလို့ အဆင်သင့်မဖြစ်သေးတဲ့ပဲလေ့စ်နဲ့တကယ့်ကိုကစားပုံကောင်းတဲ့ ပရီးမီးယားလိဂ်မျက်နှာသစ်ဘရန့်ဖို့ဒ်ပွဲမှာကြေးကဆတူနီးပါး ဖြစ်နေပြန်တယ်။ ဘောလုံးမပါဘဲခံစစ်ရွေ့လျားပုံကောင်းခဲ့လို့ အာဆင်နယ်ကိုတောင်နှစ်ဂိုးပြတ်နိုင်ခဲ့တဲ့ဘရန့်ဖို့ဒ်ကို ကြိုက်နေပေမယ့်လည်းပရီးမီးယားလိဂ်ကိုခုမှခြေချဖူးတဲ့အသင်းတစ်သင်းရဲ့ ပထမဆုံးအဝေးကွင်းပွဲဖြစ်နေလို့ ဒီပွဲလည်းစွန့်စားလိုစိတ်မရှိပါဘူး။

ဒါကြောင့်စိတ်ဝင်စားစရာအကောင်းဆုံးအနေအထားဖွင့်လှစ်ထားတဲ့ပွဲတစ်ပွဲကိုရွေးချယ်ဖို့ဖြစ်လာတယ်။ အဲ့ဒါကတော့ တကယ့်ဝါရင့်နည်းပြကြီးနှစ်ဦးဖြစ်တဲ့ဘီယဲလ်ဆာရဲ့လိဒ်စ်ယူနိုက်တက်နဲ့ ဘင်နီတက်ဇ်ရဲ့အဲဗာတန်တို့ ပွဲပဲဖြစ်ပါတယ်။ တရုတ်လိဂ်ကပြန်လာပြီးဇွန်လကအဲဗာတန်ကိုနည်းပြခဲ့တဲ့ဘင်နီတက်ဇ်ရဲ့ ပွဲစီမံကိန်း Match Plan ကိုပြီးခဲ့တဲ့ဆောက်သမ်တန်နဲ့ပွဲမှာတော်တော်လေးသဘောကျခဲ့မိတယ်။ ကြေးကလည်းလိဒ်စ်ကသရေဆိုပါပါးနစ်နာမယ့်ကြေးပေးထားတယ်။

လိဒ်စ်ဟာ ရာသီအဖွင့် မန်ယူနဲ့ပွဲမှာ ၅-၁ နဲ့ရှုံးထားပြီး လိဒ်စ်ဟာ အဆင့်မြင့်တဲ့အသင်းတစ်သင်းဖြစ်တယ်ဆိုတာ ကို ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ဘီယဲလ်ဆာသိပ်ကြိုက်တဲ့ တိုက်စစ်ဦးစားပေး အနီးပေးကစားကွက်ဟာ ဂိုးတွေများ စွာကို သွင်းနိုင်ခဲ့ပေမယ့် ပွဲရလဒ်မှာတော့ တည်ငြိမ်မှုမရှိခဲ့ဘူး။ မနှစ်က အိမ်ကွင်း ၁၉ ပွဲမှာ ရှစ်ပွဲနိုင်၊ ၅ ပွဲသရေနဲ့ ၆ပွဲရှုံးဆိုတဲ့အနေအထားဟာ အိမ်ကွင်းကောင်းတယ်လို့ မပြောနိုင်ပါဘူး။ အဲဗာတန်ကတော့ မနှစ်ကတည်းက အဝေးကွင်း ၁၉ ပွဲမှာ ၄ ပွဲသာရှုံးပြီး ၁၁ ပွဲအထိနိုင်ခဲ့တယ်။ အဲဗာတန်ရဲ့ပရီးမီးယားလိဂ်ရစ်သမ်ဟာလည်းနောက်ဆုံး ၁၀ ပွဲဆက်ရှုံးပွဲမရှိတဲ့အထိကောင်းနေခဲ့တာကြောင့်ယေဘုယျအားဖြင့်အဲဗာတန်ကိုဒီပွဲမှာအကြိုက်ဆုံးရွေးဖြစ်သွားတာပါ။

