
ပေါ်တူဂီနှင့်ယူနိုက်တက်ကွင်းလယ်တိုက်စစ်သမားဘရူနိုဖာနန်ဒက်စ်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်မော်ရိုကိုကို၁-ဝဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက် ယင်းပွဲကိုအာဂျင်တီးနားဒိုင်လူကြီးအားခန့်အပ်မှုအတွက်ဝေဖန်ပြောဆိုလာပါတယ်။
မော်ရိုကိုဟာပေါ်တူဂီကိုပထမပိုင်းပြီးခါနီးတွင်ယူဆွတ်ဖ်အန်နက်စ်ယီရဲ့အမြင့်ခေါင်းတိုက်ဂိုးဖြင့်၁-ဝဂိုးဖြင့်အနိုင်ရရှိကာဆီမီးဖိုင်နယ်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။
မော်ရိုကိုဟာပွဲပြီးခါနီးတွင်ဝါလစ်ချက်ဒီရာတို့အနီကတ်ပြထုတ်ပယ်ခံရမှုကြောင့်၁၀ဦးတည်းဖြင့်ကစားခဲ့ရပေမဲ့ပေါ်တူဂီတို့ချေပဂိုးရှာမတွေ့ခဲ့ပါဘူး။
ပွဲအပြီးတွင်ပေါ်တူဂီအသင်းခေါင်းဆောင်ပီပီဟာမော်ရိုကိုကိုရှုံးနိမ့်တဲ့ပွဲအားကိုင်တွယ်ခဲ့တဲ့အာဂျင်တီးနားဒိုင်လူကြီးအားဝေဖန်ပြောဆိုခဲ့ပါတယ်။
ယခုအခါဖာနန်ဒက်စ်ကလည်းအာဂျင်တီးနားဒိုင်လူကြီးဖာကန်ဒိုတဲလ်လိုမှာ အာဂျင်တီးနားအသင်းကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်စေလိုမှုနှင့်အတူအကွက်ကျကျစီစဉ်လာခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။
ဖာနန်ဒက်စ်ဟာပွဲအပြီးတွင်အာဂျင်တီးနားဒိုင်ထံသို့သွားရောက်ကာစကားပြောရန်ကြိုးပမ်းခဲ့ပေမဲ့လည်းပေါ်တူဂီဘောလုံးအဖွဲ့ချုပ်မီဒီယာအရာရှိကတားဆီးမှုပြုလုပ်ခဲ့ပါတယ်။
ယင်းကိုဖာနန်ဒက်စ်က “ငါ့ကိုလာမထိနဲ့။ပြောစရာရှိတာတော့ပြောရမှာဘဲ။ဒီကောင်တွေကိုဆော်ပစ်ရမယ်”လို့ပြောဆိုခဲ့ပါတယ်။
ယင်းနောက်ဖာနန်ဒက်စ်က “အာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်လုပ်ဆောင်ထားသလားမသိပါဘူး။ဒါပေမဲ့ဒီပြိုင်ပွဲမှာ ရှိနေဆဲဖြစ်တဲ့နိုင်ငံတစ်နိုင်ငံကဒိုင်လူကြီးကိုကျုပ်တို့ပွဲကိုကိုင်တွယ်ဖို့ခန့်အပ်တာမထူးဆန်းဘူးလား။ကမ္ဘာ့ဖလားမှာပေါ်တူဂီဒိုင်လူကြီးမရှိပါဘူး။ကျုပ်တို့ဒိုင်လူကြီးတွေလည်းချန်ပီယံလိဂ်မှာကိုင်တွယ်နေတာပါ။သူတို့မှာအရည်အချင်းရှိတယ်။ဒီမှာကိုင်တွယ်နိုင်တဲ့အဆင့်ရှိတယ်။ဒီဒိုင်တွေကချန်ပီယံလိဂ်မကိုင်တွယ်ဖူးဘူး။ဒီလိုပွဲမျိုးမကိုင်တွယ်ဖူးဘူး။မြန်နှုန်းလည်းမရှိဘူး။ပထမပိုင်းမှာပင်နယ်တီရခဲ့သင့်တယ်။ဒါနဲ့ပတ်သက်ပြီးလုံးဝသံသယမဝင်ဘူး။ကျွန်တော့်ဘဝမှာဘယ်တုန်းကမှဟန်ဆောင်မလဲချဖူးဘူး။ဂိုးသမားနဲ့တစ်ဦးချင်းတွေ့တာ။ဂိုးထဲကန်ထည့်လို့ရတဲ့အနေအထားဖြစ်နေပြီ။ဒါကရှင်းရှင်းလေးပါ”လို့ပြောကြားသွားပါတယ်။
ဒိုင်လူကြီးဖာကန်ဒိုတဲလ်လိုအားဝေဖန်ခဲ့ကြတဲ့ပေါ်တူဂီရဲ့ပီပီနှင့်ဖာနန်ဒက်စ်တို့ဟာဖီဖာရဲ့နိုင်ငံတကာပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရဖို့ရှိနေပါတယ်။
zawgyi
ေမာ္႐ိုကိုအား ရႈံးနိမ့္ၿပီးေနာက္ အာဂ်င္တီးနားကို ခ်န္ပီယံျဖစ္ေအာင္ အကြက္က်က်စီစဥ္ထားတယ္ဆိုၿပီး ဘ႐ူႏိုဖာနန္ဒက္စ္စြပ္စြဲ
