ဆာအဲလက်စ်ဖာဂူဆန်နဲ့ပတ်သက်ပြီးသူ့ရဲ့နောင်တတရားကိုဖွင့်ဟလာတဲ့ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာစပို့တင်းလစ္စဘွန်းမှပြောင်းရွှေ့လာပြီးတဲ့နောက်အိုးထရက်ဖို့ဒ်မှာအစစအရာရာကွင်းတွင်း/ကွင်းပြင်အဆင်ပြေချောမွေ့လာခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့ရာသီတုန်းကရာသီဝက်မှရောက်လာပေမယ့်မန်ယူကိုအကြီးအကျယ်ပြောင်းလဲပစ်နိုင်ခဲ့ကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။

သူဟာမန်ယူသို့ရောက်လာပြီးတဲ့နောက်ပြိုင်ပွဲအရပ်ရပ်မှာ၇၈ပွဲကစားကာဂိုး၄၀အထိသွင်းယူထားနိုင်ပြီးယခုရာသီမှာမန်ယူကိုယူရိုပါလိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်ပေးထားပါတယ်။

ဒါပေမယ့်လည်းသူဟာမန်ယူသို့ရောက်လာပြီးတဲ့နောက်သူ့လုပ်ချင်ပေမယ့်မလုပ်နိုင်သေးတဲ့အရာတစ်ခုရှိပါတယ်။ယင်းအတွက်လည်းသူဟာနောင်တတွေရရှိနေပါတယ်။

ဖာနန်ဒက်စ်က “ဒီကလပ်သို့ရောက်လာပြီးတဲ့နောက်ကျွန်တော်မလုပ်ဖြစ်လိုက်လို့နောင်တရတဲ့အရာကတစ်ခုတည်းဘဲရှိပါတယ်။သူ(ဆာအဲလက်စ်ဖာဂူဆန်)နဲ့တွေ့ပြီးပါပြီ။ဒါပေမယ့်သူနဲ့ကျွန်တော်စိတ်ရှိသလောက်စကားပြောခွင့်မရပါဘူး။မန်ယူကိုကြည့်ပြီးကြီးပြင်းလာတဲ့ဘယ်သူမဆိုဆာအဲလက်စ်ဖာဂူဆန်နဲ့စကားပြောချင်ကြမှာပါ၊ကျွန်တော်လည်းအေးအေးဆေးဆေးတွေ့ဆုံစကားပြောပြီးသူ့အမြင်တွေကိုသိချင်ခဲ့ပါတယ်။ကျွန်တော့်အပေါ်သူဘယ်လိုမြင်လဲသိချင်တယ်။ကျွန်တော်ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောစေချင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ဆာအဲလက္စ္ဖာဂူဆန္နဲ႔ပတ္သက္ၿပီးသူ႔ရဲ႕ေနာင္တတရားကိုဖြင့္ဟလာတဲ့ဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာစပို႔တင္းလစၥဘြန္းမွေျပာင္းေ႐ႊ႕လာၿပီးတဲ့ေနာက္အိုးထရက္ဖို႔ဒ္မွာအစစအရာရာကြင္းတြင္း/ကြင္းျပင္အဆင္ေျပေခ်ာေမြ႕လာခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာၿပီးခဲ့တဲ့ရာသီတုန္းကရာသီဝက္မွေရာက္လာေပမယ့္မန္ယူကိုအႀကီးအက်ယ္ေျပာင္းလဲပစ္ႏိုင္ခဲ့ကာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ကူညီေပးႏိုင္ခဲ့ပါတယ္။

သူဟာမန္ယူသို႔ေရာက္လာၿပီးတဲ့ေနာက္ၿပိဳင္ပြဲအရပ္ရပ္မွာ၇၈ပြဲကစားကာဂိုး၄၀အထိသြင္းယူထားႏိုင္ၿပီးယခုရာသီမွာမန္ယူကိုယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးထားပါတယ္။

ဒါေပမယ့္လည္းသူဟာမန္ယူသို႔ေရာက္လာၿပီးတဲ့ေနာက္သူ႔လုပ္ခ်င္ေပမယ့္မလုပ္ႏိုင္ေသးတဲ့အရာတစ္ခုရွိပါတယ္။ယင္းအတြက္လည္းသူဟာေနာင္တေတြရရွိေနပါတယ္။

ဖာနန္ဒက္စ္က “ဒီကလပ္သို႔ေရာက္လာၿပီးတဲ့ေနာက္ကြၽန္ေတာ္မလုပ္ျဖစ္လိုက္လို႔ေနာင္တရတဲ့အရာကတစ္ခုတည္းဘဲရွိပါတယ္။သူ(ဆာအဲလက္စ္ဖာဂူဆန္)နဲ႔ေတြ႕ၿပီးပါၿပီ။ဒါေပမယ့္သူနဲ႔ကြၽန္ေတာ္စိတ္ရွိသေလာက္စကားေျပာခြင့္မရပါဘူး။မန္ယူကိုၾကည့္ၿပီးႀကီးျပင္းလာတဲ့ဘယ္သူမဆိုဆာအဲလက္စ္ဖာဂူဆန္နဲ႔စကားေျပာခ်င္ၾကမွာပါ၊ကြၽန္ေတာ္လည္းေအးေအးေဆးေဆးေတြ႕ဆုံစကားေျပာၿပီးသူ႔အျမင္ေတြကိုသိခ်င္ခဲ့ပါတယ္။ကြၽန္ေတာ့္အေပၚသူဘယ္လိုျမင္လဲသိခ်င္တယ္။ကြၽန္ေတာ္ပိုေကာင္းေအာင္ဘယ္လိုလုပ္ရမလဲဆိုတာေျပာေစခ်င္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။