ဖာဂူဆန်ရဲ့နေရာကိုဆက်ခံရန်အလွန်နီးစပ်ခဲ့ကြောင်းအင်္ဂလန်နည်းပြဟောင်းဖွင့်ဟ

အင်္ဂလန်နည်းပြဟောင်းတစ်ဦးကလွန်ခဲ့တဲ့၁၁နှစ်ကာလတုန်းကမန်ယူမှဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားစဉ်ကမန်ယူနည်းပြရာထူးကိုရယူရန်အလွန်နီးစပ်ခဲ့ကြောင်းပြောကြားလာပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ၂၀၀၁-၀၂ဘောလုံးရာသီတုန်းကရာသီအကုန်တွင်နည်းပြဘဝမှအနားယူတော့မှာဖြစ်ကြောင်းကြေညာခဲ့ပြီးယင်းကြေညာချက်ကြောင့်ဘောလုံးလောကတစ်ခုလုံးအံ့ဩခဲ့ကြရပါတယ်။အီတလီလူမျိုးနည်းပြဖေဘီယိုကာပယ်လိုဟာလည်းမန်ယူနည်းပြရာထူးကိုရယူရေးဆွေးနွေးခဲ့တဲ့သူများထဲမှတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာဆာအဲလက်စ်ဖာဂူဆန်စိတ်ပြောင်းသွားခဲ့ပါတယ်။

ကာပယ်လိုက “အရမ်းနီးစပ်ခဲ့တယ်။ဒါအမှန်တရားပါ။မန်ချက်စတာယူနိုက်တက်အသင်းကိုလေ့ကျင့်ပေးချင်တယ်ဆိုတာကျွန်တော်မငြင်းလိုပါဘူး”လို့ပြောကြားသွားခဲ့ပါတယ်။

ထိုစဉ်ကဖေဘီယိုကာပယ်လိုဟာရိုးမားနည်းပြရာထူးမှထွက်ခွာရန်အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ဒါပေမယ့်ဖာဂူဆန်ဟာစိတ်ပြောင်းလဲသွားခဲ့ပြီးကာပယ်လိုကိုဖုန်းဆက်ကာရှင်းလင်းမှုပြုလုပ်ခဲ့ရပါတယ်။

ကာပယ်လိုက “၂၀၀၁ခုနှစ်မှာရိုးမားနဲ့စီးရီးအေဖလားရပြီးတော့ရောမသို့လာရောက်လည်ပတ်တဲ့ကိုယ်စားလှယ်တွေနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဟာဆာအဲလက်စ်ကအနားမယူဖို့ဆုံးဖြတ်လိုက်တာကြောင့်ဘာစာချုပ်စာတမ်းမှာမှလက်မှတ်မထိုးခဲ့ရပါဘူး။ရက်အနည်းငယ်ကြာတော့သူဟာကျွန်တော့်ဆီကိုဖုန်းဆက်ပြီးတောင်းပန်ခဲ့ပါတယ်။သူ့မိန်းမကနည်းပြလောကကအနားယူစေချင်လို့လုပ်ခဲ့ရတာလို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အကြားမှာကောင်းမွန်တဲ့စကားစမြည်ပြောကြားမှုဖြစ်ခဲ့ပါတယ်။ပြီးတော့ကျွန်တော်ကလည်းဘာပြဿနာမှမရှိဘူးလို့လည်းပြောခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ၂၀၀၁ခုနှစ်မှာနည်းပြလောကမှအနားယူမယ်လို့ကြေညာခဲ့ပေမယ့်တကယ်တမ်းမှာတော့အနားမယူဖြစ်ခဲ့ဘဲမန်ယူကိုပရီးမီးယားလိဂ်ဖလား၆ကြိမ်၊၂၀၀၈ချန်ပီယံလိဂ်ဖလားနှင့်အခြားဖလားများရယူပေးပြီး၂၀၁၃ခုနှစ်တွင်မှအနားယူခဲ့ပါတယ်။

ကာပယ်လိုဟာလည်း၂၀၀၄ခုနှစ်အထိရိုးမားအသင်းကိုဆက်လက်ကိုင်တွယ်ခဲ့ပြီးယင်းမှတစ်ဆင့်ဂျူဗင်တပ်၊ရီးရဲလ်မက်ဒရစ်တို့ကိုကိုင်တွယ်ခဲ့ကာ၂၀၀၇ခုနှစ်တွင်အင်္ဂလန်နည်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။