ေပၚတူဂီႏွင့္ယူႏိုက္တက္ကြင္းလယ္တိုက္စစ္သမားဘ႐ူႏိုဖာနန္ဒက္စ္ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေမာ္႐ိုကိုကို၁-ဝဂိုးျဖင့္ရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္မွထြက္ခြာခဲ့ရၿပီးေနာက္ ယင္းပြဲကိုအာဂ်င္တီးနားဒိုင္လူႀကီးအားခန႔္အပ္မႈအတြက္ေဝဖန္ေျပာဆိုလာပါတယ္။
ေမာ္႐ိုကိုဟာေပၚတူဂီကိုပထမပိုင္းၿပီးခါနီးတြင္ယူဆြတ္ဖ္အန္နက္စ္ယီရဲ႕အျမင့္ေခါင္းတိုက္ဂိုးျဖင့္၁-ဝဂိုးျဖင့္အႏိုင္ရရွိကာဆီမီးဖိုင္နယ္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
ေမာ္႐ိုကိုဟာပြဲၿပီးခါနီးတြင္ဝါလစ္ခ်က္ဒီရာတို႔အနီကတ္ျပထုတ္ပယ္ခံရမႈေၾကာင့္၁၀ဦးတည္းျဖင့္ကစားခဲ့ရေပမဲ့ေပၚတူဂီတို႔ေခ်ပဂိုးရွာမေတြ႕ခဲ့ပါဘူး။
ပြဲအၿပီးတြင္ေပၚတူဂီအသင္းေခါင္းေဆာင္ပီပီဟာေမာ္႐ိုကိုကိုရႈံးနိမ့္တဲ့ပြဲအားကိုင္တြယ္ခဲ့တဲ့အာဂ်င္တီးနားဒိုင္လူႀကီးအားေဝဖန္ေျပာဆိုခဲ့ပါတယ္။
ယခုအခါဖာနန္ဒက္စ္ကလည္းအာဂ်င္တီးနားဒိုင္လူႀကီးဖာကန္ဒိုတဲလ္လိုမွာ အာဂ်င္တီးနားအသင္းကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္ေစလိုမႈႏွင့္အတူအကြက္က်က်စီစဥ္လာျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။
ဖာနန္ဒက္စ္ဟာပြဲအၿပီးတြင္အာဂ်င္တီးနားဒိုင္ထံသို႔သြားေရာက္ကာစကားေျပာရန္ႀကိဳးပမ္းခဲ့ေပမဲ့လည္းေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္မီဒီယာအရာရွိကတားဆီးမႈျပဳလုပ္ခဲ့ပါတယ္။
ယင္းကိုဖာနန္ဒက္စ္က “ငါ့ကိုလာမထိနဲ႔။ေျပာစရာရွိတာေတာ့ေျပာရမွာဘဲ။ဒီေကာင္ေတြကိုေဆာ္ပစ္ရမယ္”လို႔ေျပာဆိုခဲ့ပါတယ္။
ယင္းေနာက္ဖာနန္ဒက္စ္က “အာဂ်င္တီးနားကိုခ်န္ပီယံျဖစ္ေအာင္လုပ္ေဆာင္ထားသလားမသိပါဘူး။ဒါေပမဲ့ဒီၿပိဳင္ပြဲမွာ ရွိေနဆဲျဖစ္တဲ့ႏိုင္ငံတစ္ႏိုင္ငံကဒိုင္လူႀကီးကိုက်ဳပ္တို႔ပြဲကိုကိုင္တြယ္ဖို႔ခန႔္အပ္တာမထူးဆန္းဘူးလား။ကမာၻ႔ဖလားမွာေပၚတူဂီဒိုင္လူႀကီးမရွိပါဘူး။က်ဳပ္တို႔ဒိုင္လူႀကီးေတြလည္းခ်န္ပီယံလိဂ္မွာကိုင္တြယ္ေနတာပါ။သူတို႔မွာအရည္အခ်င္းရွိတယ္။ဒီမွာကိုင္တြယ္ႏိုင္တဲ့အဆင့္ရွိတယ္။ဒီဒိုင္ေတြကခ်န္ပီယံလိဂ္မကိုင္တြယ္ဖူးဘူး။ဒီလိုပြဲမ်ိဳးမကိုင္တြယ္ဖူးဘူး။ျမန္ႏႈန္းလည္းမရွိဘူး။ပထမပိုင္းမွာပင္နယ္တီရခဲ့သင့္တယ္။ဒါနဲ႔ပတ္သက္ၿပီးလုံးဝသံသယမဝင္ဘူး။ကြၽန္ေတာ့္ဘဝမွာဘယ္တုန္းကမွဟန္ေဆာင္မလဲခ်ဖူးဘူး။ဂိုးသမားနဲ႔တစ္ဦးခ်င္းေတြ႕တာ။ဂိုးထဲကန္ထည့္လို႔ရတဲ့အေနအထားျဖစ္ေနၿပီ။ဒါကရွင္းရွင္းေလးပါ”လို႔ေျပာၾကားသြားပါတယ္။
ဒိုင္လူႀကီးဖာကန္ဒိုတဲလ္လိုအားေဝဖန္ခဲ့ၾကတဲ့ေပၚတူဂီရဲ႕ပီပီႏွင့္ဖာနန္ဒက္စ္တို႔ဟာဖီဖာရဲ႕ႏိုင္ငံတကာပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံလာရဖို႔ရွိေနပါတယ္။