ယေဘုယျမဟုတ်တဲ့အနီးစပ်ဆုံးလေ့လာမိခဲ့တဲ့ အဲဗာတန်အနေအထားကိုထပ်ပြီး ချီးမွမ်းခန်းဖွင့်ရင်းနိဂုံးချုပ်ပါ မယ်။ ကစားသမားအင်အား၊ တိုက်စစ်ကစားသမားတွေအဆင့်အတန်း၊ ဘင်နီတက်ဇ်ရဲ့ နည်းဗျူဟာချဉ်းကပ်မှုကို ဆောက်သမ်တန်နဲ့ပွဲမှာတော်တော်ကြိုက်ခဲ့တယ်။ ဒူကူရီ၊ ရီချာလစ်ဆန်၊ ကလာဗတ်လီဝန်တို့ မျှော်လင့်ထားတဲ့ အတိုင်း ဂိုးတွေသွင်းခဲ့ရာမှာဂိုးသွင်းသေသပ်တဲ့တိုက်စစ်မှူးနှစ်ဦး (ရီချာလစ်ဆန်နဲ့ ကလာဗတ်)တို့ဆီ အန္တရာယ်ဇုန်(ပယ်နယ်တီဧရိယာ)ထဲ ထောင့်ဖြတ်ဘော၂၅ ကြိမ်ပေးပို့နိုင်ခဲ့တာကပွဲအဖြေကိုထုတ်ပေးခဲ့တာပါပဲ။ ကလာဗတ်လီဝန်လည်းဒီဖြတ်တင်ဘောကနေ သူသိပ်ကြိုက်တဲ့ဂိုးသွင်းပုံအတိုင်းခေါင်းတိုက်ဂိုးသွင်းပြီးဆောက်သမ်တန်ကိုသာသာလေးနိုင်သွားလို့ လိဒ်စ်ကိုလည်းဘင်နီတက်ဇ်ရဲ့ ပွဲချဉ်းကပ်ပုံ၊ ရီချာလစ်ဆန်နဲ့ ကလာဗတ်လီဝန်တို့ ရဲ့ ဂိုးသွင်းကောင်းမှုတွေနဲ့ အနိုင်ကစားသွားမှာပဲလို့ ယုံမှတ်ပုံအပ်လိုက်ပါပြီ။

zawgyi

ဘင္နီတက္ဇ္ရဲ႕ပြဲေတြ႕ဗ်ဴဟာကို ယုံမွတ္ပုံအပ္လိုက္တယ္

သန႔္ဇင္ဝင္း

စေနည ပရီးမီးယားလိဂ္ပြဲေတြထဲမွာ မန္စီးတီးနဲ႔ လီဗာပူးပြဲေတြက သုံးဂိုးျပတ္ႏိုင္ဖို႔လိုတဲ့အထိ ေၾကးျပင္းေနၿပီး က်န္ပြဲေတြရဲ႕ ေဘာ္ဒီေၾကးဖြင့္လွစ္ထားမႈကေတာ့ ကြာဟခ်က္သိပ္မရွိတာေတြ႕ရတယ္။ ဗီလာနဲ႔ ဘ႐ိုက္တန္ႏွစ္ သင္းကတစ္လုံးစားေတြအထိ နည္းနည္ျပင္းရွေနေပမယ့္ က်န္ပြဲေတြက မတိမ္းမယိမ္းအေက်ာေပးမႈေလးေတြပဲ ရွိတာေတြ႕ရတယ္။ ရာသီအဖြင့္ပြဲရႈံးထားတဲ့ ဗီလာမွာ ဂရီယာလစ္ရွ္မရွိေတာ့ျခင္းက အသင္းအထိုင္ကို မတည္ မၿငိမ္ျဖစ္ေစတဲ့အတြက္ ႀကိဳက္သလိုရွိေပမယ့္ နယူးကာဆယ္ရဲ႕ ဂိုးပုံမွန္ျပန္သြင္းလာႏိုင္တဲ့ ေျခစြမ္းေၾကာင့္ မစြန႔္ စားခ်င္ေတာ့ဘူး။

