FIFA 21 XI တွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းမခံခဲ့ရတဲ့ လီယွန်နယ်မက်ဆီ

ဘာစီလိုနာစူပါစတားလီယွန်နယ်မက်ဆီဟာ FIFA Team of the Year ရဲ့ XI တွင် ရွေးချယ်ခြင်းမခံရပြီးနောက် Ultimate Team ကိုစတင်တဲ့၂၀၀၉ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ပါဝင်ခွင့်မရခဲ့ပါဘူး။

EA Sports ဟာနောက်ဆုံးထွက် FIFA 21 ရဲ့အကောင်းဆုံးအသင်းကိုနိုင်ငံပေါင်း၁၈၅နိုင်ငံမှပရိသတ်၁၀သန်းကျော် တို့ရဲ့မဲအဆုံးအဖြတ်ဖြင့်ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာ၂၀၀၉ခုနှစ်ကတည်းကအကောင်းဆုံးအသင်းတွင်နှစ်စဉ်ရွေးချယ်ခြင်းခံလာခဲ့ရသူဖြစ်ပြီးယခုနှစ်တွင်မူ ပီအက်စ်ဂျီစတားအမ်ဘက်ပီကိုနေရာဖယ်ပေးလိုက်ရပါတယ်။

FIFA 21 အကောင်းဆုံးအသင်းတွင်ဂိုး-နျူအာ။နောက်တန်း-ဒါးဗီးစ်၊ရာမို့စ်၊ဗန်ဒိုက်၊အလက်ဇန္ဒားအာနိုး။ကွင်းလယ်- ဖာနန်ဒက်စ်၊ဒီဘရိုင်း၊ကမ်မစ်ချ်။ရှေ့တန်း-ရော်နယ်ဒို၊လီဝန်ဒေါ့စကီး၊အမ်ဘက်ပီတို့ရွေးချယ်ခံခဲ့ရပါတယ်။

ဒါပေမယ့်မက်ဆီအနေဖြင့် FIFA 21 အကောင်းဆုံးအသင်းမှာရွေးချယ်ခံရနိုင်တဲ့အခွင့်အရေးတစ်ခုကျန်ရှိနေပါသေး တယ်။ EA Sports ဟာ လာမယ့်အပတ်မှာ 12th Man အဖြစ်တစ်နောက်တစ်ဦးကိုရွေးချယ်သွားဦးမှာဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိမက်ဆီဟာပြီးခဲ့တဲ့ရာသီတုန်းကဘာစီလိုနာနှင့်အတူဆုဖလားမဆွတ်ခူးနိုင်ခဲ့ပေမယ့်ကလပ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

FIFA 21 XI တြင္ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရတဲ့ လီယြန္နယ္မက္ဆီ

ဘာစီလိုနာစူပါစတားလီယြန္နယ္မက္ဆီဟာ FIFA Team of the Year ရဲ႕ XI တြင္ ေ႐ြးခ်ယ္ျခင္းမခံရၿပီးေနာက္ Ultimate Team ကိုစတင္တဲ့၂၀၀၉ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္ပါဝင္ခြင့္မရခဲ့ပါဘူး။

EA Sports ဟာေနာက္ဆုံးထြက္ FIFA 21 ရဲ႕အေကာင္းဆုံးအသင္းကိုႏိုင္ငံေပါင္း၁၈၅ႏိုင္ငံမွပရိသတ္၁၀သန္းေက်ာ္ တို႔ရဲ႕မဲအဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီဟာ၂၀၀၉ခုႏွစ္ကတည္းကအေကာင္းဆုံးအသင္းတြင္ႏွစ္စဥ္ေ႐ြးခ်ယ္ျခင္းခံလာခဲ့ရသူျဖစ္ၿပီးယခုႏွစ္တြင္မူ ပီအက္စ္ဂ်ီစတားအမ္ဘက္ပီကိုေနရာဖယ္ေပးလိုက္ရပါတယ္။

FIFA 21 အေကာင္းဆုံးအသင္းတြင္ဂိုး-န်ဴအာ။ေနာက္တန္း-ဒါးဗီးစ္၊ရာမို႔စ္၊ဗန္ဒိုက္၊အလက္ဇႏၵားအာႏိုး။ကြင္းလယ္- ဖာနန္ဒက္စ္၊ဒီဘ႐ိုင္း၊ကမ္မစ္ခ်္။ေရွ႕တန္း-ေရာ္နယ္ဒို၊လီဝန္ေဒါ့စကီး၊အမ္ဘက္ပီတို႔ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဒါေပမယ့္မက္ဆီအေနျဖင့္ FIFA 21 အေကာင္းဆုံးအသင္းမွာေ႐ြးခ်ယ္ခံရႏိုင္တဲ့အခြင့္အေရးတစ္ခုက်န္ရွိေနပါေသး တယ္။ EA Sports ဟာ လာမယ့္အပတ္မွာ 12th Man အျဖစ္တစ္ေနာက္တစ္ဦးကိုေ႐ြးခ်ယ္သြားဦးမွာျဖစ္ပါတယ္။

အသက္၃၃ႏွစ္ရွိမက္ဆီဟာၿပီးခဲ့တဲ့ရာသီတုန္းကဘာစီလိုနာႏွင့္အတူဆုဖလားမဆြတ္ခူးႏိုင္ခဲ့ေပမယ့္ကလပ္ရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ႏိုင္ခဲ့သူျဖစ္ပါတယ္။