FIFA 22 မှ ဖယ်ရှားခြင်းခံရဖို့ ရှိနေတဲ့ ဒီယေဂိုမာရာဒိုနာ

အာဂျင်တီးနားတရားရုံးတစ်ခုရဲ့ဆုံးဖြတ်ချက်ကြောင့်ဒီယေဂိုမာရာဒိုနာကို FIFA 22 Ultimate Team မှဖယ်ရှားခံရဖို့ရှိနေပါတယ်။

ဘောလုံးဂန္ထဝင်ကစားသမားကြီးဟာပြီးခဲ့တဲ့နှစ်တုန်းကအသက်၆၀နှစ်အရွယ်တွင်ကွယ်လွန်သွားရှာခဲ့သူဖြစ်ပါတယ်။သူဟာ EA Sports ရဲ့ FIFA 22တွင်ပါဝင်ပါတယ်။

သူဟာ FIFA 22 တွင်ကွဲပြားတဲ့ပုံစံသုံးမျိုးဖြင့်ပါဝင်နေပေမယ့်လည်းမူပိုင်ခွင့်ပြဿနာကြောင့်ဖယ်ရှားခံလာရဖို့ရှိနေပြီဖြစ်ပါတယ်။

ရှေ့နေမားသီးယပ်စ်မော်လာရဲ့Sattvica ကမာရာဒိုနာမူပိုင်ခွင့်မှာသူတို့နှင့်သာသက်ဆိုင်ကြောင်းတရားရုံးတွင်လျှောက်ထားလာမှုကိုတရားရုံးကလည်းလက်ခံမှုပြုလုပ်ခဲ့ပါတယ်။

EA Sports ဟာမာရာဒိုနာရဲ့မန်နေဂျာဟောင်းစတီဖာနိုစီချီနှင့်သဘောတူညီမှုရယူထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါတရားရုံးကစီချီတွင်အခွင့်အာဏာမရှိကြောင်းဆုံးဖြတ်လာမှုနဲ့အတူ FIFA 22 မှမာရာဒိုနာကိုဖယ်ရှားရဖို့ရှိနေပြီဖြစ်ပါတယ်။

ZawGyi






