
ဘောလုံးပရိသတ်များဟာဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းထွက်ပေါ်လာပြီးနောက် အကြီးအကျယ်အံ့ဩသင့်လျက်ရှိကြပါတယ်။
အာဂျင်တီးနားကို၁၉၈၆ခုနှစ်နောက်ပိုင်းပထမဆုံးကမ္ဘာ့ဖလားရရှိအောင်ဦးဆောင်ခဲ့တဲ့လီယွန်နယ်စကာလိုနီဟာနည်းပြဘဝတစ်လျှောက်ပထမဆုံးအ ကြိမ်အဖြစ်ဖီဖာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာခဲ့ပါတယ်။
ဖီဖာရဲ့ဆန်ကာတင်သုံးဦးထဲတွင်ပါဝင်လာတဲ့နောက်တစ်ဦးကတော့ရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်ဖလားရရှိအောင်ဦးဆောင်ခဲ့တဲ့အသက်၆၃နှစ်ရှိကာလိုအန်ဆယ်လော့တီဖြစ်ပါတယ်။ကာလိုအန်ဆယ်လော့တီဟာပီအက်စ်ဂျီ၊ချဲလ်ဆီး၊မန်စီးတီးနှင့်လီဗာပူးတို့ကိုကျော်ဖြတ်ကာရီးရဲလ်မက်ဒရစ်အားချန် ပီယံလိဂ်ချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ပရိသတ်များဟာဖီဖာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းတွင်မန်စီးတီးနည်းပြဂွါဒီယိုလာပါဝင်လာမှုအပေါ်အံ့ဩသင့်နေကြပါတယ်။
ပရိသတ်များဟာမန်စီးတီးအသင်းမှာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်စွဲချက်တင်ခြင်းခံထားရတဲ့အခြေအနေမျိုးတွင်စပိန်လူမျိုးနည်းပြကိုဆန်ကာတင်စာရင်းတွင်ထည့်သွင်းလာမှုအပေါ်စိတ်ပျက်နေကြတာလည်းဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “အခုလိုအခြေအနေမျိုးမှာတော့ဂွါဒီယိုလာကဆန်ကာတင်စာရင်းမှာပါဝင်သေးတာလား”လို့ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “ဘာလို့ဂွါဒီယိုလာပါလာတာလဲ။ဘာလို့ဝါလစ်ရီဂရူဂီ(မော်ရိုကိုနည်းပြ)မပါတာလဲ။စတီဖာနိုပီအိုလီ(မီလန်နည်းပြ)ကော”လို့ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာမန်စီးတီးအသင်းမှာအမှတ်လျှော့ချခြင်း၊တန်းချခြင်း၊ဖလားလွဲပြောင်းပေးရခြင်းတို့ကြုံရပြီးနောက်နည်းပြရာထူးမှနုတ်ထွက်မယ်လို့လည်းသတင်းထွက်နေပါတယ်။
ZawGyi
ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအတြက္ ေနာက္ဆုံးဆန္ကာတင္စာရင္းထြက္ေပၚလာၿပီးေနာက္ ပရိသတ္မ်ား အံ့ဩေန
ေဘာလုံးပရိသတ္မ်ားဟာဖီဖာတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအတြက္ဆန္ကာတင္စာရင္းထြက္ေပၚလာၿပီးေနာက္ အႀကီးအက်ယ္အံ့ဩသင့္လ်က္ရွိၾကပါတယ္။
အာဂ်င္တီးနားကို၁၉၈၆ခုႏွစ္ေနာက္ပိုင္းပထမဆုံးကမာၻ႔ဖလားရရွိေအာင္ဦးေဆာင္ခဲ့တဲ့လီယြန္နယ္စကာလိုနီဟာနည္းျပဘဝတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္ဖီဖာအေကာင္းဆုံးနည္းျပဆုအတြက္ဆန္ကာတင္စာရင္းမွာပါဝင္လာခဲ့ပါတယ္။
ဖီဖာရဲ႕ဆန္ကာတင္သုံးဦးထဲတြင္ပါဝင္လာတဲ့ေနာက္တစ္ဦးကေတာ့ရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ဖလားရရွိေအာင္ဦးေဆာင္ခဲ့တဲ့အသက္၆၃ႏွစ္ရွိကာလိုအန္ဆယ္ေလာ့တီျဖစ္ပါတယ္။ကာလိုအန္ဆယ္ေလာ့တီဟာပီအက္စ္ဂ်ီ၊ခ်ဲလ္ဆီး၊မန္စီးတီးႏွင့္လီဗာပူးတို႔ကိုေက်ာ္ျဖတ္ကာရီးရဲလ္မက္ဒရစ္အားခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ပရိသတ္မ်ားဟာဖီဖာအေကာင္းဆုံးနည္းျပဆုအတြက္ဆန္ကာတင္စာရင္းတြင္မန္စီးတီးနည္းျပဂြါဒီယိုလာပါဝင္လာမႈအေပၚအံ့ဩသင့္ေနၾကပါတယ္။
ပရိသတ္မ်ားဟာမန္စီးတီးအသင္းမွာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္စြဲခ်က္တင္ျခင္းခံထားရတဲ့အေျခအေနမ်ိဳးတြင္စပိန္လူမ်ိဳးနည္းျပကိုဆန္ကာတင္စာရင္းတြင္ထည့္သြင္းလာမႈအေပၚစိတ္ပ်က္ေနၾကတာလည္းျဖစ္ပါတယ္။
ပရိသတ္တစ္ဦးက “အခုလိုအေျခအေနမ်ိဳးမွာေတာ့ဂြါဒီယိုလာကဆန္ကာတင္စာရင္းမွာပါဝင္ေသးတာလား”လို႔ေျပာၾကားသြားပါတယ္။
အျခားတစ္ဦးကလည္း “ဘာလို႔ဂြါဒီယိုလာပါလာတာလဲ။ဘာလို႔ဝါလစ္ရီဂ႐ူဂီ(ေမာ္႐ိုကိုနည္းျပ)မပါတာလဲ။စတီဖာႏိုပီအိုလီ(မီလန္နည္းျပ)ေကာ”လို႔ေျပာၾကားသြားပါတယ္။
ဂြါဒီယိုလာဟာမန္စီးတီးအသင္းမွာအမွတ္ေလွ်ာ့ခ်ျခင္း၊တန္းခ်ျခင္း၊ဖလားလြဲေျပာင္းေပးရျခင္းတို႔ႀကဳံရၿပီးေနာက္နည္းျပရာထူးမွႏုတ္ထြက္မယ္လို႔လည္းသတင္းထြက္ေနပါတယ္။