 

zawgyi

ဖာဂူဆန္ရဲ႕နည္းျပရာထူးကိုဆက္ခံရန္ အလြန္နီးစပ္ခဲ့ေၾကာင္းအဂၤလန္နည္းျပေဟာင္းဖြင့္ဟ

အဂၤလန္နည္းျပေဟာင္းတစ္ဦးကလြန္ခဲ့တဲ့၁၁ႏွစ္ကာလတုန္းကမန္ယူမွဆာအဲလက္စ္ဖာဂူဆန္ထြက္ခြာသြားစဥ္ကမန္ယူနည္းျပရာထူးကိုရယူရန္အလြန္နီးစပ္ခဲ့ေၾကာင္းေျပာၾကားလာပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ဟာ၂၀၀၁-၀၂ေဘာလုံးရာသီတုန္းကရာသီအကုန္တြင္နည္းျပဘဝမွအနားယူေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ၿပီးယင္းေၾကညာခ်က္ေၾကာင့္ေဘာလုံးေလာကတစ္ခုလုံးအံ့ဩခဲ့ၾကရပါတယ္။အီတလီလူမ်ိဳးနည္းျပေဖဘီယိုကာပယ္လိုဟာလည္းမန္ယူနည္းျပရာထူးကိုရယူေရးေဆြးေႏြးခဲ့တဲ့သူမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။ဒါေပမယ့္ေနာက္ပိုင္းမွာဆာအဲလက္စ္ဖာဂူဆန္စိတ္ေျပာင္းသြားခဲ့ပါတယ္။

ကာပယ္လိုက “အရမ္းနီးစပ္ခဲ့တယ္။ဒါအမွန္တရားပါ။မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေလ့က်င့္ေပးခ်င္တယ္ဆိုတာကြၽန္ေတာ္မျငင္းလိုပါဘူး”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ထိုစဥ္ကေဖဘီယိုကာပယ္လိုဟာ႐ိုးမားနည္းျပရာထူးမွထြက္ခြာရန္အဆင္သင့္ျဖစ္ေနခဲ့ပါတယ္။ဒါေပမယ့္ဖာဂူဆန္ဟာစိတ္ေျပာင္းလဲသြားခဲ့ၿပီးကာပယ္လိုကိုဖုန္းဆက္ကာရွင္းလင္းမႈျပဳလုပ္ခဲ့ရပါတယ္။

ကာပယ္လိုက “၂၀၀၁ခုႏွစ္မွာ႐ိုးမားနဲ႔စီးရီးေအဖလားရၿပီးေတာ့ေရာမသို႔လာေရာက္လည္ပတ္တဲ့ကိုယ္စားလွယ္ေတြနဲ႔စကားေျပာျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာဆာအဲလက္စ္ကအနားမယူဖို႔ဆုံးျဖတ္လိုက္တာေၾကာင့္ဘာစာခ်ဳပ္စာတမ္းမွာမွလက္မွတ္မထိုးခဲ့ရပါဘူး။ရက္အနည္းငယ္ၾကာေတာ့သူဟာကြၽန္ေတာ့္ဆီကိုဖုန္းဆက္ၿပီးေတာင္းပန္ခဲ့ပါတယ္။သူ႔မိန္းမကနည္းျပေလာကကအနားယူေစခ်င္လို႔လုပ္ခဲ့ရတာလို႔ဆိုပါတယ္။ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔အၾကားမွာေကာင္းမြန္တဲ့စကားစျမည္ေျပာၾကားမႈျဖစ္ခဲ့ပါတယ္။ၿပီးေတာ့ကြၽန္ေတာ္ကလည္းဘာျပႆနာမွမရွိဘူးလို႔လည္းေျပာခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ဟာ၂၀၀၁ခုႏွစ္မွာနည္းျပေလာကမွအနားယူမယ္လို႔ေၾကညာခဲ့ေပမယ့္တကယ္တမ္းမွာေတာ့အနားမယူျဖစ္ခဲ့ဘဲမန္ယူကိုပရီးမီးယားလိဂ္ဖလား၆ႀကိမ္၊၂၀၀၈ခ်န္ပီယံလိဂ္ဖလားႏွင့္အျခားဖလားမ်ားရယူေပးၿပီး၂၀၁၃ခုႏွစ္တြင္မွအနားယူခဲ့ပါတယ္။

ကာပယ္လိုဟာလည္း၂၀၀၄ခုႏွစ္အထိ႐ိုးမားအသင္းကိုဆက္လက္ကိုင္တြယ္ခဲ့ၿပီးယင္းမွတစ္ဆင့္ဂ်ဴဗင္တပ္၊ရီးရဲလ္မက္ဒရစ္တို႔ကိုကိုင္တြယ္ခဲ့ကာ၂၀၀၇ခုႏွစ္တြင္အဂၤလန္နည္းျပအျဖစ္တာဝန္ယူခဲ့ပါတယ္။