နည္းျပသစ္ဗီအဲရာနဲ႔အသင္ကို ေျပာင္းလဲျပင္ဆင္မႈစလုပ္တုန္းသာရွိေသးလို႔ အဆင္သင့္မျဖစ္ ေသးတဲ့ ပဲေလ့စ္နဲ႔ တကယ့္ကိုကစားပုံေကာင္းတဲ့ ပရီးမီးယားလိဂ္မ်က္ႏွာသစ္ ဘရန႔္ဖို႔ဒ္ပြဲမွာ ေၾကးကဆတူနီးပါး ျဖစ္ေနျပန္တယ္။ ေဘာလုံးမပါဘဲ ခံစစ္ေ႐ြ႕လ်ားပုံေကာင္းခဲ့လို႔ အာဆင္နယ္ကိုေတာင္ ႏွစ္ဂိုးျပတ္ႏိုင္ခဲ့တဲ့ဘရန႔္ဖို႔ဒ္ ကို ႀကိဳက္ေနေပမယ့္လည္း ပရီးမီးယားလိဂ္ကို ခုမွေျခခ်ဖူးတဲ့အသင္းတစ္သင္းရဲ႕ ပထမဆုံးအေဝးကြင္းပြဲျဖစ္ေန လို႔ ဒီပြဲလည္း စြန႔္စားလိုစိတ္မရွိပါဘူး။

ဒါေၾကာင့္ စိတ္ဝင္စားစရာအေကာင္းဆုံးအေနအထားဖြင့္လွစ္ထားတဲ့ပြဲတစ္ပြဲကို ေ႐ြးခ်ယ္ဖို႔ျဖစ္လာတယ္။ အဲ့ဒါ ကေတာ့ တကယ့္ဝါရင့္နည္းျပႀကီးႏွစ္ဦးျဖစ္တဲ့ ဘီယဲလ္ဆာရဲ႕ လိဒ္စ္ယူႏိုက္တက္နဲ႔ ဘင္နီတက္ဇ္ရဲ႕ အဲဗာတန္တို႔ ပြဲပဲျဖစ္ပါတယ္။ တ႐ုတ္လိဂ္ကျပန္လာၿပီး ဇြန္လက အဲဗာတန္ကိုနည္းျပခဲ့တဲ့ ဘင္နီတက္ဇ္ရဲ႕ ပြဲစီမံကိန္း Match Plan ကိုၿပီးခဲ့တဲ့ေဆာက္သမ္တန္နဲ႔ပြဲမွာ ေတာ္ေတာ္ေလးသေဘာက်ခဲ့မိတယ္။ ေၾကးကလည္း လိဒ္စ္က သေရဆို ပါပါးနစ္နာမယ့္ေၾကးေပးထားတယ္။

