Fifa Best Awards 2022 ဆုအတွက် ဆန်ကာတင်စာရင်းတွင် မက်ဆီပါဝင်လာပြီး ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်

ဖီဖာဟာFifa Best Awards 2022 အတွက်ဆန်ကာတင်ကစားသမား၁၄ဦးထုတ်ပြန်လာခဲ့ရာကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီထိပ်ဆုံးမှပါဝင်လာခဲ့ပါတယ်။

Fifa Best Awards 2022 ဆုအတွက်ဆန်ကာတင်စာရင်းတွင်ပီအက်စ်ဂျီအသင်းမှကစားသမား၄ဦးအထိပါဝင်ပြီးအများဆုံးပါဝင်တဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီအသင်းမှလီယွန်နယ်မက်ဆီ၊ကိုင်လီယန်ဘက်ပေး၊နေမာနှင့်ဟာကီမီတို့ပါဝင်လာပါတယ်။ဒါ့အပြင်ချန်ပီယံလိဂ်ချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းမှကာရမ်ဘန်ဇီးမား၊လူကာမိုဒရစ်နှင့်ဗီနီရှပ်စ်ဂျူနီယာတို့ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်အာဂျင်တီးနားအသင်းကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်၇ဂိုးသွင်းယူပေးပြီးGolden Ball ဆွတ်ခူးခဲ့တဲ့လီယွန်နယ်မက်ဆီက Fifa Best Awards 2022ကိုဆွတ်ခူးရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

Fifa Best Awards 2022 ဆုအတွက်ဆန်ကာတင်စာရင်းကစားသမား၁၄ဦးစာရင်းမှာပါဝင်ကြသူများမှာဂျူလီယန်အယ်ဗာရက်ဇ်(အာဂျင်တီးနား/မန်စီးတီး)၊ဂျူ့ဘယ်လင်ဂမ်(အင်္ဂလန်/ဒေါ့မွန်)၊ကာရမ်ဘန်ဇီးမား(ပြင်သစ်/ရီးရဲလ်မက်ဒရစ်)၊ကီဗင်ဒီဘရိုင်း(ဘယ်လ်ဂျီယံ/မန်စီးတီး)၊အာလင်းဟာလန်း(နော်ဝေ/မန်စီးတီး)၊ဟာကီမီ(မော်ရိုကို/ပီအက်စ်ဂျီ)၊ရောဘတ်လီဝန်ဒေါ့စကီး(ပိုလန်/ဘာစီလိုနာ)၊ဆာဒေယိုမာနေး(ဆီနီဂေါ/ဘိုင်ယန်မြူးနစ်)၊ကိုင်လီယန်ဘက်ပေး(ပြင်သစ်/ပီအက်စ်ဂျီ)၊လီယွန်နယ်မက်ဆီ(အာဂျင်တီးနား/ပီအက်စ်ဂျီ)၊လူကာမိုဒရစ်(ခရိုအေးရှား/ရီးရဲလ်မက်ဒရစ်)၊နေမာ(ဘရာဇီး/ပီအက်စ်ဂျီ)၊မိုဟာမက်ဆာလက်(အီဂျစ်/လီဗာပူး)၊ဗီနီရှပ်စ်ဂျူနီယာ(ဘရာဇီး/ပီအက်စ်ဂျီ)တို့ဖြစ်ကြပါတယ်။

ဒါ့အပြင်ဖီဖာဟာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်နည်းပြ၅ဦးကိုလည်းကြေညာခဲ့ရာအန်ဆယ်လော့တီ(ရီးရဲလ်မက်ဒရစ်)၊ဂွါဒီယိုလာ(မန်စီးတီး)၊ဒီဒီယာဒက်ချမ့်(ပြင်သစ်)၊စကာလိုနီ(အာဂျင်တီးနား)နှင့်ဝါလက်ရီဂရူဂါ(မော်ရိုကို)တို့ပါဝင်ခဲ့ကြပါတယ်။

ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုအတွက်ဆန်ကာတင်၅ဦးစာရင်းတွင်အီမီလီယာနိုမာတီနက်ဇ်(အာဂျင်တီးနား/ဗီလာ)၊အီဒါဆင်(ဘရာဇီး/မန်စီးတီး)၊သီဘောက်ကော့တွိုက်စ်(ဘယ်လ်ဂျီယံ/ရီးရဲလ်မက်ဒရစ်)၊အလစ်ဆင်(ဘရာဇီး/လီဗာပူး)၊ယာဆိန်းဘိုနို(မော်ရိုကို/ဆီဗီလာ)တို့ပါဝင်ခဲ့ကြပါတယ်။

ဖီဖာဟာ Fifa Best Awards 2022 ဆုအတွက်မဲပေးမှုကိုဖေဖော်ဝါရီလ၃ရက်နေ့တွင်ပိတ်သွားမှာဖြစ်ပြီးဖေဖော်ဝါရီလ၂၇ရက်နေ့တွင်ချီးမြှင့်သွားပါမယ်။

ဖီဖာဟာယင်းဆုပေးပွဲတွင်အကောင်းဆုံးဂိုးဆု(Puskas Award)ကိုလည်းချီးမြှင့်သွားမှာဖြစ်ပြီးမာရီယိုဘာလော့တယ်လီ၊အေမန်ဒိန်းဟင်နရီ၊သီယိုဟာနန်ဒက်ဇ်၊အလူခရူးလ်၊ကိုင်လီယန်ဘက်ပေး၊ဖရန်ဆစ္စကိုဂွန်ဇာလက်ဇ်မီတဲလ်လီ၊မာစန်အိုလက်စကီး၊ဆယ်မာပါရယ်လူလို၊ရီချာလီဆင်၊အလက်စီယာရူဆို၊ဒီမီထရီပါယက်တို့ရဲ့ဂိုးများပါဝင်ခဲ့ပါတယ်။ယင်းဆုကိုမူပရိသတ်မဲဖြင့်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ZawGyi

Fifa Best Awards 2022 ဆုအတြက္ ဆန္ကာတင္စာရင္းတြင္ မက္ဆီပါဝင္လာၿပီး ခရစၥတီယာႏိုေရာ္နယ္ဒို မပါဝင္

ဖီဖာဟာFifa Best Awards 2022 အတြက္ဆန္ကာတင္ကစားသမား၁၄ဦးထုတ္ျပန္လာခဲ့ရာကမာၻ႔ဖလားခ်န္ပီယံအာဂ်င္တီးနားအသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီထိပ္ဆုံးမွပါဝင္လာခဲ့ပါတယ္။

Fifa Best Awards 2022 ဆုအတြက္ဆန္ကာတင္စာရင္းတြင္ပီအက္စ္ဂ်ီအသင္းမွကစားသမား၄ဦးအထိပါဝင္ၿပီးအမ်ားဆုံးပါဝင္တဲ့အသင္းအျဖစ္ရပ္တည္ေနပါတယ္။

ပီအက္စ္ဂ်ီအသင္းမွလီယြန္နယ္မက္ဆီ၊ကိုင္လီယန္ဘက္ေပး၊ေနမာႏွင့္ဟာကီမီတို႔ပါဝင္လာပါတယ္။ဒါ့အျပင္ခ်န္ပီယံလိဂ္ခ်န္ပီယံရီးရဲလ္မက္ဒရစ္အသင္းမွကာရမ္ဘန္ဇီးမား၊လူကာမိုဒရစ္ႏွင့္ဗီနီရွပ္စ္ဂ်ဴနီယာတို႔ပါဝင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္အာဂ်င္တီးနားအသင္းကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္၇ဂိုးသြင္းယူေပးၿပီးGolden Ball ဆြတ္ခူးခဲ့တဲ့လီယြန္နယ္မက္ဆီက Fifa Best Awards 2022ကိုဆြတ္ခူးရန္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

