
ပရီးမီးယားလိဂ်ပြိုင်ဘက်များဟာFFP စည်းမျဉ်းစည်းကမ်းပေါင်းတစ်ရာကျော်တို့ကိုချိုးဖောက်ခဲ့တဲ့မန်စီးတီးကိုတန်းချရန်တောင်းဆိုနေကြပါတယ်။
ပရီးမီးယားလိဂ်ဟာမန်စီးတီးကိုဘဏ္ဍာရေးမျှတစွာသုံးစွဲရေးဥပဒေပေါင်းတစ်ရာကျော်တို့ကိုချိုးဖောက်မှုအတွက်စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။
ဒါကြောင့်လည်းမန်စီးတီးဟာအမှတ်လျှော့ချခြင်း၊အပြောင်းအရွှေ့ပြုလုပ်ခွင့်ပိတ်ပင်ခြင်း၊ငွေသုံးစွဲမှုကန့်သတ်ခံရခြင်း၊ယခင်ချန်ပီယံဆုများပြန်ရုတ်သိမ်းခံရခြင်းတို့နှင့်လည်းကြုံတွေ့ရနိုင်ပါတယ်။
မန်စီးတီးဟာ၂၀၀၉ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းတွင် FFP စည်းမျဉ်းအမြောက်အမြားကိုချိုးဖောက်ခဲ့တာဖြစ်ပြီးအသင်းရဲ့အဓိကဝင်ငွေအများစုအစစ်အမှန်ကိုဖုံးကွယ်ထားခဲ့ပါတယ်။
မန်စီးတီးဟာကစားသမားများရဲ့လုပ်ခနှင့်နည်းပြဟောင်းရောဘတ်တိုမန်စီနီတို့ကိုပေးရတဲ့ပမာဏအတိအကျကိုသာတင်ပြထားခဲ့တာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်ဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလမှစတင်ကာမန်စီးတီးကိုစစ်ဆေးလာတာဖြစ်ပြီးယခုရာသီတိုင်စစ်ဆေးနေတာပါ။
ဒါကြောင့်လည်းပရီးမီးယားလိဂ်ပြိုင်ဘက်များကတကယ်လို့များမန်စီးတီးသာFFP စည်းမျဉ်းတစ်ရာကျော်ချိုးဖောက်ကြောင်းတွေ့ရှိပါကတန်းချခံရသင့်တယ်လို့ယုံကြည်နေကြပါတယ်။
မန်စီးတီးဟာ၂၀၂၀ခုနှစ်တုန်းကလည်းယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးမျှတစွာသုံးစွဲရေးဥပဒေချိုးဖောက်မှုကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရလုနီးပါးဖြစ်ခဲ့တဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာအားကစားသမာဓိခုံရုံးတွင်အယူခံအောင်မြင်မှုကြောင့်အရေးယူခြင်းမခံခဲ့ရတာဖြစ်ပါတယ်။
ZawGyi
FFP စည္းမ်ဥ္းေပါင္း တစ္ရာေက်ာ္ကို ခ်ိဳးေဖာက္ခဲ့တဲ့ မန္စီးတီးအား တန္းခ်ရန္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္မ်ား ေတာင္းဆို
ပရီးမီးယားလိဂ္ၿပိဳင္ဘက္မ်ားဟာFFP စည္းမ်ဥ္းစည္းကမ္းေပါင္းတစ္ရာေက်ာ္တို႔ကိုခ်ိဳးေဖာက္ခဲ့တဲ့မန္စီးတီးကိုတန္းခ်ရန္ေတာင္းဆိုေနၾကပါတယ္။
ပရီးမီးယားလိဂ္ဟာမန္စီးတီးကိုဘ႑ာေရးမွ်တစြာသုံးစြဲေရးဥပေဒေပါင္းတစ္ရာေက်ာ္တို႔ကိုခ်ိဳးေဖာက္မႈအတြက္စြဲခ်က္တင္လိုက္ၿပီျဖစ္ပါတယ္။
ဒါေၾကာင့္လည္းမန္စီးတီးဟာအမွတ္ေလွ်ာ့ခ်ျခင္း၊အေျပာင္းအေ႐ႊ႕ျပဳလုပ္ခြင့္ပိတ္ပင္ျခင္း၊ေငြသုံးစြဲမႈကန႔္သတ္ခံရျခင္း၊ယခင္ခ်န္ပီယံဆုမ်ားျပန္႐ုတ္သိမ္းခံရျခင္းတို႔ႏွင့္လည္းႀကဳံေတြ႕ရႏိုင္ပါတယ္။
မန္စီးတီးဟာ၂၀၀၉ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းတြင္ FFP စည္းမ်ဥ္းအေျမာက္အျမားကိုခ်ိဳးေဖာက္ခဲ့တာျဖစ္ၿပီးအသင္းရဲ႕အဓိကဝင္ေငြအမ်ားစုအစစ္အမွန္ကိုဖုံးကြယ္ထားခဲ့ပါတယ္။
မန္စီးတီးဟာကစားသမားမ်ားရဲ႕လုပ္ခႏွင့္နည္းျပေဟာင္းေရာဘတ္တိုမန္စီနီတို႔ကိုေပးရတဲ့ပမာဏအတိအက်ကိုသာတင္ျပထားခဲ့တာလည္းျဖစ္ပါတယ္။ပရီးမီးယားလိဂ္ဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလမွစတင္ကာမန္စီးတီးကိုစစ္ေဆးလာတာျဖစ္ၿပီးယခုရာသီတိုင္စစ္ေဆးေနတာပါ။
ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ၿပိဳင္ဘက္မ်ားကတကယ္လို႔မ်ားမန္စီးတီးသာFFP စည္းမ်ဥ္းတစ္ရာေက်ာ္ခ်ိဳးေဖာက္ေၾကာင္းေတြ႕ရွိပါကတန္းခ်ခံရသင့္တယ္လို႔ယုံၾကည္ေနၾကပါတယ္။
မန္စီးတီးဟာ၂၀၂၀ခုႏွစ္တုန္းကလည္းယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးမွ်တစြာသုံးစြဲေရးဥပေဒခ်ိဳးေဖာက္မႈေၾကာင့္ခ်န္ပီယံလိဂ္ဝင္ခြင့္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ခံရလုနီးပါးျဖစ္ခဲ့တဲ့အသင္းျဖစ္ပါတယ္။၎တို႔ဟာအားကစားသမာဓိခုံ႐ုံးတြင္အယူခံေအာင္ျမင္မႈေၾကာင့္အေရးယူျခင္းမခံခဲ့ရတာျဖစ္ပါတယ္။