လိဒ္စ္ဟာ ရာသီအဖြင့္ မန္ယူနဲ႔ပြဲမွာ ၅-၁ နဲ႔ရႈံးထားၿပီး လိဒ္စ္ဟာ အဆင့္ျမင့္တဲ့အသင္းတစ္သင္းျဖစ္တယ္ဆိုတာ ကို ျငင္းလို႔မရပါဘူး။ ဒါေပမဲ့ ဘီယဲလ္ဆာသိပ္ႀကိဳက္တဲ့ တိုက္စစ္ဦးစားေပး အနီးေပးကစားကြက္ဟာ ဂိုးေတြမ်ား စြာကို သြင္းႏိုင္ခဲ့ေပမယ့္ ပြဲရလဒ္မွာေတာ့ တည္ၿငိမ္မႈမရွိခဲ့ဘူး။ မႏွစ္က အိမ္ကြင္း ၁၉ ပြဲမွာ ရွစ္ပြဲႏိုင္၊ ၅ ပြဲသေရနဲ႔ ၆ပြဲရႈံးဆိုတဲ့အေနအထားဟာ အိမ္ကြင္းေကာင္းတယ္လို႔ မေျပာႏိုင္ပါဘူး။ အဲဗာတန္ကေတာ့ မႏွစ္ကတည္းက အေဝးကြင္း ၁၉ ပြဲမွာ ၄ ပြဲသာရႈံးၿပီး ၁၁ ပြဲအထိႏိုင္ခဲ့တယ္။ အဲဗာတန္ရဲ႕ ပရီးမီးယားလိဂ္ရစ္သမ္ဟာလည္း ေနာက္ ဆုံး ၁၀ ပြဲဆက္ ရႈံးပြဲမရွိတဲ့အထိေကာင္းေနခဲ့တာေၾကာင့္ ေယဘုယ်အားျဖင့္ အဲဗာတန္ကို ဒီပြဲမွာ အႀကိဳက္ဆုံး ေ႐ြးျဖစ္သြားတာပါ။

ေယဘုယ်မဟုတ္တဲ့ အနီးစပ္ဆုံးေလ့လာမိခဲ့တဲ့ အဲဗာတန္အေနအထားကိုထပ္ၿပီး ခ်ီးမြမ္းခန္းဖြင့္ရင္း နိဂုံးခ်ဳပ္ပါ မယ္။ ကစားသမားအင္အား၊ တိုက္စစ္ကစားသမားေတြအဆင့္အတန္း၊ ဘင္နီတက္ဇ္ရဲ႕ နည္းဗ်ဴဟာခ်ဥ္းကပ္မႈကို ေဆာက္သမ္တန္နဲ႔ပြဲမွာ ေတာ္ေတာ္ႀကိဳက္ခဲ့တယ္။ ဒူကူရီ၊ ရီခ်ာလစ္ဆန္၊ ကလာဗတ္လီဝန္တို႔ ေမွ်ာ္လင့္ထားတဲ့ အတိုင္း ဂိုးေတြသြင္းခဲ့ရာမွာ ဂိုးသြင္းေသသပ္တဲ့ တိုက္စစ္မႉးႏွစ္ဦး (ရီခ်ာလစ္ဆန္နဲ႔ ကလာဗတ္)တို႔ဆီ အႏၲရာယ္ ဇုန္(ပယ္နယ္တီဧရိယာ)ထဲ ေထာင့္ျဖတ္ေဘာ ၂၅ ႀကိမ္ ေပးပို႔ႏိုင္ခဲ့တာက ပြဲအေျဖကိုထုတ္ေပးခဲ့တာပါပဲ။ ကလာ ဗတ္လီဝန္လည္း ဒီျဖတ္တင္ေဘာကေန သူသိပ္ႀကိဳက္တဲ့ဂိုးသြင္းပုံအတိုင္း ေခါင္းတိုက္ဂိုးသြင္းၿပီး ေဆာက္သမ္ တန္ကို သာသာေလးႏိုင္သြားလို႔ လိဒ္စ္ကိုလည္း ဘင္နီတက္ဇ္ရဲ႕ ပြဲခ်ဥ္းကပ္ပုံ၊ ရီခ်ာလစ္ဆန္နဲ႔ ကလာဗတ္လီဝန္တို႔ ရဲ႕ ဂိုးသြင္းေကာင္းမႈေတြနဲ႔ အႏိုင္ကစားသြားမွာပဲလို႔ ယုံမွတ္ပုံအပ္လိုက္ပါၿပီ။