Fifa Best Awards 2022 ဆုအတြက္ဆန္ကာတင္စာရင္းကစားသမား၁၄ဦးစာရင္းမွာပါဝင္ၾကသူမ်ားမွာဂ်ဴလီယန္အယ္ဗာရက္ဇ္(အာဂ်င္တီးနား/မန္စီးတီး)၊ဂ်ဴ႕ဘယ္လင္ဂမ္(အဂၤလန္/ေဒါ့မြန္)၊ကာရမ္ဘန္ဇီးမား(ျပင္သစ္/ရီးရဲလ္မက္ဒရစ္)၊ကီဗင္ဒီဘ႐ိုင္း(ဘယ္လ္ဂ်ီယံ/မန္စီးတီး)၊အာလင္းဟာလန္း(ေနာ္ေဝ/မန္စီးတီး)၊ဟာကီမီ(ေမာ္႐ိုကို/ပီအက္စ္ဂ်ီ)၊ေရာဘတ္လီဝန္ေဒါ့စကီး(ပိုလန္/ဘာစီလိုနာ)၊ဆာေဒယိုမာေနး(ဆီနီေဂါ/ဘိုင္ယန္ျမဴးနစ္)၊ကိုင္လီယန္ဘက္ေပး(ျပင္သစ္/ပီအက္စ္ဂ်ီ)၊လီယြန္နယ္မက္ဆီ(အာဂ်င္တီးနား/ပီအက္စ္ဂ်ီ)၊လူကာမိုဒရစ္(ခ႐ိုေအးရွား/ရီးရဲလ္မက္ဒရစ္)၊ေနမာ(ဘရာဇီး/ပီအက္စ္ဂ်ီ)၊မိုဟာမက္ဆာလက္(အီဂ်စ္/လီဗာပူး)၊ဗီနီရွပ္စ္ဂ်ဴနီယာ(ဘရာဇီး/ပီအက္စ္ဂ်ီ)တို႔ျဖစ္ၾကပါတယ္။

ဒါ့အျပင္ဖီဖာဟာတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအတြက္ဆန္ကာတင္နည္းျပ၅ဦးကိုလည္းေၾကညာခဲ့ရာအန္ဆယ္ေလာ့တီ(ရီးရဲလ္မက္ဒရစ္)၊ဂြါဒီယိုလာ(မန္စီးတီး)၊ဒီဒီယာဒက္ခ်မ့္(ျပင္သစ္)၊စကာလိုနီ(အာဂ်င္တီးနား)ႏွင့္ဝါလက္ရီဂ႐ူဂါ(ေမာ္႐ိုကို)တို႔ပါဝင္ခဲ့ၾကပါတယ္။

ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆုအတြက္ဆန္ကာတင္၅ဦးစာရင္းတြင္အီမီလီယာႏိုမာတီနက္ဇ္(အာဂ်င္တီးနား/ဗီလာ)၊အီဒါဆင္(ဘရာဇီး/မန္စီးတီး)၊သီေဘာက္ေကာ့တြိဳက္စ္(ဘယ္လ္ဂ်ီယံ/ရီးရဲလ္မက္ဒရစ္)၊အလစ္ဆင္(ဘရာဇီး/လီဗာပူး)၊ယာဆိန္းဘိုႏို(ေမာ္႐ိုကို/ဆီဗီလာ)တို႔ပါဝင္ခဲ့ၾကပါတယ္။

ဖီဖာဟာ Fifa Best Awards 2022 ဆုအတြက္မဲေပးမႈကိုေဖေဖာ္ဝါရီလ၃ရက္ေန႔တြင္ပိတ္သြားမွာျဖစ္ၿပီးေဖေဖာ္ဝါရီလ၂၇ရက္ေန႔တြင္ခ်ီးျမႇင့္သြားပါမယ္။

ဖီဖာဟာယင္းဆုေပးပြဲတြင္အေကာင္းဆုံးဂိုးဆု(Puskas Award)ကိုလည္းခ်ီးျမႇင့္သြားမွာျဖစ္ၿပီးမာရီယိုဘာေလာ့တယ္လီ၊ေအမန္ဒိန္းဟင္နရီ၊သီယိုဟာနန္ဒက္ဇ္၊အလူခ႐ူးလ္၊ကိုင္လီယန္ဘက္ေပး၊ဖရန္ဆစၥကိုဂြန္ဇာလက္ဇ္မီတဲလ္လီ၊မာစန္အိုလက္စကီး၊ဆယ္မာပါရယ္လူလို၊ရီခ်ာလီဆင္၊အလက္စီယာ႐ူဆို၊ဒီမီထရီပါယက္တို႔ရဲ႕ဂိုးမ်ားပါဝင္ခဲ့ပါတယ္။ယင္းဆုကိုမူပရိသတ္မဲျဖင့္ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။