ဒိန်းမတ်အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်တယ်

စနေည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဖာရိုးကျွန်းစု နှင့် ဒိန်းမတ် (ည ၁း၁၅)(ဖိုးရာဇာ)

အစ္စရေးကို ၄ဂိုးပြတ်အရေးနိမ့်လိုက်တဲ့ ဖာရိုးကျွန်းစုရဲ့ခြေစွမ်းကအတော်လေးစိတ်ပျက်စရာကောင်းလွန်းလှပါတယ်။ဖာရိုးရဲ့ခံစစ်ကြောင်းကအမှားများလွန်းပြီးလက်ရှိမှာကွင်းလယ်နဲ့တိုက်စစ်ကပါ အသက်မဲ့လာတာတွေ့ရတယ်။

ဒိန်းမတ်ဆိုတာကခြေစွာပါတယ်ဆိုတဲ့အသင်းကြီးတွေကိုတောင် တောက်လျှောက်နှိပ်ကွပ်ထားနိုင်တဲ့အသင်းပါ။အစဉ်အလာမှာလည်း ဒိန်းမတ်နဲ့တွေ့တိုင်း ဖာရိုးကျွန်းစု ဂိုးပြတ်ရှုံးနိမ့်တာချည်းပါပဲ။ဒိန်းမတ် အနိမ့်ဆုံး ၃ဂိုးပြတ်အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်တယ်။

zawgyi




