ဂိုးပေါင်းအောက်ကို အကြိုက်တွေ့မိတယ်

ဗုဒ္ဓဟူးည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

အဲဗာတန် နှင့် ဝုဗ် (ည ၁၁း၃၀)(အိုဇုန်း)

အသက်မဲ့လာတဲ့ အဲဗာတန်တိုက်စစ်ကအရမ်းကိုစိတ်ပျက်စရာကောင်းလှတယ်။ သူတို့ကြည့်ရတာယူရိုပါလိဂ်ဝင်ခွင့်ကို မက်မောပုံမရဘဲအခုဆိုရင်ထူးမခြားနားဘဝကို ရောက်ရှိလာခဲ့ရပါပြီ။အခုပွဲကိုလည်းအဲဗာတန်အနာခံကစားမှာမဟုတ်ဘဲ တိုက်စစ်ညံ့ဖျင်းတာကို မြင်ရဖို့သေချာတယ်။

ဝုဗ်ကလည်းသူတို့ရဲ့အဝေးကွင်းနောက်ဆုံး၄ပွဲဆက်တိုက်ဂိုးပေါင်းအောက်တွေချည်း ကစားထားတဲ့အသင်းပါ။ဒါကြောင့်အခုပွဲမှာနှစ်သင်းစလုံးတိုက်စစ်အညံ့ပြိုင်ကြဖို့များတယ်။

အမှတ်လိုအပ်ကြခြင်းမရှိဘဲခပ်အေးအေးကစားမယ့်အသင်းနှစ်သင်းရင်ဆိုင်မှုဖြစ်လို့ ဂိုးပေါင်းအောက်ကိုအကြိုက်တွေ့မိတယ်။

zawgyi




