FFP စည်းမျဉ်းကို ချိုးဖောက်စရာမလိုဘဲ ကစားသမားသစ်ခေါ်ယူရန် ပေါင်သန်း ၂၀၀ သုံးခွင့်ရှိနေတဲ့ ငှက်ကျားပိုင်ရှင်သစ်

နယူးကာဆယ်အသင်းပိုင်ရှင်သစ်များဟာ FFP (Financial Fair Play) စည်းမျဉ်းကိုချိုးဖောက်စရာမလိုဘဲကစားသမားသစ်ခေါ်ယူရန်အတွက်အပြောင်းအရွှေ့စရိတ်ပေါင်သန်း၂၀၀အထိအသုံးပြုနိုင်ကြောင်းသိရပါတယ်။

ယခင်နယူးကာဆယ်အသင်းပိုင်ရှင်မိုက်အက်ရှ်လေဟာပရီးမီးယားလိဂ်ကကလပ်များအားသတ်မှတ်ထားတဲ့သုံးနှစ်အတွင်းပေါင်၁၀၅သန်းအထိရှုံးနိမ့်ခြင်းမရှိစေရဆိုတဲ့စည်းမျဉ်းကိုချိုးဖောက်ခဲ့ခြင်းမရှိခဲ့လို့ဖြစ်ပါတယ်။

နယူးကာဆယ်ပိုင်ရှင်မိုက်အက်ရှ်လေဟာယင်းသုံးနှစ်တာကာလအတွင်းတွင်အရှုံးမပေါ်တဲ့အပြင်ပေါင်၃၈သန်းအထိအမြတ်ရရှိခဲ့တဲ့အပြင်အကယ်ဒမီနှင့်လူမှုရေးအစီအစဉ်တို့အတွက်ပေါင်သန်း၅၀အသုံးပြုခဲ့ပါတယ်။

ဒါကြောင့်လည်းနယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီမင်းသားရဲ့ Public Investment Fund အနေဖြင့်လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့နှင့်လာမယ့်အပြောင်းအရွှေ့ဈေးကွက်များတွင်ကစားသမားသစ်ခေါ်ယူရေးအတွက်ငွေများစွာအသုံးပြုနိုင်ပါမယ်။

နယူးကာဆယ်အသင်းပိုင်ရှင်ဟောင်းမိုက်အက်ရှ်လေဟာအသင်းကိုဦးဆောင်စဉ်ကာလအတွင်းတွင်ငွေရရှိရေးကိုသာဦးတည်လုပ်ဆောင်ပြီး ကစားသမားဝယ်ယူအားဖြည့်ရာတွင် ရင်းနှီးမြှပ်နှံမှုပြုလုပ်ခြင်းမရှိမှုနဲ့ကလပ်မှာတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။ဒါကြောင့်လည်းလွန်ခဲ့တဲ့နှစ်များစွာကတည်းကနယူးကာဆယ်ပရိသတ်များဟာအက်ရှ်လေကိုအသင်းမှထွက်ခွာရန်တောင်းဆိုလာခဲ့ကြတာကြာမြင့်ပြီဖြစ်ပါတယ်။

နယူးကာဆယ်ပရိသတ်များဟာယခုအခါဘီလျှံရာချီချမ်းသာကြွယ်ဝတဲ့ Public Investment Fund လက်အောက်သို့ရောက်လာမှုနဲ့အတူ ထိပ်တန်းကစားသမားများခေါ်ယူအားဖြည့်ပြီး ပရီးမီးယားလိဂ်ထိပ်တန်းကလပ်ဖြစ်လာရေးတည်ဆောက်ရန်မျှော်လင့်နေပါတယ်။

ZawGyi

FFP စည္းမ်ဥ္းကို ခ်ိဳးေဖာက္စရာမလိုဘဲ ကစားသမားသစ္ေခၚယူရန္ ေပါင္သန္း ၂၀၀ သုံးခြင့္ရွိေနတဲ့ ငွက္က်ားပိုင္ရွင္သစ္

နယူးကာဆယ္အသင္းပိုင္ရွင္သစ္မ်ားဟာ FFP (Financial Fair Play) စည္းမ်ဥ္းကိုခ်ိဳးေဖာက္စရာမလိုဘဲကစားသမားသစ္ေခၚယူရန္အတြက္အေျပာင္းအေ႐ႊ႕စရိတ္ေပါင္သန္း၂၀၀အထိအသုံးျပဳႏိုင္ေၾကာင္းသိရပါတယ္။

ယခင္နယူးကာဆယ္အသင္းပိုင္ရွင္မိုက္အက္ရွ္ေလဟာပရီးမီးယားလိဂ္ကကလပ္မ်ားအားသတ္မွတ္ထားတဲ့သုံးႏွစ္အတြင္းေပါင္၁၀၅သန္းအထိရႈံးနိမ့္ျခင္းမရွိေစရဆိုတဲ့စည္းမ်ဥ္းကိုခ်ိဳးေဖာက္ခဲ့ျခင္းမရွိခဲ့လို႔ျဖစ္ပါတယ္။

နယူးကာဆယ္ပိုင္ရွင္မိုက္အက္ရွ္ေလဟာယင္းသုံးႏွစ္တာကာလအတြင္းတြင္အရႈံးမေပၚတဲ့အျပင္ေပါင္၃၈သန္းအထိအျမတ္ရရွိခဲ့တဲ့အျပင္အကယ္ဒမီႏွင့္လူမႈေရးအစီအစဥ္တို႔အတြက္ေပါင္သန္း၅၀အသုံးျပဳခဲ့ပါတယ္။

ဒါေၾကာင့္လည္းနယူးကာဆယ္ပိုင္ရွင္သစ္ ေဆာ္ဒီမင္းသားရဲ႕ Public Investment Fund အေနျဖင့္လာမယ့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ႏွင့္လာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားတြင္ကစားသမားသစ္ေခၚယူေရးအတြက္ေငြမ်ားစြာအသုံးျပဳႏိုင္ပါမယ္။

နယူးကာဆယ္အသင္းပိုင္ရွင္ေဟာင္းမိုက္အက္ရွ္ေလဟာအသင္းကိုဦးေဆာင္စဥ္ကာလအတြင္းတြင္ေငြရရွိေရးကိုသာဦးတည္လုပ္ေဆာင္ၿပီး ကစားသမားဝယ္ယူအားျဖည့္ရာတြင္ ရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ျခင္းမရွိမႈနဲ႔ကလပ္မွာတျဖည္းျဖည္းက်ဆင္းလာခဲ့ပါတယ္။ဒါေၾကာင့္လည္းလြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းကနယူးကာဆယ္ပရိသတ္မ်ားဟာအက္ရွ္ေလကိုအသင္းမွထြက္ခြာရန္ေတာင္းဆိုလာခဲ့ၾကတာၾကာျမင့္ၿပီျဖစ္ပါတယ္။

နယူးကာဆယ္ပရိသတ္မ်ားဟာယခုအခါဘီလွ်ံရာခ်ီခ်မ္းသာႂကြယ္ဝတဲ့ Public Investment Fund လက္ေအာက္သို႔ေရာက္လာမႈနဲ႔အတူ ထိပ္တန္းကစားသမားမ်ားေခၚယူအားျဖည့္ၿပီး ပရီးမီးယားလိဂ္ထိပ္တန္းကလပ္ျဖစ္လာေရးတည္ေဆာက္ရန္ေမွ်ာ္လင့္ေနပါတယ္။